Burkina Faso ရှိ ခရစ်ယာန်ကျောင်းကို အကြမ်းဖက်သမားများဝင်ရောက်တိုက်ခိုက်

ဧပြီလ ၁၂ရက် တနင်္ဂနွေနေ့က အာဖရိကရှိ Burkina Faso မြောက်ပိုင်းက Dablo မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုမှာ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်သမားများဦးရေဟာ ၂၀မှ ၃၀အထိ ရှိကြောင်း သိရှိ ရပါတယ်။ အကြမ်းဖက် သမားများဟာ ဘုရားကျောင်းကို ဝိုင်းထားပြီး အထဲထိ ဝင်ရောက်ပစ်ခေတ်ခဲ့ကာ ကျောင်း နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်အချို့ကိုပါ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရှိရပါတယ်။ အကြမ်းဖက်မှုဟာ ဒေသစံတော်ချိန် 09:00 လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လူ(၆)ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အခင်းဖြစ်ပွားမှုအပြီးမှာ ဆေးရုံတွင် လူနာများဖြင့် ပြည့်နှ က် သွားပြီး အဲဒီနေ့တစ်ရက်လုံးမှာ မည်သူမှ အပြင်မထွက်တော့ပဲ တစ်မြို့လုံးဟာ တိတ်ဆိတ်ငြိမ်သက်သွား ခဲ့တယ်လို့ မြို့ တော်ဝန်… Continue reading Burkina Faso ရှိ ခရစ်ယာန်ကျောင်းကို အကြမ်းဖက်သမားများဝင်ရောက်တိုက်ခိုက်