အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာတဲ့ ရန်ကုန်မြို့တော်

မြန်မာနိုင်ငံရဲ့ ရာသီဥတု ယိုယွင်းပျက်စီးလာတာနဲ့အမျှ မြို့တော် ရန်ကုန်ဟာလည်း ရာသီဥတုဒဏ်နဲ့ အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာပါပြီ။ ယခင်က ဆောင်းရာသီမှာ အေးမြတာကြောင့် အအေးဒဏ်ခံနိုင်ဖို့အတွက် ဆွယ်တာအကျီတွေ၊ အနွေးထည်တွေ ဝတ်ခဲ့ရပေမယ့် ယခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ရန်ကုန်ရဲ့ဆောင်းရာသီဟာ အနွေးထည်ဝတ်စရာမလိုတဲ့အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သလို တစ်ချိန်ထဲမှာဘဲ အပူချိန် မြင့်တက်မှုကို ခံစားနေတဲ့ မြို့တော်တစ်ခု ဖြစ်လာပါပြီ။ ဒါ့အပြင် မြေငလျင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်းနဲ့ လူဦးရေ သိပ်သည်းများပြားလာမှုကို တစ်ဆက်ထဲမှာ ကြုံတွေနေရပြီး မြို့တော်ကြီးဟာ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယခုနွေရာသီမှာဆိုရင် မြေကြီးတွေဟာ ပက်ကြားအက်မှုတွေ ဖြစ်နေပြီး ရေအခက်အခဲကိုလည်း ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ ဝေးလံတဲ့နေရာကနေ နေအိမ်အထိ ရေများကို ထမ်းပြီး သယ်ဆောင်နေရသလို မကြာခင်မှာလည်း ရန်ကုန်မြို့တော်ဟာ ရေရှားပါးမှုကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံသာမက… Continue reading အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာတဲ့ ရန်ကုန်မြို့တော်