ဒေါ်လာ ၄သိန်းကျော်အထိ တန်ဖိုးတက်ခဲ့တဲ့ ၁၃ ဒေါ်လာတန် စိန်လက်စွပ်

၁၃ ဒေါ်လာတန် စိန်လက်စွပ်တစ်ကွင်းဟာ ယခုအချိန်မှာ ဒေါ်လာ ၄သိန်းခွဲကျော်အထိ တန်ဖိုးမြင့်တက်သွားတယ်ဆိုတာ တစ်ကယ့်ကို အံ့သြစရာပါ။ အဲ့ဒါက ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းပစ္စည်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဈေးတက်သွားတာဘဲ ဖြစ်ပါတယ်။ စိန်လက်စွပ်ပိုင်ရှင်ဟာ ၁၉၈၀ ခုနှစ်က လက်ဝတ်ရတနာဆိုင်ကနေ ၁၃ ဒေါ်လာနဲ့ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်မှာ လေလံတင်ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။ ဒီအတိုင်းကြည့်မယ်ဆိုရင် စိန်လက်စွပ်သက်တမ်းဟာ ၃၇ နှစ်ဘဲ ရှိမယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်း စိန်လက်စွပ်ရဲ့ လက်ရာဟာ ၁၉ ရာစုခေတ်က လက်ရာဖြစ်နေပါတယ်။ ဒါကြောင့် အဆိုပါ စိန်လက်စွပ်ဟာ ၁၈၀၀ ခုနှစ်ဝန်းကျင်ခန့်က လက်ရာမျိုးဖြစ်ပြီး စိန်သားကို ဖြတ်တောက်ထားတဲ့ ဒီဇိုင်းကလည်း ရှေးဟောင်းဒီဇိုင်းဖြစ်နေလို့ ဈေးတက်သွားတာ ဖြစ်ပါတယ်။ စိန်ရဲ့ အရောင်ဟာ ဖယောင်းတိုင်မီးထွန်းတဲ့အခါ ထွက်လာတဲ့ အရောင်ဖြစ်နေပြီး… Continue reading ဒေါ်လာ ၄သိန်းကျော်အထိ တန်ဖိုးတက်ခဲ့တဲ့ ၁၃ ဒေါ်လာတန် စိန်လက်စွပ်