ဒုတိယမြောက်မွေးတဲ့ ကလေး တွေအတွက် ကျိန်စာက အမှန်တစ်ကယ်လား

သင့်ကလေး က ဒုတိယ မြောက် ကလေး ဒါမှမဟုတ် အလတ်ဆိုရင်တော့ သင်ကသင့် ကလေးတွေကို ရန်လိုသူတစ်ယောက်အနေနဲ့ သတ်မှတ်တော့ မှာ သေချာပါတယ်။ ဒုတိယမြောက် မွေးလာ တဲ့ ကလေးတွေ က လျစ်လျူ ရှုခံ ရပြီး ကလေးဆန်ဆန် အမူအရာနဲ့ ပြစ်မှု ကျူးလွန်ထားတဲ့ လူငယ်လိုမျိုး နဲ့ ထောင်ထဲ ရောက်နိုင်ခြေတွေ ရှိပါတယ်။ ဂျိုးဇက် ဒွိုင်လီ ရဲ့ များပြားလှတဲ့ သတင်း အစီရင် ခံစာတွေကနေ MIT ဘောဂ ဗေဒ ပညာ ရှင်တစ်ယောက်ရဲ့ အစီရင်ခံစာ အရ “ ဒုတိယမြောက် မွေးဖွားလာတဲ့ ကလေး တွေက ကျိန်စာသင့် ခံရတဲ့ သူဆိုတာ မှန်နိုင်ကောင်းပါတယ်လို့” ပြောထားပါတယ်။ ဒွိုင်လီ… Continue reading ဒုတိယမြောက်မွေးတဲ့ ကလေး တွေအတွက် ကျိန်စာက အမှန်တစ်ကယ်လား

ကွာရှင်းထားသော မိဘများ၏ ကလေးများ လေဖြတ်နိုင်ခြေမြင့်မား

ငယ်စဉ်က မိဘများ၏ ကွာရှင်းမှုကို ကြုံတွေ့ခဲ့ရသော ကလေးငယ်များသည် ၄င်းတို့၏ ဘဝသက်တမ်းတစ်လျောက်တွင် လေဖြတ်ခံနိုင်ရခြေ ပိုမြင့်မားကြောင်း လေ့လာချက်တစ်ခုအရ သိရသည်။ ယင်းတွေ့ရှိချက်ကို နယူးအော်လင်းမြို့တွင် ကျင်းပသော အမေရိက၏ နှစ်ပတ်လည် ဆေးပညာဆိုင်ရာ ညီလာခံတစ်ရပ်၎င်း၌ တင်ပြခဲ့သည်။ တိုရွန်တိုတက္ကသိုလ်မှ သုတေသနပညာရှင်များသည် ကနေဒါနိုင်ငံသားပေါင်း တစ်သောသ်းသုံးထောင်ကျော်ကို လေ့လာခဲ့ရာ ယင်း၌ ဆယ်ရာခိုင်နှုန်းသည် မိဘများ ကွာရှင်းပြတ်စဲမှုနှင့် ကြုံတွေ့ခဲ့ရသူများ ဖြစ်သည်။ လေ့လာချက်အရ ယင်းကဲ့သို့ ကလေးများသည်သာမန်ကလေးများထက် ဘဝတစ်လျောက်လုံး၌ လေဖြတ်နိုင်ခြေ ၂.၂ဆ ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။