အရသာရှိလှတဲ့ ကိုးရီးယားပဲငါးပိဟင်းချိုတစ်ခွက် ဘယ်လိုချက်မလဲ

ကိုးရီးယား ဟင်းချိုတွေထဲမှာ ပဲငါးပိဟင်းချိုဟာ လူအကြိုက်အများဆုံးဟင်းချိုတွေထဲက တစ်ခုပါ။ ကိုးရီးယားနိုင်ငံရဲ့ အရိုးရှင်းဆုံး သာမန်စားသောက်ဆိုင်ကလေးကအစ ကြယ်ငါးပွင့်ဟိုတယ်တွေအဆုံး ဘယ်နေရာမှာမဆို ရရှိနိုင်ပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းများ ရေ နှစ်လီတာ၊ ငါးနီတူခြောက် (ရေဆေးထားရန်) နှစ်ကျပ်ခွဲသား၊ ကိုးရီးယာ ပဲငါးပိ (doenjang) ထမင်းစားဇွန်းခြောက်ဇွန်း၊ ကိုးရီးယား ပဲငါးပိအစပ် (gochujang) ထမင်းစားဇွန်းတစ်ဇွန်း၊ အာလူး (အခွံခွာပြီး တုံးထားပါ) ၃ လုံး၊ ကြက်သွန်နီ (လေးစိပ်စိပ်ထားပါ) တစ်လုံး၊ သခွားသီး (ထပ်ခြမ်းလှီး၍ ထူထူတုံးပါ) တစ်လုံး၊ မှိုခြောက် (ရေစိမ်ထားပါ) ခြောက်ပွင့်၊ ငရုတ်သီးစိမ်း အရှည် (နုပ်နုပ်စင်း) တစ်တောင့်၊ တို့ဟူးပျော့ (လေးထောင့်တုံးများ တုံးထားပါ) ၁၅ကျပ်သားခန့်၊ ကြက်သွန်မြိတ် (လက်နှစ်ဆစ်စီခန့် ညှပ်ပါ) တစ်ပင်။ ချက်ပြုတ်နည်း… Continue reading အရသာရှိလှတဲ့ ကိုးရီးယားပဲငါးပိဟင်းချိုတစ်ခွက် ဘယ်လိုချက်မလဲ