တရုတ်နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာ

ကမ္ဘာမှာ နည်းပညာအဖွံ့ဖြိုးဆုံး နိုင်ငံထဲမှာ တရုတ်လည်း ပါပါတယ်။ အခုဆို ထိပ်တန်းနည်းပညာဖွံ့ဖြိုးမှုထဲမှာ ပထမနေရာတောင် ပြောလို့ရပါတယ်။ နည်းပညာဖွံ့ဖြိုးလာမှုနဲ့အတူ အစိုးရက လူတွေကိုထိန်းချုပ်မှုလည်း များပါတယ်။ အားလုံးသိတဲ့အတိုင်း တရုတ်နိုင်ငံမှာ အင်တာနက် မလွတ်လပ်ခွင့်က တော်တော်လေး ဆိုးရွားပါတယ်။ Google, Instagram နဲ့ Facebook တို့ကို တရုတ်မှာ အစိုးရက ban ထားပြီး သုံးချင်ရင် VPN (Virtual Private Network) နဲ့ သုံးရပါတယ်။ အစိုးရက တရားဝင်ခွင့်ပြုထားခြင်း မဟုတ်ပေမယ့်လည်း လူအနည်းစု တစ်ယောက်စ နှစ်ယောက်စကိုတော့ မျက်လုံးမှိတ်ထားပေးပါတယ်။ Company ကြီးတွေအနေနဲ့ သုံးရင်တော့ အစိုးရက အမြဲစောင့်ကြည့်နေပါတယ်။ Shenzhen မြို့က တရုတ်ပြည်မှာ နည်းပညာအဖွံ့ဖြိုးဆုံးမြို့ဖြစ်ပြီး အီလက်ထရောနစ်နဲ့ ပက်သတ်တဲ့ ပစ္စည်း မူလီတစ်ချောင်းကအစ… Continue reading တရုတ်နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာ

၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်မယ့် တရုတ်နိုင်ငံရဲ့ အနက်ဆုံး မြေအောက်ဘူတာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင်းမြို့မှာ ၉၄ မီတာအနက်ကျော်တဲ့ မြေအောက်ဘူတာတစ်ခုကို တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၇ နှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အဆိုပါ မြေအောက်ဘူတာဟာ တရုတ်နိုင်ငံရဲ့ အနက်ဆုံး မြေအောက်ဘူတာ ဖြစ်လာမှာ ဖြစ်ပြီး မြေအနက်ဟာ ၃၁ ထပ် တိုက်အမြင့်လောက် ရှိပါလိမ့်မယ်။ ချုံချင်းမြို့သည် တောင်တန်းဒေသမြို့တစ်မြို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်သိမ်းသိမ်းရန်သော်လည်းကောင်း၊ လေကြောင်း အကာအကွယ်အနေအထား မပျက်စီးစေရန်သော်လည်းကောင်း၊ လမ်းနံဘေးအဆောက်အဦးများကို မပျက်စီးစေဘဲ မြေအောက်တွင် ရထားဘူတာ ဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ မော်တော်ယာဉ်များပြားလာမှု၊ လူနေအိမ်ခြေထူထပ်လာမှုတို့ကြောင့် မြေအောက် ရထားစနစ်ကို တရုတ်နိုင်ငံတွင် တိုးချဲ့လာရပြီး ရထားလမ်းအရေအတွက်များကိုပါ ထပ်မံတိုးချဲ့နေရသည်။ မြေပြင်မှ အဆိုပါ မြေအောက်ဘူတာသို့ ဆင်းသက်ရန် ၃မိနစ်အကြာ ဓာတ်လှေကားစီးရမည် ဖြစ်ပြီး လမ်းလျှောက်ဆင်းပါက လှေကားပေါင်း ၃၅၄… Continue reading ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်မယ့် တရုတ်နိုင်ငံရဲ့ အနက်ဆုံး မြေအောက်ဘူတာ

လယ်ကွက်ပေါ်က ချစ်စရာ ကောင်းတဲ့ ဆိုလာပြားပရောဂျက်

သန့်ရှင်းတဲ့ စွမ်း အင်က ဒီလောက် အထိ ချစ်ဖို့ ကောင်းမယ်လို့ ဘယ်သူက ထင်မှာ လဲ။ တရုတ်က ဆိုလာပြားတွေ နဲ့ လယ်ကွက်တွေ ပေါ်မှာ ဆိုလာပြား နဲ့ ပန်ဒါ ပုံ ဖော်တဲ့ အစီ အစဉ်ကို အရင်တစ်ပတ်က စခဲ့ပါတယ်။  ဒီပရောဂျက်ကို လုပ်ဆောင်နေတာက ပန်ဒါလို့ ခေါ်တဲ့ အစိမ်းရောင်စွမ်း အင် အဖွဲ့က ဖြစ်ပြီး ၅၀ မဂ္ဂွါဝပ် ထွက် ရှိပါတယ်။ အမေရိကန်မှာ ရှိတဲ့ အိမ်ခြေ ၈ ထောင်ကျော်ထက်  လျှပ်စစ်ထုတ်လုပ် မှု ပိုပေး နိုင်တယ်လို့ နေထိုင်သူတွေက ဆိုပါတယ်။ ဒီဆိုလာက တရုတ်ပြည်မြောက်ပိုင်းက ရှန်စီ စီရင်စုဖြစ်တဲ့  တတုန် မှာ တည်ရှိပါတယ်။ နောက်ထပ်… Continue reading လယ်ကွက်ပေါ်က ချစ်စရာ ကောင်းတဲ့ ဆိုလာပြားပရောဂျက်

လေယာဉ်အင်ဂျင်စက်ထဲသို့ အကြွေပြားပစ်ထည့်ခဲ့လို့ ခရီးစဉ်နှောက်နှေးခဲ့ရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသက် ၈၀အရွယ် အဖွားအို တစ်ဦးဟာ China Southern လေကြောင်းလိုင်းမှ လေယာဉ် Airbus A320 ၏အင်ဂျင်စက်ထဲသို့ အကြွေပြား ၉ပြား တိတိကို ဇွန်လ ၂၇ရက်နေ့တွင် ပစ်ထည့်လိုက်ကြောင်း သိရှိရသည်။ အဆိုပါအဖွားအို၏ လုပ်ရပ်ကို ထူးဆန်းစွာ မြင်တွေ့ခဲ့ရတဲ့ ခရီးသည်တစ်ဦးက လေယာဉ်ကွင်းရှိ အစောင့် ရဲများကို သွားရောက်ပြောကြားလိုက်သဖြင့် ထိုအကြွေပြားထည့်လိုက်ခြင်းကိစ္စကို သိရတာဖြစ်ပါတယ်။ ရဲများက အဖွားအိုကို စစ်ဆေးမေးမြန်းတဲ့အခါ အဖွားအိုပြန်ပြောတာကတော့ ခရီးစဉ်မှာအန္တရာယ် ကင်းစေဖို့ ဆုတောင်းခြင်းဖြစ်ပါတယ်လို့ ပြန်လည်ဖြေကြားပါတယ်။ အဖွားအို အပြင် သူ၏ခင်ပွန်း၊ သမီး၊ သမက်တို့ပါ ထိုခရီးစဉ်ကို လိုက်ပါလာတယ်လို့လဲ သိရပါတယ်။ ရဲများအနေဖြင့် အဖွားအိုရဲ့လုပ်ရပ်ကို စွဲချက်တင်ရန် အခက်တွေ့နေပါတယ်။ အဖွားအိုက ကောင်းဖို့အတွက် သူရဲ့ခံယူချက်အတိုင်းလုပ်လိုက်ခြင်း… Continue reading လေယာဉ်အင်ဂျင်စက်ထဲသို့ အကြွေပြားပစ်ထည့်ခဲ့လို့ ခရီးစဉ်နှောက်နှေးခဲ့ရ

တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ

တရုတ်နိုင်ငံ ကျန်းဆု ပြည်နယ်ရှိ kindergarten မူလတန်းကျောင်းကို ကျောင်းဆင်းချိန်မှာ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖောက်ခွဲမှုကြောင့် ကလေးငယ်တွေကို လာကြိုတဲ့ မိဘအပါအဝင် လူ (၈) ဦးသေဆုံးခဲ့တဲ့လို့ CNN သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ၂ ဦးကတော့ ဖြစ်ဖြစ်ချင်းနေရာမှာဘဲ သေဆုံးခဲ့ပြီး ၆ ဦးကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူပေါင်း ၇၀ ကျော်ခန့်ကိုလည်း ဆေးရုံတင်ထားရပြီး အခြေအနေကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဖောက်ခွဲတဲ့ အကြမ်းဖက်အဖွဲ့အစည်းကိုလည်း အစိုးရအနေနဲ့ ထုတ်ပြန်ထားခြင်းမရှိသေးသလို ဆက်လက်စုံစမ်းဆောင်ရွက်နေဆဲလို့ သိရပါတယ်။ Zawgyi Font : တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ တရုတ်နိုင်ငံ ကျန်းဆု ပြည်နယ်ရှိ kindergarten မူလတန်းကျောင်းကို ကျောင်းဆင်းချိန်မှာ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။… Continue reading တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ

အမေရိကန်စစ်သင်္ဘော ကို တောင်တရုတ်ပင်လယ်ပြင်မှ ထွက်ခွာရန် တရုတ်သတိပေး

တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတဲ့ ရေပိုင်နက်ပိုင်ဆိုင်မှုအရေးကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေသတ်မှတ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်စစ်သင်္ဘောတစ်စီးကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ စေလွှတ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ဟာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသတ်မှတ်ချက်အရ မည်သူမှ မပိုင်သော အပြည်ပြည်ဆိုင်ရာရေပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ သို့သော်လည်း တရုတ်ဟာ လူလုပ် ကျွန်းအတုများ တည်ဆောက်ပြီး နိုင်ငံ၏ ပိုင်နက်ကိုချဲ့ထွင်သဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ မလေးရှားနဲ့ ထိုင်ဝမ် တို့နှင့် နိုင်ငံရေးတင်းမာမှုများ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာဘဲ တရုတ်က အပြည်ပြည်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်စစ်သင်္ဘော USS Dewey ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်မှလည်း အမေရိကန်၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ လုံခြုံရေး ၊… Continue reading အမေရိကန်စစ်သင်္ဘော ကို တောင်တရုတ်ပင်လယ်ပြင်မှ ထွက်ခွာရန် တရုတ်သတိပေး

တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ ပတ်သတ်ပြီး စစ်သင်္ဘောတစ်စီး စေလွှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ချ

တောင်တရုတ်ပင်လယ်အရေးကိစ္စဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက ပြဿနာတွေ အငြင်းပွားမှုတွေနဲ့ တရုတ်က နိုင်ငံနယ်နမိတ်ကို တိုးချဲ့ဖို့ပြုလုပ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ဟာ မည်သည့်နိုင်ငံမှ မပိုင်သော ပင်လယ်ပြင် တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ကတော့ ဒါကိုပြောင်းလဲပစ်ဖို့ကြိုးစားလာပြီး ပင်လယ်ပြင်အတွင်းမှာ ကျွန်းအတုတွေ ဖန်တီးတည်ဆောက်လာပါတယ်။ ပင်လယ်ပြင်မှာ ကျွန်းမြေဖြစ်ပေါ်လာတဲ့အတွက် အဆိုပါ နေရာတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပြီး အပြင်းပွားမှုများ တစ်ချိန်ထဲမှာ ဖြစ်ပေါ်လာပါတယ်။ အဆိုပါရေပြင်ဟာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်း နှင့် မလေးရှားနိုင်ငံတို့အားလုံးနဲ့ သက်ဆိုင်တာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်တစ်ခုအဖြစ်သာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ တရုတ်မှ နယ်မြေချဲ့ထွင်ခြင်းကိစ္စနှင့် ပတ်သတ်ပြီး ဖီလစ်ပိုင်၊ ဗီယက်နမ် နှင့် ထိုင်ဝမ်နိုင်ငံတို့နှင့်လည်း နိုင်ငံရေးတင်းမာမှုများ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဧရိယာပေါင်း… Continue reading တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ ပတ်သတ်ပြီး စစ်သင်္ဘောတစ်စီး စေလွှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ချ

တရုတ်ယွမ်ငွေ နိုင်ငံတစ်ကာသုံး အရန်ငွေ ဖြစ်လာ

နိုင်ငံတစ်ကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ တရုတ်ယွမ်ငွေအား နိုင်ငံတစ်ကာသုံး အရန်ငွေ အဖြစ် မတ်လ ၃၁ ရက်နေ့တွင် သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။ ယခင်က နိုင်ငံတစ်ကာတွင် အမေရိကန် ဒေါ်လာ၊ စတာလင် ပေါင်၊ ဂျပန် ယန်း၊ ကနေဒါ ဒေါ်လာ၊ သြစတေးလျ ဒေါ်လာနှင့် ယူရိုငွေတို့ကို အသုံးပြုခဲ့ပြီး ယခု ၂၀၁၇ မတ်လ ၃၁ ရက်နေ့တွင်မူ နိုင်ငံတစ်ကာ အရန်ငွေအဖြစ် တရုတ် ယွမ် ငွေ ပါ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဈေးကွက်စီးပွားရေးအခြေခံ မြင့်တက်လာမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတစ်ကာ တွင်သုံးစွဲရန် တရုတ် ယွမ်ငွေအား အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ Zawgyi Font : တရုတ္ယြမ္ေငြ… Continue reading တရုတ်ယွမ်ငွေ နိုင်ငံတစ်ကာသုံး အရန်ငွေ ဖြစ်လာ

ဆောက်လုပ်ရေးစီမံကိန်းကြောင့် နစ်နာကြေး ၂ဆ ရရှိရန် လင်မယားကွာရှင်းမှု ၁၆၀ ကျော် တစ်ပြိုင်နက်ထဲ ပြုလုပ်

တရုတ်နိုင်ငံ ကျေးရွာတစ်ခုတွင် နည်းပညာမြင့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကြောင့် ကျေးရွာရှိ အိမ်ခြံမြေများအား ရှင်းလင်း ဖယ်ထုတ်ရမည့် အခြေအနေ ကြုံနေရပြီး အိမ်မြေပိုင်ရှင်များမှာ အဆိုပါ ပရောဂျက်အတွက် လျော်ကြေးငွေ ရရှိမည် ဟု သိရှိရသည်။ အဆိုပါ ကုမ္ပဏီမှ ဒေသခံများအား မိသားစုအလိုက် လျော်ကြေးအနေဖြင့် စတုရန်းမီတာ ၂၂၀ ကျယ်ဝန်းသော အိမ်ခြံမြေ ပြန်လည် ရရှိမည် ဖြစ်သည်။ ထိုကဲ့သို့သော မိသားစုအလိုက် လျော်ကြေးများ ပေးအပ်မှုကြောင့် လင်မယားကွာရှင်းမှုများ ဖြစ်ပေါ်ပြီး မိသားစု ၂ခြမ်းကွဲကာ လျော်ကြေးအဖြစ် အိမ်နှစ်လုံးရရှိရန် တွက်ဆထားကြသည်။ တရားဝင် ကွာရှင်းကြောင်း အကျုံးဝ်စေရန် ဥပဒေအကြံပေး အကျိုးဆောင် ကုမ္ပဏီတစ်ခုမှ လင်မယားကွဲရှင်းရန် ဒေါ်လာ ၂၀၀၀ ဖြင့် အကျိုးဆောင်ပေးလျက်ရှိသည်။ ထို့ကြောင့် တစ်ပြိုင်နက်ထဲ လင်မယား ၁၆၀… Continue reading ဆောက်လုပ်ရေးစီမံကိန်းကြောင့် နစ်နာကြေး ၂ဆ ရရှိရန် လင်မယားကွာရှင်းမှု ၁၆၀ ကျော် တစ်ပြိုင်နက်ထဲ ပြုလုပ်

ဘဲထီးကောင်ပေါက် ထောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရတဲ့ တရုတ်နိုင်ငံရှိ တုန်းကျောင် ရွာ

တရုတ်နိုင်ငံ စီးဖူမြို့ တုန်းကျောင် ရွာမှာ ဘဲထီးကောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရပါတယ်။ နိုင်ငံတစ်ကာမှာတော့ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်တဲ့ ဥပဒေနဲ့ ငြိစွန်းပေမယ့် တရုတ်ပြည်မှာကတော့ ဒါဟာ ပုံမှန်ပါဘဲ။ ဘဲထီးပေါက်များစွာကို သတ်နေရတဲ့ အကြောင်းရင်းက ထိန်းသိမ်းစရိတ်မြင့်မားလို့ ဖြစ်ပါတယ်။ ပေါက်ဖွားလာတဲ့ ဘဲထီးလေးတွေဟာ ၄ ရက်ခန့်မျှသာ အသက်ရှင်နိုင်မည် ဖြစ်ပြီး ၄ ရက်ကျော်ရင်တော့ အသက်ခံရမှာ ဖြစ်ပါတယ်။ အဆိုပါ ဘဲထီးပေါက်လေးတွေကို စကာထဲ ထည့်တာ ပွက်ပွက်ဆူနေသော ရေထဲသို့ အရှင်လတ်လတ်ထည့်ပြုတ်ပစ် လိုက်တာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အမွှေးချွတ်ရလွယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြုတ်ထားတဲ့ ဘဲထီးပေါက်အသေတွေကိုတော့ မြွေစာကျွေးဖို့ ပြန်ရောင်းကြသလို အချို့ကတော့ ဟင်းချက်ရာမှာ အသုံးပြုတဲ့ အသားမှုန့်လုပ်ဖို့အတွက် ပြန်လည်အသုံးချကြပါတယ်။ ဈေးကွက်ထဲမှာ တွေ့နေရတဲ့ ဘဲကင်ပေါက်စ တွေဟာလည်း အားလုံး… Continue reading ဘဲထီးကောင်ပေါက် ထောင်ပေါင်းများစွာကို နေ့စဉ်သတ်နေရတဲ့ တရုတ်နိုင်ငံရှိ တုန်းကျောင် ရွာ