မိန်းကလေးတိုင်း သိထားသင့်တဲ့ ရင်သားနာကျင်မှု ဝေဒနာအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များ

ကျွန်မတို့မိန်းကလေးတိုင်း လစဉ်ရာသီလာခါနီးတဲ့ အချိန်တိုင်း ရင်သားတွေတင်းပြီး နာကျင်တာကို ခံစားဖူးကြမှာပါ။ ကျွန်မတို့ မိန်းကလေးတိုင် ရှောင်လွှဲလို့မရတဲ့ ဓမ္မတာပါ။ ရှောင်လွှဲလို့မရပေမဲ့ သက်သာအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေတော့ရှိပါတယ်။ သင်က မိန်းကလေးဖြစ်နေတာကြောင့် ရှောင်ရန်၊ ဆောင်ရန် နည်းတွေကို စိတ်ဝင်စားမယ်ထင်ပါတယ်။ အမြဲတမ်းရှောင်ဖို့၊ ဆောင်နေဖို့ မလိုပါဘူး။ သင့်ရဲ့ ရာသီလာခါနီး ရက်တွေကိုတော့ သိထားရမှာပါ။ အဲ့ဒီရက်မရောက်ခင် တစ်ပတ်လောက်ကြိုပြီး ရှောင်သင့်တာရှောင်ပြီး စားသင့်တာစားထား၊သောက်ထားဖို့လိုပါတယ်။ ငွေကုန်ကြေးကျမများစေပဲ မိန်းကလေးတွေရဲ့ ခံစားရတဲ့ ဝေဒနာကို ပျောက်ကင်းစေမှာပါ။ ဘာကြောင့် ရင်သားနာကျင်ရသလဲ မိန်းကလေးတွေမှာ ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြား ဟော်မုန်းမညီမျှပဲ ပြောင်းလဲမှုတွေရှိပါတယ်။ ရာသီလာခါနီးအချိန် မိန်းကလေးအများစုဟာ ရင်သားတွေ နာကျင်တတ်ပါတယ်။ ဒါတင်မကပဲ မျက်နှာမှာ ဝက်ခြံတွေ ထွက်တယ်။ခြေလက်တွေ ညောင်းတယ်၊ ဆီးစပ်တွေ တစ်လျှောက် နာကျင်ကိုက်ခဲတာ… Continue reading မိန်းကလေးတိုင်း သိထားသင့်တဲ့ ရင်သားနာကျင်မှု ဝေဒနာအတွက် ရှောင်ရန်၊ ဆောင်ရန် အချက်များ

မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ ကျွန်မတို့ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ မိန်းကလေးတိုင်းရဲ့ အလှတရားကို ထင်ရှားပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါပဲ။ သူငယ်ချင်းရဲ့ ကောက်ကြောင်းလေး အထင်းသားပေါ်လွင်စေဖို့ ရင်သားကလည်းပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို စိတ်ပူနေပါသလား သူငယ်ချင်း? အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက်တစ်သျူးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာဖတ်သူ သူငယ်ချင်းရဲ့ ရင်သားတွေဟာ တစ်သျူးတွေ လျော့ရဲလာတဲ့အခါ၊ တစ်သျူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်းလာတဲ့ အခါမျိုးတွေမှာ တွဲကျလာတတ်ပါတယ်။ မိန်းကလေးအများစုက ရင်သားတွဲကျလာတာကို မလိုလားကြသလို သူငယ်ချင်းရဲ့ boyfriend or partner ကလည်း နှစ်သက်မှာမဟုတ်ပါဘူး။ ရင်သားတွဲကျလာတာကို နို့သီးခေါင်းရဲ့ အနေအထား အပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန်အနေအထားထက်အနည်းငယ်… Continue reading မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

တစ်ချို့က ပျိုဖော်ဝင်စ မိန်းကလေးတွေဟာ ရင်သားတစ်စုံအနက် တစ်ဖက်ကတစ်ဖက်ထက် အရွယ်အစားပိုကြီးနေတာကြောင့် စိုးရိမ်စိတ်ဝင်နေတတ်ကြပါတယ်။ နှစ်ဖက်ပါရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေဟာ လုံးဝကြီး ထပ်တူညီလေ့မရှိကြပါဘူး။ အသေအချာတိုင်းကြည့်ပါက အနည်းငယ်ကွာဟနေတာကို တွေ့ရမှာပါ။ ဒါဟာ လူတိုင်းမှာ ဖြစ်တာကြောင့် မစိုးရိမ်ပါနဲ့။ အထူးသဖြင့် ပျိုဖော်ဝင်စအရွယ် ကြီးထွားမှုမြင့်မားတဲ့ကာလမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ဖက်က အခြားတစ်ဖက်ထက် ကြီးထွားမှုပိုမြန်ဆန်တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အရွယ်မညီဖြစ်နေတတ်ပါတယ်။  မိန်းကလေးတွေပျိုဖော်ဝင်ကာစအရွယ် ကနဦး လက္ခဏာရပ်က ရင်သားဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ မိန်းမဟော်မုန်းများများထွက်ရှိလာတာနဲ့အမျှ ရင်သားတွေကလည်း ကြီးထွားမှု အဆင့်ငါးအရ ဖွံ့ဖြိုးကြီးထွားလာကြပါတယ်။ အဲဒီလို ဖွံ့ဖြိုးလာတဲ့အခါမှာ တစ်ဖက်က အခြားတစ်ဖက်ထက်စောပြီး (တစ်ခါတစ်လေ ခြောက်လလောက်တောင် အချိန်ကွာဟပါတယ်) ဖွံ့ဖြိုးလာခြင်းက ရှားတဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။ နှစ်ဖက်အရွယ်မညီခြင်းက ရင်သားဖွံ့ဖြိုးလာတာနဲ့အမျှ အရွယ်မညီခြင်း လျော့သွားမှာပါ။ ရင်သားဟာ အသက် ၁၇-၁၈လောက်မှာ… Continue reading ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

သြစတြေးလျနိုင်ငံမှ ပညာရှင်များ၏ လေ့လာချက်အသစ်တစ်ရပ်အရ ရင်သားကင်ဆာရှိသော အမျိုးသမီးများတွင် လိင်မှုဆိုင်ရာပြဿနာများနှင့် ပို၍ကြုံတွေ့ရကြောင်း တွေ့ရှိရသည်ဟု မှတ်ချက်ချခဲ့သည်။ မဲလ်ဘုန်းမြို့၊ မိုနာတက္ကသိုလ် အမျိုးသမီးကျန်းမာရေးစီမံကိန်းဌာနမှ ပါမောက္ခများ ဖြစ်ကြသော ဆူဆန်ဒေးဗစ်နှင့် ရော်ဘင်ဘဲလ်တို့သည် ရင်သားကင်ဆာဖြစ်ပွားပြီး အသက်မသေသူ အမျိုးသမီးပေါင်း ၁ရဝဝကို သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် အမျိုးသမီး ၈၃ရာခိုင်နှုန်းသည် ၄င်းတို့၌ ရင်သားကင်ဆာဖြစ်ပွားကြောင်း မသိရှိရသေးခင်က လိင်ကိစ္စ၌ အဆင်ပြေခဲ့သည်ဟု ဆိုသည်။ ရင်သားကင်ဆာဖြစ်ပွားကြောင်း သိရှိရပြီးနောက် ၂နှစ်အတွင်း အမျိုးသမီး ရဝရာခိုင်နှုန်းသည် လိင်မှုကိစ္စနှင့် ပတ်သက်သော ပြဿနာများ ပေါ်ပေါက်ခဲ့သည်ဟု ဆိ်ုပါတယ်။ အမျိုးသမီးများတွင် ဟော်မုန်းက လှုံ့ဆော်ပေးနိုင်သော ရင်သားကင်ဆာရှိကြောင်း တွေ့ရှိရပြီး အီစထရိုဂျင်ဟော်မုန်းလျော့နည်းအောင် ကုသချက်ပေးခဲ့ရသောကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေဖြင့် လိင်မှုဆိုင်ရာ ပြဿနာများရဲ့အစဟာ ကင်ဆာရောဂါကုသမှု၏ ဘေးထွက်ဆိုးကျိုးများ… Continue reading ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

ကလေးအမေများ အတွက် Smart Breast

CES 2017 နည်းပညာပြပွဲမှာကတော့ အထူးအဆန်းတွေကြီးပါဘဲ။ Smart Breast ကတော့ ကလေးအမေတွေ အတွက် ဖြစ်ပါတယ်။ ဒီလို ဝတ်ဆင်လို့ရမယ့် Smart Breast နဲ့ နို့ရည်တွေကို စုဆောင်းသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက နို့ရည်ကို စုဆောင်းပေးနိုင်မယ့် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ Smart breast အတွင်းမှာ နို့ရည်ကို စုစည်းပေးမယ့် အိတ်၊ pump နဲ့ ထိန်းချုပ်နိုင်တဲ့ controller ပစ္စည်းသာပါဝင်ပါတယ်။ ဒါ့အပြင် Smart breast ကို mobile app နဲ့ထိန်းချုပ်နိုင်မှာဖြစ်ပြီး နို့ရည်ပမာဏစုဆောင်းရရှိမှုကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေး အမေတွေရဲ့ ဘရာဇီယာ အတွင်းမှာ Smart Breast ကို ဝတ်ဆင်ထားပြီး အလုပ်မပျက်စေဘဲ နို့ရည်စုဆောင်းနိုင်မှာ… Continue reading ကလေးအမေများ အတွက် Smart Breast