သံလွင်တံတား ( ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်ဖြင့် ပြည်သူ့လွှတ်တော် အတည်ပြုလိုက်ပြီ

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ ( ဘီလူးကျွန်း) တို့အား ဆက်သွယ်တည်ဆောက်ထားသည့် တံတား အမည်အား မူလအမည် သံလွင်တံတား (ချောင်းဆုံ) မှ ဗိုလ်ချုပ်အောင်ဆန်း တံတား ဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်မှ မတ်လ ၁၄ ရက်နေ့တွင်  အတည်ပြုလိုက်သည်။ တံတားအမည်ပေးခြင်းကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ရာတွင် ကန့်ကွက်သူ ၃ ဦးနှင့် ထောက်ခံသူ ၁၃ ဦး ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒမဲအရေအတွက် စီစစ်ရာတွင် ထောက်ခံမဲ ၂၁၈ မဲ၊ ကန့်ကွက် ၄၃ မဲ နှင့် ကြားနေ ၁၁၆ မဲ တို့ဖြင့် လွှတ်တော်မှ အတည်ပြုခဲ့သည်။ တံတားအမည်ပေးခြင်း ကိစ္စနှင့်ပတ်သတ်၍ ဆန္ဒပြမှုများ မကြာမှီသေးခင်က ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ ဒေသခံများ၏ သဘောထားမပါဘဲ… Continue reading သံလွင်တံတား ( ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်ဖြင့် ပြည်သူ့လွှတ်တော် အတည်ပြုလိုက်ပြီ