လက်ယာထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်လာ

ယခု အစိုးရသစ်လက်ထက်တွင် လယ်ယာထုတ်ကုန်တင်ပို့မှု မြင့်တက်လာပြီး ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ပိုမိုတိုးတက်ခဲ့ကြောင်း သိရှိရသည်။ ပို့ကုန်တင်ပို့မှု အပိုင်းတွင် ဈေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းကောင်းများ ရှိနေသော်လည်း တစ်ချိန်တည်းတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း သိရှိရသည်။ ဆန်၊ ဆန်ကွဲ တန်ချိန် တစ်သန်းခွဲ၊ ပြောင်းတန်ချိန် ၁.၁ သန်း၊ ပဲတန်ချိန် ၁.၂ သန်းနှင့် အခြား လယ်ယာထွက်ကုန် ၁.၅ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ လယ်ယာထုတ်ကုန်တင်ပို့မှု မြင့်တက်လာသော်လည်း စက်မှုပို့ကုန်နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့ကျလာမှုကြောင့် ဝင်ငွေရရှိမှုမှာ လျော့ကျလျက်ရှိသည်။ အစိုးရသစ်လက်ထက်တွင် အာဖရိက နိုင်ငံများအပါဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံ၊ အီးယူ နိုင်ငံပေါင်း ၂၈ နိုင်ငံအပြင် အခြားသော နိုင်ငံ ၃၉… Continue reading လက်ယာထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်လာ

Howard Schultz ထံမှရသော ခေါင်းဆောင်မှု သင်ခန်းစာတစ်ခု

Howard Schultz လို့ပြောလိုက်တာနဲ့ စတားဘတ် (Starbucks) ကော်ဖီ ကို ပြေးမြင် မိကြ မှာပါ။  နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ ကင်းကွာပြီးအထီးကျန်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ ယခုအချိန်ထိ စတားဘတ်အမှတ်တံဆိပ် ကို မတွေ့မြင်ရသေးပါဘူး။ နိုင်ငံပြင်ပသို့ မရောက်ဖူးခင် ကာလကတည်းက အစားအသောက်နဲ့ ပတ်သက်ပြီး ရူးသွပ်ခဲ့တဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်နှစ်ခု ရှိပါတယ်။   KFC နဲ့  Starbucks  ပါပဲ။ တောသားမြို့ရောက် အရင်စလို  စတားဘတ်သောက်ပြီး လျှာအပူလောင်ခဲ့ရတာကို  ခုထိ သတိရနေဆဲပါ။ တစ်ချို့စာဖတ်သူတွေ လည်း ခံစားဖူးကြမယ်ထင်ပါတယ်။ စတားဘတ် ကော်ဖီဘာကြောင့် ခုလိုအောင်မြင်လာရတာလဲ။ အကြောင်း ပေါင်းတွေ များစွာထဲက အဓိကကျတဲ့အချက်တစ်ချက်ကိုပြောမယ်ဆိုရင် စီအီးအို Howard Schultz ရဲ့ထူးချွန် တဲ့ ဦးဆောင်မှု ကြောင့်လိုပဲ… Continue reading Howard Schultz ထံမှရသော ခေါင်းဆောင်မှု သင်ခန်းစာတစ်ခု

ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်

ရစ်ချက်ဘရန်ဆန် ဆိုရင် ကမ္ဘာကျော် Virgin သူဋ္ဌေးမှန်း လူတိုင်းနီးပါးလောက်သိကြလိမ့်မယ် ထင်ပါတယ်။ သူဋ္ဌေးတစ်ယောက်နဲ့ မတူဘဲ ရုပ်ရှင်ထဲက လူကြမ်းတစ်ယောက်နဲ့ ပိုတူတဲ့ ဘရန်ဆန်ဟာ အင်္ဂလိပ်လူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် ကမ္ဘာ့ အလှူရှင် အကြီးစားတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ ၂၀၁၆ ခုနှစ်စာရင်းအရ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၅ ဘီလီယံရှိပြီး Virgin အုပ်စုရဲ့အောက်မှာ လုပ်ငန်းပေါင်း ၄၀၀ ရှိပါတယ်။ အသက်ငယ်ငယ်နဲ့ စွန့်ထွင်လုပ်ငန်းရှင်ဖြစ်လာဖို့ စိတ်ထက်သန်ခဲ့သူလည်းဖြစ်ပါတယ်။ ကဲ၊ စာဖတ်သူမိတ်ဆွေများခင်ဗျာ၊ ဒီလိုကမ္ဘာနဲ့ချီပြီးအောင်မြင်နေတဲ့ လူတစ်ယောက်က သူဘာကြောင့် အောင်မြင်လာသလဲဆိုတဲ့ သော့ချက်ကို ပေးလိုက်တာဟာ တကယ့်ကို လက်တွေ့ဆန်တယ်လို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို ပေးလိုက်လို့ပါပဲ။ အောင်မြင်လိုသူတစ်ရဲ့ အကောင်းဆုံးလမ်းပြက အောင်မြင်ပြီးသားဘဝခရီးသွားသာလျင် မဟုတ်ပါလား။ ကဲ၊သူဘာတွေပြောသွားသလဲဆိုတာ ကြည့်ရအောင်ပါ။ ဘရန်ဆန်က အောင်မြင်မှုရဲ့… Continue reading ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်