ကမ္ဘောဒီးယားရှိ Angkor Wat ဘုရားကျောင်းတွင် ၂၀၂၀ခုနှစ်မှစ၍ ဆင်စီးပြီးသွားလာခွင့်ကို ရပ်ဆိုင်းတော့မည်

ကမ္ဘောဒီးယားရဲ့ နာမည်ကြီးတဲ့ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းကြီးဖြစ်တဲ့AngkorWat ဘုရားကျောင်းဟာ နိုင်ငံခြား ခရီးသွားတွေအလွန်နှစ်သက်သဘောကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ခရီးသွားဧည့်သည်များဟာAngkorWat ဘုရား ကျောင်းကြီးကို လှည့်လည်သွားလာဖို့အတွက် ဆင်စီးပြီးသွားလေ့ရှိကြပါတယ်။ သို့သော် ၂၀၂၀ခုနှစ်ကစလို့ ဆင်စီး ပြီးသွားလာခွင့် ရတော့မှာမဟုတ်ပါဘူး။ Angkor Wat ရှိ ဆင်များထိန်းသိမ်းရေးအဖွဲ့က ၂၀၂၀ခုနှစ်မှစပြီး ခရီး သွားတွေအားလုံး Angkor Wat ထဲရှိဆင်များနှင့် လည်ပတ်ခြင်းကို ရပ်နားတော့မှာဖြစ်ကြောင်း ကြေငြာချက် ထုတ် လိုက်ပြီးဖြစ်ပါတယ်။ Angkor Wat ဘုရားကျောင်းရှိ ဆင်များထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ၏ပြောပြချက်အရ Angkor Wat ကို နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း ၂.၅သန်း လောက်လာရောက်လည်ပတ်နေကြတာဖြစ်ပြီး အများစုကဆင်များကို စီးပြီး လည်ပတ်ကြပါတယ်။ ထို့ကြောင့် ဆင်များဟာ နားချိန်မရပဲ နေတိုင်းခရီးသည်တွေကို သယ်ယူပို့ဆောင်မှုတွေ ပြုလုပ် ပေးနေရတဲ့အတွက် ဆင်များ၏ကျန်းမာရေးထိခိုက်လာပြီး နာမကျန်းဖြစ်ကာ… Continue reading ကမ္ဘောဒီးယားရှိ Angkor Wat ဘုရားကျောင်းတွင် ၂၀၂၀ခုနှစ်မှစ၍ ဆင်စီးပြီးသွားလာခွင့်ကို ရပ်ဆိုင်းတော့မည်