အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်းသူ ၁ ဦးနှင့် မသင်္ကာသူ ၂ ဦးဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ဘူးသီးတောင်မြို့နယ်ရှိ ကျီးနှုတ် သီးကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ၎င်းကျေးရွာနေ ကာဒေဟူဆောင်း(၅၅)နှစ်သည် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေကြောင်း သတင်းအရ ၎င်း၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့သည်။ အိမ်အတွင်း၌ အလျား(၁၂)ပေ၊ အနံ(၁၂)ပေရှိ အစိမ်းရောင် မိုးကာစ(၆)ခုနှင့် အလျား(၁၈)ပေ၊ အနံ (၁၂)ပေရှိ အပြာရောင်မိုးကာစ(၃)ခုတို့ကိုတွေ့ရှိ၍ ကာဒေဟူဆောင်းအား စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ယာယီတဲ ဆောက်လုပ်နေထိုင်ရန် မိုးကာစများဝယ်ယူစုဆောင်းခြင်း၊ အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်း ခြင်း၊ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ဓားဦးချွန်များ ပြုလုပ်ရန် စီစဉ်ခြင်းများပြုလုပ်သူဖြစ်ကြောင်း သိရှိရ၍ တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ဇူလိုင် ၁၁ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ် ချင်းရွာကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် မသင်္ကာသူ မာမောက်နိုရူ… Continue reading အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်းသူ ၁ ဦးနှင့် မသင်္ကာသူ ၂ ဦးဖမ်းဆီးရမိ

မက္ကဆီကိုနိုင်ငံတွင် အကျဉ်းသားများ အုပ်စုလိုက်ရန်ဖြစ်၊ အကျဉ်းသား၂၈ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ၊ Guerreo ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သော Acapulco မြို့ဟာ ခရမ်းရောင် နယ်မြေအဖြစ်သတ်မှတ်ခြင်း ခံထားရသောသည့်အပြင် မူးယစ်ဆေးထုတ်လုပ်နေသော အဓိက အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ အဆိုပါ Acapulco မြို့ရှိ အကျဉ်းထောင်ထဲတွင် ပြိုက်ဖက် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ သဖြင့် အကျဉ်းသား ၂၃ဦး သေဆုံးသွားပြီး ၃ဦးဒဏ်ရာရရှိကာ ခေါင်းဖြတ်ခံရတဲ့ အကျဉ်းသားများလည်းရှိခဲ့တယ်လို့ လုံခြုံရေးရဲများ၏ ပြောပြချက်အရသိရပါတယ်။ ဒါဟာ မက္ကဆီကိုရဲ့ သမိုင်းမှာ ၂၀၁၇ခုနှစ်အတွက် အကြီးမားဆုံး ထောင်ဆူပူမှုတစ်ခု လို့ဆိုရမှာဖြစ်ပါတယ်။ မက္ကဆီကိုမြို့တွင် ဒုစရိုက်မှုတွေဟာ ယုတ်လျော့သွားခြင်းမရှိပဲ တိုးမြဲတိုးပွားလာတာဖြစ်ပါတယ်။ အစိုးရ၏ စစ်တမ်းများအရ ၁၉၉၇ခုနှစ် မေလ အထိတွင် လူသတ်မှုပေါင်း ၂၁၈၆မှုသာရှိခဲ့သာဖြစ်ပြီး ၂၀၀၆ခုနှစ် ဒီဇင်ဘာလမှ ယခု ၂၀၁၇ မေလအထိမှာတော့ လူသတ်မှုပေါင်း ၁၈၈၅၆၇ မှုအထိရှိလာကြောင်းသိရပါတယ်။ Zawgyi… Continue reading မက္ကဆီကိုနိုင်ငံတွင် အကျဉ်းသားများ အုပ်စုလိုက်ရန်ဖြစ်၊ အကျဉ်းသား၂၈ဦးသေဆုံး

ယူဂန်ဒါနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသော အမျိုးသားတစ်ယောက် ကို မွတ်စလင်အုပ်စုများမှ ကျောက်တုံးဖြင့်ထုသတ်

ယူဂန်ဒါနိုင်ငံဟာ အာဖရိကအရှေ့ပိုင်းမှာ တည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥပဒေမစိုးမိုးသောနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ယူဂန်ဒါနိုင်ငံမှာ မွတ်စလင်အမျိုးသားတစ်ယောက်ဟာ ခရစ်ယာန်ဘာသာကို ကူးပြောင်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ခံလိုက်ရပါတယ်။ ဒါ့အပြင် အသတ်ခံလိုက်ရတဲ့ အမျိုးသားရဲ့ မိသားစုကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး မိသားစုတွေကိုပါ ရိုက်နှက်သွားပါသေးတယ်။ ဘာသာကူးပြောင်းတဲ့အပြင် အခြားသူတွေကိုပါ ခရစ်ယာန်ဘာသာအဖြစ် ကူးပြောင်းဖို့ ဆွဲဆောင်တယ်ဆိုပြီး မွတ်စလင်အကြမ်းဖက်များက စွပ်စွဲ၍ မသေမခြင်း ကျောက်တုံးဖြင့် ပစ်သတ်ခဲ့ပါတယ်။ ဒါ့အပြင် ခရစ်ယာန်ဘာသာဝင်အဖြစ် ပြောင်းသွားတဲ့ အမျိုးသားရဲ့ အိမ်ထောင်ဘက်အမျိုးသမီးလည်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် နာရီပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ ယူဂန်ဒါနိုင်ငံမှာ အများစုက ခရစ်ယာန်ဖြစ်သော်လည်း နိုင်ငံရဲ့ အချို့ဒေသတွေမှာရှိတဲ့ လူဦးရေအားလုံးနီးပါး မွတ်စလင်ဘာသာ ဖြစ်နေပြီး အဆိုပါဒေသတွေဟာ မွတ်စလင်များစုစည်းရာနေရာကဲ့သို့ ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ ယူဂန်ဒါနိုင်ငံရဲ့ တရားစီရင်ရေးဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ… Continue reading ယူဂန်ဒါနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသော အမျိုးသားတစ်ယောက် ကို မွတ်စလင်အုပ်စုများမှ ကျောက်တုံးဖြင့်ထုသတ်

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိ

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်က သွားရောက်၍ နယ်မြေရှင်းလင်းစဉ် လှိုဏ်ခေါင်းတစ်ခု၊ သေနတ်များ၊ လူနေတဲ/ဂိုဒေါင်များ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ဓားဖြင့်ရန်ပြုသူ တစ်ဦးအား အသေဖမ်းဆီးရမိခဲ့သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် ကျေးရွာသားများအား ခေါ်ယူကာ ညအချိန်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၂၀ ရက် နံနက်ပိုင်းကသိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ မသင်္ကာသည့် လူသွားလမ်းကြောင်းများကို တွေ့ရှိရသဖြင့် ၎င်းပတ်ဝန်းကျင်တစ်ဝိုက်အား ရှင်းလင်းရာ တစ်ပေခန့်ရှိ ဒေသန္တရ လုပ်သေနတ် ၂ လက်၊ ၉ မမကျည် တစ်တောင့်၊ အလျား ပေ ၂၀ ၊ အနံ ၁၀… Continue reading ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိ

IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို ရုရှားမှ သတ်လိုက်ပြီဟု ကြေငြာ

IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi နဲ့ အခြားသော အကြမ်းဖက်ခေါင်းဆောင်တွေကို သတ်လိုက်ပြီဟု ရုရှားမှ ကြေငြာလိုက်သည်။ IS အကြမ်းဖက်ခေါင်းဆောင်သည် တစ်ကမ္ဘာလုံးမှ အလိုရှိဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဆိုပါ ခေါင်းဆောင်အား မေလအကုန်လောက်တွင် သတ်လိုက်ပြီဟု ရုရှားမှ ကြေငြာလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း Fox သတင်းဌာနမှ အဆိုပါ သတင်းရရှိသော်လည်း လုံးဝအတိအကျမှန်ကန်မှုကို မဆုံးဖြတ်နိုင်သေးကြောင်း ထုတ်ပြန်ထားသည်။ မေလ ၂၈ ရက်နေ့မှာ ဆီးရီးယားနိုင်ငံတွင် IS အကြမ်းဖက်များကို နှိမ်နှင်းခဲ့ပြီး IS အကြမ်းဖက်အဖွဲ့သား ၃၀၀ ခန့် နှင့် အရာရှိ အယောက် ၃၀ ခန့်ကို ဖမ်းဆီးရမိတယ်လို့ ရုရှားတို့က ထုတ်ပြန်ထားပါတယ်။ IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ၏… Continue reading IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို ရုရှားမှ သတ်လိုက်ပြီဟု ကြေငြာ

တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ

တရုတ်နိုင်ငံ ကျန်းဆု ပြည်နယ်ရှိ kindergarten မူလတန်းကျောင်းကို ကျောင်းဆင်းချိန်မှာ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖောက်ခွဲမှုကြောင့် ကလေးငယ်တွေကို လာကြိုတဲ့ မိဘအပါအဝင် လူ (၈) ဦးသေဆုံးခဲ့တဲ့လို့ CNN သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ၂ ဦးကတော့ ဖြစ်ဖြစ်ချင်းနေရာမှာဘဲ သေဆုံးခဲ့ပြီး ၆ ဦးကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူပေါင်း ၇၀ ကျော်ခန့်ကိုလည်း ဆေးရုံတင်ထားရပြီး အခြေအနေကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဖောက်ခွဲတဲ့ အကြမ်းဖက်အဖွဲ့အစည်းကိုလည်း အစိုးရအနေနဲ့ ထုတ်ပြန်ထားခြင်းမရှိသေးသလို ဆက်လက်စုံစမ်းဆောင်ရွက်နေဆဲလို့ သိရပါတယ်။ Zawgyi Font : တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ တရုတ်နိုင်ငံ ကျန်းဆု ပြည်နယ်ရှိ kindergarten မူလတန်းကျောင်းကို ကျောင်းဆင်းချိန်မှာ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။… Continue reading တရုတ်နိုင်ငံ မူလတန်းကျောင်း ဗုံးခွဲခံရ၊ သေဆုံးမှုများရှိ

အရှေ့တောင်အာရှတွင် IS အကြမ်းဖက်အဖွဲ့များ စတင်နယ်ချဲ့ခြင်း သို့မဟုတ် ဖိလစ်ပိုင်တွင် အလံနက်စိုက်ထူခြင်း

IS အကြမ်းဖက်မှုများအား ယခင်က အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပနိုင်ငံများမှာ ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာတော့ အာရှဒေသတွေကိုပါ နယ်ချဲ့စိုးမိုးဖို့ ကြိုးစားလာပါတယ်။ အာရှနိုင်ငံများမှာ မူစလင်အစွန်းရောက် IS အကြမ်းဖက်အဖွဲ့ဝင်များဟာ ဗုံးကွဲခြင်း၊ နယ်မြေသိမ်းယူခြင်း စတဲ့ အကြမ်းဖက်မှုတွေကို တစ်ရှိန်ထိုးပြုလုပ်လာကြပါတယ်။ လက်ရှိမှာ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီ မြို့တော်ကို IS အကြမ်းဖက်အဖွဲ့များက သိမ်းပိုက်လိုက်ပြီး ဖိလစ်ပိုင်စစ်တပ်နဲ့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပါတယ်။ မူစလင်အစွန်းရောက် IS အကြမ်းဖက်အဖွဲ့ဝင်များဟာ ခရစ်ယာန်ဘာသာဝင်များကို လူသားဒိုင်း အဖြစ် အသုံးချကာ ဖိလစ်ပိုင်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အစိုးရအနေနဲ့ မြို့တော် မာရာဝီကို IS တွေလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။ IS အကြမ်းဖက်များဟာ မာရာဝီမြို့တော်တွင်ရှိသော ပလီ ပေါ်တက်၍ အလံနက် တစ်ခုထောင်ခဲ့ပါတယ်။ ဖိလစ်ပိုင် အစိုးရအနေနဲ့ အထူးတပ်ဖွဲ့များစေလွှတ်ထားပြီး… Continue reading အရှေ့တောင်အာရှတွင် IS အကြမ်းဖက်အဖွဲ့များ စတင်နယ်ချဲ့ခြင်း သို့မဟုတ် ဖိလစ်ပိုင်တွင် အလံနက်စိုက်ထူခြင်း

အင်္ဂလန် နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အရီးနား နေရာတွင် ဖောက်ခွဲမှုဖြစ်၊ အနည်းဆုံး လူ ၁၉ ဦးသေဆုံး

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အရီးနား တွင် ကျင်းပသည့် ဖျော်ဖြေပွဲတစ်ခုတွင် ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည်။ Pop အဆိုတော် Ariana Grande ၏ သီဆိုဖျော်ဖြေမှု အပြီးတွင် ဖောက်ပွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်သေကျေမှုများဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို မန်ချက်စတာမြို့မှာရှိတဲ့ ဆေးရုံ ၆ ခုသို့ ပို့ဆောင်ပေးထားတယ်လို့ ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး သံသယရှိသူကို ဖမ်းဆီးဖို့အတွက် အရေးပေါ်အစီအစဉ်အနေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၁၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအရေအတွက်ကိုတော့ အတိအကျထုတ်ဖော်ထားခြင်း မရှိပါဘူး။ ည ၁၀နာရီခွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ဘယ်သူဖောက်လဲဆိုတာကိုတော့ အတိအကျ ဘယ်သူမှ မသိခဲ့ပါဘူး။ လက်ရှိမှာတော့ သံသယရှိသူ အမျိုးသားတစ်ဦးအား ထိန်းသိမ်းထားပြီး စစ်ဆေးစုံစမ်းသွားမယ်လို့ သိရပါတယ်။… Continue reading အင်္ဂလန် နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အရီးနား နေရာတွင် ဖောက်ခွဲမှုဖြစ်၊ အနည်းဆုံး လူ ၁၉ ဦးသေဆုံး

ကမ္ဘာ့ လိင်အသောင်းကျန်းဆုံး၊ မုဒိန်းမှု အများဆုံး (၁၀) နိုင်ငံ

မကြာသောကာလမှစပြီး မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှု အပါအဝင် လိင်မှုဆိုင်ရာ မုဒိမ်းမှုများ ဖြစ်ပွားနေတာကို မီဒီယာသတင်းတွေအရ အားလုံးသိရှိပြီးဖြစ်ပါတယ်။ လိင်မှုဆိုင်ရာ ပြစ်မှုတွေဟာ ဘာကြောင့် ဖြစ်ပွားရတာလဲဆိုတဲ့ မေးခွန်းအတွက် အမျိုးမျိုးသော အဖြေတွေကို တွေ့နိုင်ပါတယ်။ တစ်ချို့ကလည်း ပြည်သူတွေ ဆင်းရဲမွဲတေမှုများလာပြီး ပညာမတတ်ကြလို့၊ အသိဉာဏ်အားနည်းလို့ဆိုပြီး ယူဆတတ်ကြပါတယ်။ မှန်သင့် သလောက်မှန်ပေမယ့် ပြည့်စုံတဲ့ ကောက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ လိင်စိတ်ဟာ လူသားတွေရဲ့ အကြီးမားဆုံးလိုအင်တစ်ခုဖြစ်တဲ့အတွက် လူသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ကိုဆန္ဒများပြင်းပြလာချိန်၊ အရက်သေစာသောက်စားပြီး အမှားအမှန်မခွဲခြားနိုင်သည့် အချိန်နှင့် ဆန့်ကျင်ဘက်လိင်၏ မုဒိမ်းမှုကျူးလွန်ဖို့ အခြေအနေအချိန်အခါကိုဖန်တီးဖြစ်ပေါ်လာမှုကလည်း သက်ဆိုင်နေပြန်ပါတယ်။ မုဒိမ်းမှု ကျူးလွန်ခြင်းဟာ ဖွံဖြိုးတိုးတက်မှု၊ ချမ်းသာကြွယ်ဝမှု၊ ပညာတတ်မြောက်မှု စတဲ့အချက်တွေနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိဘူးဆိုတာကိုတော့ အောက်မှာဖော်ပြထားတဲ့နိုင်ငံတွေကို ကြည့်ပြီးလေ့လာသုံးသပ်နိုင်ပါတယ်။ ကမ္ဘာပေါ်တွင် မုဒိမ်းမှု အများဆုံးဖြစ်တဲ့… Continue reading ကမ္ဘာ့ လိင်အသောင်းကျန်းဆုံး၊ မုဒိန်းမှု အများဆုံး (၁၀) နိုင်ငံ

လန်ဒန်မြို့ Westminster တံတားတွင် အကြမ်းဖက်မှုဖြစ်၊ လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

လန်ဒန်မြို့လယ်ခေါင် တည့်တည့်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ ဥရောပနိုင်ငံတွေကို IS ရဲ့ ခြိမ်းခြောက်မှုအဖြစ် သက်သေပြလိုက်လိုပါဘဲ။ လန်ဒန်မြို့ရဲ့ နာမည်ကျော် ဝက်စ်မင်စတာ  တံတားကို ဖြတ်ပြီး ပါလီမန် လွှတ်တော် အဆောက်အဦးကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။   Hyundai အမှတ်တံဆိပ် ကားကို မောင်းနှင်လာတဲ့ အကြမ်းဖက်သမားဟာ ဝက်စ်မင်စတာ တံတားကို အရှိန်ပြင်းစွာနဲ့ မောင်းနှင်ခဲ့ပြီး တံတား တစ်ဖက်တစ်ချက် ပလက်ဖောင်းမှာ ရှိနေတဲ့ လူတွေ ကို ကားဖြင့် တိုက်ကြိတ်ခဲ့ပါတယ်။ တံတားရဲ့ တစ်ဖက်ထိပ်မှာ တည်ရှိတဲ့ ပါလီမန် လွှတ်တော် အဆောက်အဦး ဂိတ်ဝကို ကားဖြင့် တိုက်ခဲ့ပြီး ကားရပ်သွားချိန်၌ ဂိတ်၀ တွင် တာဝန်ကျသော ရဲတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည်။ ပါလီမန်… Continue reading လန်ဒန်မြို့ Westminster တံတားတွင် အကြမ်းဖက်မှုဖြစ်၊ လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ