အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ဒိုမိန်းပေါင်း ၃၀၀၀ ကျော်

CNN Money Investigation ရဲ့ ထုတ်ပြန်ချက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒိုမိန်းပေါင်း ၃၆၄၃ ခု ကိုပိုင်ဆိုင်ကြောင်း သိရှိရပါတယ်။ ထရမ့်ဟာ သူ့နာမည်နဲ့သက်ဆိုင်တဲ့စကားလုံးပါဝင်တဲ့ ဒိုမိန်းအတော်များများကို ဝယ်ယူခဲ့တာ ဖြစ်ပြီး website ပေါင်း မြောက်မြားစွာရှိပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Multi Level Marketing (MLM) လို့ခေါ်တဲ့ ကွန်ရက်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ထူထောင်ခဲ့ပြီး TrumpNetworkFraud.com, TrumpPyramidScheme.com နဲ့ TrumpNetworkPonziScheme.com အပြင် အခြားသော ဝက်ဘ်ဆိုဒ်များလည်း ရှိပါသေးတယ်။ ဗီတာမင်အားတိုးဆေးများကို MLM စနစ်ဖြင့် ဖြန့်ချီခဲ့ပြီ MLM စနစ်နဲ့ အမေရိကန်ပြည်သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် လုပ်ငန်းအောင်မြင်မှု မရှိခဲ့ဘဲ ၂၀၁၂ မှာ ပိတ်သိမ်းခဲ့ရပါတယ်။ ထရမ့်ရဲ့… Continue reading အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ဒိုမိန်းပေါင်း ၃၀၀၀ ကျော်