စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့မလဲ

စိတ်ထဲမှာ တင်းကြပ်မှုတွေ များနေသလား။ သက်ပြင်းကို အခါခါချမိနေသလား။ ဒီလို စိတ်ဖိစီးမှုများတာကြောင့် ပိုပြီး ပင်ပန်း နွမ်းနယ်ရတတ်ပါတယ်။ အဲ့ဒီလိုမျိုးမဖြစ်ရလေအောင် တစ်မိနစ်တောင်မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ စိတ်အပန်းပြေသွားစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းများကို အကြံပြုပေးလိုက်ပါတယ်။ မျက်နှာကျက်ကို မော့ကြည့်ပြီး စက္ကန့်၆ဝမှ နောက်ပြန် ရေတွက်ပါ။ အပေါ်ကို ငေးကြည့်တာက ခန္ဓာကိုယ်ရဲ့ Parasympathetic Nervous System ကို လှုံဆော်ပေးတာကြောင့် သွေးဖိအားလျော့ကျကာ အသက်ရှူ နှုန်း ပိုကောင်းသွားစေပါတယ်။ ၆၀- ၅၉- ၅၈ စသည်ဖြင့် ၁ အထိရေတွက်တာက စိတ်အနှောင့်အယှက်ဖြစ်တာကို လွင့်ပြယ်သွားစေပါတယ်။ မှတ်စု စာအုပ်ထဲမှာ ပူပင်သောကများရေးချပါ။ စာမျက်နှာတစ်ခုထဲမှာ သင့်ရဲ့ ပူပင်သောကတွေကို ရေးချလိုက်တာက စိတ်ပေါ့ပါးသွားစေသည့် အပြင် ဘာကိုဆက်လုပ်ရမလဲဆိုတာကိုပါ အကြံဉာဏ်ရရှိစေပါတယ်။ နှာခေါင်း၊ ပါးစပ်မှ… Continue reading စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့မလဲ