မွန်ပြည်နယ်ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်နဲ့ မွန်ပြည်နယ်ရဲ့ အလှအပများကို ဖော်ထုတ်ခံစားနိုင်စေရန် မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းများအသင်းက အဓိကကူညီပံ့ပိုးကာ ပြည်နယ်အစိုးရအဖွဲ့က ဦးစီးကျင်းပပေးမှာ ဖြစ်ပါတယ်။ ခေါင်းစဉ်အနေနဲ့  ” မွန်ပြည်နယ် ရှုခင်းအလှ ” အမည်ဖြင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မည်သူ မဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းချက်တွေကတော့ (၁)ပြိုင်ပွဲဓါတ်ပုံအရွယ်အစားမှာ ၁ဝလက်×၁၄လက်မအရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပုံအရေအတွက် အကန့်အသတ်မရှိ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ (၂) သဘာဝအတိုင်း မြင်တွေ့သည့် အနေအထားတိုင်းဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီး ထားသော ဓါတ်ပုံများနှင့် ပြည်တွင်း/ပြည်ပဓါတ်ပုံပြိုင်ပွဲတွင် ဆုတစ်ခုခုရရှိခဲ့ဖူးတဲ့ ဓါတ်ပုံတွေနဲ့ ယှဉ်ပြိုင်ခြင်းမပြုရပါ။ (၃) ပြိုင်ပွဲဝင်ဓါတ်ပုံဟာ၂၀၁၆ခုနှစ်နဲ့ ၂၀၁ရခုနှစ်အတွင်း မိမိကိုယ်တိုင်ရိုက်ကူးထားတဲ့ ဝန်ခံချက်ပါရှိရပါမယ်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။ (၄) ပြိုင်ပွဲဝင်ဓါတ်ပုံများဟာ ပုံနှိပ်ထုတ်ဝေထားပြီးတဲ့ ဓါတ်ပုံများ၊… Continue reading မွန်ပြည်နယ်ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်