Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ

Selfie ရိုက်ကြရင် လှပတဲ့ ပုံလေးတွေဖြစ်ချင်တာ လူတိုင်းရဲ့ ပြင်းပြတ့ စိတ်ဆန္ဒတခုပါ။ အဲ့လိုလှပတဲ့ ဓာတ်ပုံလေးတွေရဖို့ အတွက်လဲ ကောင်းမွန်တဲ့ selfie appလေးတွေက ဖုန်းတိုင်းရဲ့မပါမဖြစ် မရှိမဖြစ်တ့ ဲappလေးတွေ ဖြစ်လာပါတော့တယ်။ သူတို့လေးတွေက တနည်းအားဖြင့် ကိုယ့်ဖုန်းထဲက မိတ်ကပ်ပညာရှင်လေးဆိုလဲ မမှားပါဘူး။ အချိန်လဲ အများပြား မသုံးရဘဲ လိုရင်လိုသလို စိတ်တိုင်းကျ ဖြစ်စေမယ့် အရာလေးတခုဆိုလဲ မမှားပါဘူး။ ရှိပီသားရုပ်ခံကို သူတို့လေးတွေနဲ့ လုပ်ကြံလိုက်ရင် တဖက်သား ပိုမိုစွဲဆောင်နိုင်တဲ့ မော်ဒယ်တျောက်အလား ဖြစ်သွားပါလိမ့်မယ်။ Selfie appတိုင်း သုံးကောင်းလား မေးစရာ ရှိလာပါပြီ။ app တိုင်းသုံးလို့ စိတ်တိုင်းမကျနိုင် ပါဘူး။ လူအများသိနိုင်တဲ့selfie appတွေ ဥပမာ B612, Camera 360, Retrica လိုမျိုး appတွေကိုတော့… Continue reading Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ

ကမ္ဘာ့ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာပါဝင်ပြီး စိန်စီထားတဲ့ စမတ်ဖုန်း

စိန်ရွှေရတနာတွေ ပါဝင်တဲ့ ဇိမ်ခံစမတ်ဖုန်းအမျိုးအစား အများကြီးရှိပေမယ့် ယခုဖော်ပြမယ့် ဖုန်းကတော့ တစ်ချိန်ထဲမှာ ၃၆၀ ဒီဂရီလှည့်ပတ်ပြီး ဗီဒီယိုကင်မရာရိုက်နိုင်တာကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ ပြောရတာပါ။ Protruly Darling အမည်ရတဲ့ စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး VR Camera ပါတဲ့ ဖုန်းအဖြစ် မှတ်တမ်းတင်ရမှာပါ။ ဖုန်းရဲ့ ဖွဲ့စည်းပုံက သာမန်ဖုန်းတွေထက် ရှည်လျားတာကို တွေ့ရပါတယ်။ 13 MP ရှိတဲ့ Fish Eye ကင်မရာ နှစ်လုံး ပါရှိပြီး ဘောင်တွေကိုတော့ ရွှေနဲ့ပြုလုပ်ထားပါတယ်။ ၃.၀၈ ဂရမ်ရှိတဲ့ အခေါက်ရွှေသားစစ်စစ်နဲ့ ပြုလုပ်ထားတာကြောင့် ဈေးကြီးမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ ဒါ့အပြင် စိန်ပွင့် ၄ ပွင့်ထပ်မံ ထည့်သွင်းထားပါသေးတယ်။ မျက်နှာပြင်အနေနဲ့ ၅.၅ လက်မရှိပြီး Full HD Resolution… Continue reading ကမ္ဘာ့ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာပါဝင်ပြီး စိန်စီထားတဲ့ စမတ်ဖုန်း

ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App

သင်ဟာ ကြောင်ချစ်သူတစ်ယောက် ဆိုရင်တော့ Candid Catmera App ကတော့ တစ်ကယ့်ကို အသုံးဝင်မှာပါ။ အင်တာနက်ပေါ်မှာ ကြောင်တွေကိုယ်တိုင် selfie ရိုက်တဲ့ပုံပေါင်း များစွာကို သင်တွေ့ဖူးမှာပါ။ အမှန်တစ်ကယ်တော့ ဘယ် ကြောင်ကမှ selfie ကို တစ်ကူးတစ်က ရိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Candid Catmera App ကတော့ ကြောင်တွေကိုယ်တိုင် selfie ရိုက်သလို လုပ်ပေးနိုင်ပြီး သင့်ရဲ့ ကြောင်ပုံတွေကို Facebook မှာ ကြွားနိုင်အောင် လုပ်ပေးနိုင်ပါတယ်။ ကြောင်တွေရဲ့ သဘာတရားက လူတွေမရှိတဲ့အချိန်မှာ သူတို့စိတ်ဝင်စားရာကို လုပ်လေ့ရှိပါတယ်။ Candid Catmera App ရဲ့ သဘောတရားကလဲ အဲ့ဒီလိုပါဘဲ။ Tablet သို့မဟုတ် ဖုန်းတွေကို ကြောင်တွေနားမှာ ချထားပေးပြီး သူတို့စိတ်ဝင်စားတဲ့… Continue reading ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App