Star Wars ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ Carrie Fisher ကွယ်လွန်

Star Wars ရုပ်ရှင်ကိုတော့ လူတိုင်းသိကြမှာပါ။ ဒီဇင်ဘာ (၂၇) ရက်နေ့ညမှာ Star Wars ရဲ အဓိက သရုပ်ဆောင် ဖြစ်တဲ့ Carrie Fisher တစ်ယောက် နှလုံးရောဂါနဲ့ အသက် (၆၀)မှာ သေဆုံးသွားခဲ့ပါတယ်။ Star Wars ရုပ်ရှင်ရဲ့ စီးရီးတိုင်းမှာ ပါဝင်ခဲ့ပြီး အကြီးအကျယ် အောင်မြင်မှုကို ရရှိခဲ့ပါသေးတယ်။ အခုတော့ ကမ္ဘာကြီးကို နှုတ်ဆက်ကျောခိုင်း ထွက်ခွာသွားပါပြီ။ မသေဆုံးမှီ Star Wars 8 ကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့တဲ့ အတွက် Carrie Fisher ကို ဇာတ်လမ်းအတွင်းမှာ ပြန်လည် တွေ့ရှိရအုံးမှာပါ။