Caterpillar (CAT) မှနောက်ထက်ထွက်မည့်ဖုန်းတွင် အပူချိန်ခံနိုင်တဲ့ ကင်မရာ ပါဝင်လာပြီး ဈေးနှုန်းမှာလည်း iPhone x နှင့်တူလာနိုင်မည်ဟုဆို

Caterpillar (CAT) နာမည်ကိုကြားရုံနဲ့လူတော်တော်များများက ဆောက်လုပ်ရေးပစ္စည်းများယန္တရားများကို ပြေးမြင်ကြမှာဖြစ်တယ်။ ဒါပေမယ့် smartphone ထုတ်လုပ်ခြင်းကိုလူတော်တော်များများ သိပ်မသိကြပါ။ ယခင်ထုတ်လုပ်ခဲ့သော smartphone မှာ Cat S60နာမည်ပေးထားပြီး ဈေးနှုန်းအားဖြင့်ကန်ဒေါ်လာ ၆၀၀ခန့်ရှိပါတယ်။ ယခုထုတ်လုပ်မည့်ဖုန်းမှာ S61ဖြစ်ပြီး android OS system အမျိုးအစားအသုံးပြုထားပါတယ်။ S60 မော်ဒယ်အမျိုးအစားမှာ ဈေးကွက်တွင်အောင်မြင်မှုရရှိခဲ့ပြီး ယခုထွက်မည့် S61ကို အပူချိန်အထူးခံနိုင်တဲ့ ကင်မရာကိုအဓိကထားပြီး ထုတ်လုပ်မည်ဟုလည်းဆိုပါတယ်။ S61 မှာပါမယ့် ကင်မရာဟာအပူချိန် ၂၀ မှ ၄၀၀ ဒီဂရီဆဲစီးရပ်စ် ထိခံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အနောက်ကင်မရာဟာ ၁၆မီဂါပစ်ဆယ်ထိ ရှိပြီး4K videos များကို ကောင်းစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အပူချိန်ခံနိုင်သလို အရမ်းအေးတဲ့ နေရာဒေသများတွင်လည်း ကောင်းမွန်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွင် ပေကြိုးမလိုဘဲ ဖုန်းကင်မရာကို ဖွင့်လိုက်ရုံဖြင့်… Continue reading Caterpillar (CAT) မှနောက်ထက်ထွက်မည့်ဖုန်းတွင် အပူချိန်ခံနိုင်တဲ့ ကင်မရာ ပါဝင်လာပြီး ဈေးနှုန်းမှာလည်း iPhone x နှင့်တူလာနိုင်မည်ဟုဆို