ကယ်လီဖိုးနီးယားရှိ BridalveilFall ရေတံခွန်တွင် ခြေချော်ပြီး ပြုတ်ကျကာ နိုင်ငံခြားခရီးသွားတစ်ဦးသေဆုံး

ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသားဥယာဉ်အတွင်းရှိ Bridalveil Fall ရေတံခွန်ဟာ ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်တွေ ကြိုက်နှစ်သက်တဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တောင်တက်ရတာကို ဝါသနာပါသူ တွေ လာရောက်လည်ပတ်ကြပါတယ်။ ၎င်းရေတံခွန်တွင် ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ ရေတံခွန်ပေါ်မှ ခြေချောပြီး ပြုတ်ကျတဲ့ လူဟာ (၃)ဦးရှိခဲ့တာဖြစ်ပြီး ရောမနိုင်ငံသားတစ်ဦးကတော့ သေဆုံးသွားခဲ့ရပါတယ်။ အာဏာပိုင်များ၏ပြောပြချက်အရ အသက်၂၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရောမနိုင်ငံသား Lucian Miu ဟာ ဇူလိုင်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် Bridalveil Fall ရေတံခွန်ပေါ်ရှိ ရေစိုနေသော ကျောက်တုံးများကိုနင်းရာမှ ခြေချောကာ ပေ၂၀ အမြင့်မှ ပြုတ်ကျပြီး သေဆုံးသွားခဲ့ရတယ်လို့ သိရှိရပါတယ်။ ဇူလိုင်လ (၂၉)ရက်တနင်္လာနေ့တွင် တောင်တက်သမား တစ်ဦးဟာ ရေတံခွန်အောက်ခြေရှိ ရေကန်လေးဆီသို့သွားရန် ကြိုးစားရင်း ခြေချော်ပြီးပြုတ်ကျသွားခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို… Continue reading ကယ်လီဖိုးနီးယားရှိ BridalveilFall ရေတံခွန်တွင် ခြေချော်ပြီး ပြုတ်ကျကာ နိုင်ငံခြားခရီးသွားတစ်ဦးသေဆုံး