ကားမောင်းသူတွေ သတိထားရမယ့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ကားမောင်းသူတွေအနေနဲ့ ယာဉ်မတော်တဆထိခိုက်မှုနဲ့ စိတ်ဖိစီးမှုတွေကိုသာ တွေ့ကြုံခံစားနိုင်ရုံမက အရေပြားကင်ဆာလည်း ဖြစ်နိုင်ခြေရှိကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ အရေပြားကင်ဆာဖြစ်နေသူ ၈၉၈ဦးကို လေ့လာမှုအရ ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းမှာထက် ဘယ်ဘက်ခြမ်းမှာ အဖြစ်များကြတာကို တွေ့ရပါတယ်။ ဒါဟာ ယာဉ်မောင်းခြင်းက အဓိက ဖြစ်နိုင်တဲ့ အကြောင်းရင်းဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဘယ်ဘက်လက်နဲ့ မျက်နှာဘယ်ဘက်ခြမ်းတွေမှာ အရေပြားကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ ဒါဟာ အမျိုးသားတွေ ပိုမိုယာဉ်မောင်းလေ့ရှိသောကြောင့် ဖြစ်ပါတယ်။ ယာဉ်မောင်းသူတွေဟာ ခရမ်းလွန်ရောင်ခြည်နဲ့ နေ့စဉ်ထိတွေ့မှုကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေ များရတယ်လို့လည်း လေ့လာသူတွေက ကောက်ချက်ချထားပါတယ်။ ဒါကြောင့် ယာဉ်မောင်းသူတွေအနေနဲ့ ကားပြတင်းပေါက်တွေကို အလွန်အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မဲ့ အထူးမှန် တပ်ဆင်ခြင်း။ အပြင်မထွက်ခင် နေရောင်ကာခရင်လိမ်းခြင်းနဲ့ အကျီလက်ရှည်ဝတ်ဆင်ခြင်း စတဲ့အချက်တွေကို လိုက်နာဖို့ လိုပါတယ်။