YBSလိုင်းကားများ ည ၁ဝ နာရီအထိ ပြေးဆွဲမှုမရှိလျှင် ယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်းမည်

 ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ပြေးဆွဲနေသောYBS ယာဉ်လိုင်းကားများအနေဖြင့် ပြည်သူများအဆင်ပြေစေရန် ညပိုင်း ၁ဝ နာရီအထိပြေးဆွဲရန် သတ်မှတ်ထားသော်လည်း ပြေးဆွဲမှုမရှိသည့်ယာဉ်အား စည်းကမ်းချက်နှင့်အညီ ယာဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ ဒါ့အပြင် YBSကားများကို နံနက် ၅ နာရီမှ ည ၁ဝ နာရီအထိ သတ်မှတ်ယာဉ်လိုင်းအတိုင်း အလှည့်ကျမောင်းနှင်ခွင့်ပြုထားပြီး သတ်မှတ်ငွေကြေးထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ ထုတ်ပြန်ထားပြီးဖြစ်သည်။ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ယခင်မထသယာဉ်လိုင်းပေါင်း ၃ဝဝ ကျော် မှ ၆ဝ ကျော်အထိ လျှော့ချကာYBSယာဉ် လိုင်းများအဖြစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။ အစပိုင်း… Continue reading YBSလိုင်းကားများ ည ၁ဝ နာရီအထိ ပြေးဆွဲမှုမရှိလျှင် ယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်းမည်