ကိုလံဘီယာ မြေပြိုမှုမှာ အနည်းဆုံး လူ ၁၇ ဦးသေဆုံး

ဧပြီလ ၂၁ရက် တနင်္ဂနွေနေ့တွင် ကိုလံဘီယာ Cauca ဒေသရှိ Rosas မြို့တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၁၇ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အခုလိုမြေပြိုမှုတွေဟာ လက်တင်အမေရိက နိုင်ငံတွေ မှာ နှစ်စဉ် မိုးများတဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယခုမှာတော့ မိုးမရွာပဲ မြေပြိုမှုဖြစ်ခဲ့တဲ့အတွက် အသေ အ ပျောက်တွေဖြစ်ပွားရတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ကယ်ဆယ်ရေးအဖွဲ့များက ကျန်ရှိနေတဲ့ အပျက်အစီးတွေ ကို ဖယ်ရှာနေပါတယ်။ မြေပြိုမှုကြောင့် ကားလမ်းများလည်း ပိတ်ဆို့သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း မပြီးဆုံး သေး တဲ့အတွက် ထိခိုက်သူဦးရေကို အတိအကျမသိရသေးပါဘူး။ မြို့တော်ဝန် Jesus Diaz က မြေပြိုမှုဟာ များသောအားဖြင့် မိုးတွင်းမှာပဲအဖြစ်များတာဖြစ်တဲ့အတွက် ယခုလို ဖြစ်လိမ့် မယ်လို့ ကျွန်တော်တို့ လုံးဝမထင်ထားခဲ့ပါဘူး၊… Continue reading ကိုလံဘီယာ မြေပြိုမှုမှာ အနည်းဆုံး လူ ၁၇ ဦးသေဆုံး