Coke ကို နေ့စဉ်သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်မလဲ?

လေ့လာတွေ့ရှိချက်များအရ soda ပါဝင်တဲ့အရည်တွေသောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်စေကြောင်း သိရှိရပါတယ်။ Coca Cola ကို နေ့စဉ်သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘာဆိုးကျိုးတွေ ဖြစ်နိုင်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ ဗီတာမင်ဓာတ်ချို့တဲ့ခြင်း Coke မှာပါဝင်တဲ့ ကဖင်းဓာတ်က ဆီးရွှင်စေပြီး ခန္ဓာကိုယ်အတွင်းက အာဟာရဓာတ်များနဲ့ ဗီတာမင်ဓာတ်များကို မိနစ်ခြောက်ဆယ်အတွင်းမှာ ဆေးကြောပစ်နိုင်တာကြောင့် ဗီတာမင်ဓာတ်ချို့တဲ့မှု စတင်ခြင်းဖြစ်ပါတယ်။ သွားကြွေလွှာများကို တိုက်စားခြင်း Coke မှာပါဝင်တဲ့ အချိုဓာတ်နှင့် ပါဝင်ပစ္စည်းများက သွားအပေါ်ယံကြွေလွှာများကို ပျက်ဆီးစေပြီး သွားပိုးပေါက်တွေကို ဖြစ်စေပါတယ်။ စိုးရိမ်ပူပန်မှုများဖြစ်စေခြင်း စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခြင်းက ကဖင်းဓာတ်စားသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ Coke တစ်ဗူးမှာပါဝင်တဲ့ ကဖင်းပမာဏက ကော်ဖီပြင်းပြင်းတစ်ခွက်မှာပါဝင်တဲ့ ကဖင်းပမာဏနဲ့ တူညီပါတယ်။ ကဖင်းဓာတ်က စွဲလန်းစေတာကြောင့် ဖြတ်လိုက်ရင်လည်း ခေါင်းကိုက်တာ၊ မောပန်းတာတွေအပြင် စိတ်ကျဝေဒနာအထိပါ ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်း ကယ်ဆီယမ်ဓာတ်ချို့တဲ့စေတဲ့… Continue reading Coke ကို နေ့စဉ်သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်မလဲ?