အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Twitter Follower တစ်ဝက်ခန့်သည် အကောင့်တုများဖြစ်နေ

လူမှုကွန်ရက်တွေမှာ follower များလာတာနဲ့အမျှ လူသိပိုမိုများ့ပြားလာပြီး follower များရင် လူအတော်များများက အထင်ကြီးကြပါတယ်။ အချို့ကျတော့ follower များလာအောင် fake software တွေနဲ့ လုပ်ကြသလို အကောင့်တုတွေနဲ့လည်း လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုဘဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter Follower တစ်ဝက်ဟာလည်း အကောင့်တု တွေ ဖြစ်နေကြပါတယ်။ ဇန်နဝါရီလ မှာ ထရမ့်ရဲ့ Twitter Follower ဟာ ရုတ်ချည်းမြင့်တက်သွားပြီး ပေါ်ပြူလာဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဇာတ်ညွှန်းရေးဆရာ ဂျွန်နီဗန် ကတော့ ပထမဆုံးအနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter Follower အရေအတွက်ကို ထောက်ပြခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ Twitter Follower ၃၁ သန်း မှာ တစ်ဝက်လောက်ဟာ Profile ပုံမရှိခြင်း၊ Cover… Continue reading အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Twitter Follower တစ်ဝက်ခန့်သည် အကောင့်တုများဖြစ်နေ

နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်သော်လည်း စိတ်အလိုမကျ ဒေါသရိပ်လွှမ်းမိုးနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ သူရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကနေ ပြန်ရောက်လာပြီ ဖြစ်သေ်ာလည်း စိတ်အလိုမကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ ခရီးစဉ်အတွင်းမှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတွေက ဧည့်ဝတ်ကျေစွာ ဂုဏ်ပြုခဲ့ပေမယ့် အမေရိကန်ကို ပြန်လာတဲ့အချိန်မှာ ဘယ်သူမှ ထရမ့်ကို ဂုဏ်မပြုခဲ့ပါဘူး။ ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ သားမက်နဲ့ သမီးကို အကြံပေးအနေဖြင့် ရာထူးခန့်ထားခြင်း ဖြစ်ပြီး အိမ်ဖြူတော်အတွင်းမှာ ကိုယ်ပိုင်ရုံးခန်းအဖြစ် နေရာပေးထားပါသေးတယ်။ ထိုကိစ္စနှင့် ပတ်သတ်ပြီး အိမ်ဖြူတော်မှ တာဝန်ရှိသူများနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့ပြီး ဝေဖန်မှုများလည်း မြင့်တက်လာပါတယ်။ သမ္မတ ထရမ့် ခရီးသွားနေစဉ် အတွင်း အိမ်ဖြူတော်တွင် မည်သည့်အရေးကိစ္စများ ဖြစ်ပေါ်ခဲ့သည်ကိုတော့ သတင်းအတိအကျမသိရပါဘူး။ ဒါ့အပြင် ခရီးစဉ်တစ်လျှောက်လုံးမှာလည်း အဆင်မပြေမှုကိစ္စများ အနည်းငယ်ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ်တစ်ဦး၏ ပုခုံးအား… Continue reading နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်သော်လည်း စိတ်အလိုမကျ ဒေါသရိပ်လွှမ်းမိုးနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

FBI ဒါရိုက်တာ ဂျိမ်းစ်ကွန်မီ ကို တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

ပြီးခဲ့တဲ့ ရက်ပိုင်းက FBI ဒါရိုက်တာ ဖြစ်တဲ့ ဂျိမ်းစ်ကွန်မီကို အလုပ်ကနေ ဖြုတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပေမယ့် မေလ ၁၂ ရက်နေ့ သောကြာနေ့မှာကတော့ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ခေါ်ခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီဝင်များရဲ့ မှတ်ချက်များအရ ဂျိမ်းစ်ကွန်မီ ဟာ သမ္မတ ထရမ့်နဲ့ ရုရှားတို့ရဲ့ ဆက်သွယ်ရေးကိစ္စကို စုံစမ်းစစ်ဆေးနေတာကြောင့် အလုပ်ဖြုတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့်ကတော့ ဒေါသထွက်ချိန်မှာ ဂျိမ်းစ်ကွန်မီကို အလုပ်ဖြုတ်လိုက်ပေမယ့် ယခုအချိန်မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ခေါ်ပေမယ့် နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျိမ်းစ်ကွန်မီကို ညစာကျွေးမွေးဧည့်ခံပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပေမယ့် ဂျိမ်းစ်ကွန်မီ ကတော့ သမ္မတ ထရမ့်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် ဂျိမ်းစ်ကွန်မီအနေနဲ့… Continue reading FBI ဒါရိုက်တာ ဂျိမ်းစ်ကွန်မီ ကို တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

လေယာဉ်ပေါ်တွင် laptop ယူဆောင်ခွင့်ကို ပိတ်ဖို့ စီစဉ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

ဥရောပနိုင်ငံများမှ အမေရိကန်နိုင်ငံကို လေကြောင်းခရီးဖြင့် လာပါက laptop ယူဆောင်ခွင့်မရှိတဲ့ အစီအစဉ်ကို စတင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။ သမ္မတ ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ laptop များနဲ့ အခြားသော မျက်နှာပြင်ကြီးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို လေယာဉ်ပေါ်မှာ ယူဆောင်ခွင့်ပိတ်ပင်ဖို့ စီစဉ်လျက်ရှိပြီး ဝေဖန်မှုများ မြင့်တက်လာပါတယ်။ အမိမြေလုံခြုံရေး အတွင်းရေးမှူး ဂျွန်ကယ်လီ ဟာ လေကြောင်းဆိုင်ရာလုံခြုံရေးစနစ်အတွက် ဆွေးနွေးရန် အမတ်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး လက်ရှိမှာတော့ မည်သည့် အမတ်ကမှ  အဆိုပါ အကြောင်းပြချက်ကို ဆုံးဖြတ်ချက် မချခဲ့ကြကြောင်း သိရှိရသည်။ Laptop အတွင်းမှာ တပ်ဆင်ထားတဲ့ လစ်သီယမ် ဘထ္ထရီကြောင့် လုံခြုံရေးအရ တားမြစ်ဖို့ စီစဉ်တာ ဖြစ်ပြီး အထူးသဖြင့် အရှေ့အလယ်ပိုင်းက မသမာသူများက… Continue reading လေယာဉ်ပေါ်တွင် laptop ယူဆောင်ခွင့်ကို ပိတ်ဖို့ စီစဉ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

FBI ညွှန်ကြားရေးမှူးကို အလုပ်ထုတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် မှ FBI ညွန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီ ကို မေလ ၉ ရက် အင်္ဂါနေ့မှာ အလုပ်ထုတ်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။ FBI ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီ ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ရုရှားအစိုးရ ဆက်သွယ်မှုကိစ္စအား လိုက်လံစုံစမ်းနေတဲ့ အတွက် ထုတ်ပယ်ခြင်း ခံရတာ ဖြစ်တယ်လို့ ဒီမိုကရက်တစ် တွေက မှတ်ချက်ပြုပါတယ်။ ဂျိမ်းစ်ကွန်မီ ဟာ ၎င်းအား အလုပ်ထုတ်လိုက်ခြင်းကို ချက်ချင်းမသိရှိသေးဘဲ ရုပ်မြင်သံကြားသတင်းမှာ ကြေငြာလိုက်မှ သိရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းကို တွေ့မြင်ရခြင်းမှာ မယုံနိုင်သေးဘဲ လုပ်ကြံသတင်းဖြစ်မယ်လို့တောင် ထင်မိခဲ့ကြောင်း ဂျိမ်းစ်ကွန်မီက ပြောပါတယ်။ ဒါ့အပြင် သမ္မတဒေါ်နယ်ထရမ့်ရဲ့ မထင်မှတ်တဲ့ ဆုံးဖြတ်ချက် လှုပ်ရှားမှုတွေကြောင့် ဝေဖန်မှုပေါင်းများစွာ ကြုံတွေ့နေရပါတယ်။… Continue reading FBI ညွှန်ကြားရေးမှူးကို အလုပ်ထုတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

လာမယ့် ၇ နှစ်အတွင်းမှာ အင်္ဂါဂြိုလ်အပေါ် လူသားတွေကိုပို့ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာကာသ ယာဉ်မှူးတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းမှာ လူတွေကို အင်္ဂါဂြိုလ်အပေါ် ပို့ဆောင်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ အတော်များများကတော့ ဒါဟာ ရူးမိုက်မှုဟု မှတ်ချက်ပေးကြသလို ထရမ့်အနေနဲ့ ဒုတိယအကြိမ် သမ္မတ ထပ်ဖြစ်ဖို့တောင် မသေချာပါဘူးလို့ ပြောကြပါတယ်။ ထရမ့်က အာကာသယာဉ်မှူး နှစ်ယောက်အား လူသားများကို အင်္ဂါဂြိုလ်အပေါ်ပို့ဆောင်ဖို့တာ ဖြစ်နိုင်ကြောင်းမေးခဲ့ပြီး ဘယ်အချိန်မှာ ဖြစ်နိုင်လဲဆိုတာပါ မေးခဲ့တာ ဖြစ်ပါတယ်။ အာကာသယာဉ်မှူး Whitson ကတော့ ၂၀၃၀ ခုနှစ်မှသာ ဖြစ်နိုင်ကြောင်း ပြောခဲ့ပြီး ထရမ့်အနေနဲ့ ယင်းအဖြေအပေါ် ကျေနပ်မှုမရှိခဲ့ပါဘူး။ အင်္ဂါဂြိုလ်အပေါ် လူပေါင်းများစွာကို သယ်ဆောင်သွားနိုင်ဖို့ တည်ဆောက်ရမယ့် အာကာသယာဉ်ဟာ ကုန်ကျစရိတ် အလွန်များပြားမှာ ဖြစ်ပြီး တည်ဆောက်ချိန်လဲ အလွန်ကြာမြင့်မှာ… Continue reading လာမယ့် ၇ နှစ်အတွင်းမှာ အင်္ဂါဂြိုလ်အပေါ် လူသားတွေကိုပို့ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိမ်ဖြူတော်တွင် ရုံးထိုင်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ပွား

BBC သတင်းဌာနရဲ့ ထုတ်ပြန်ချက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီး အီဗင်ကာ တစ်ယောက် အိမ်ဖြူတော်တွင် စတင်ရုံးထိုင်တော့မည် ဖြစ်ကြောင်း သိရှိရပါတယ်။ အီဗင်ကာရဲ့ တာဝန်ကတော့ သူမရဲ့ဖခင် ဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်အား အကြံပေးအဖြစ် တာဝန်ယူခြင်း ဖြစ်ပါတယ်။ သမ္မတအဖွဲ့အနေနဲ့ အီဗင်ကာ ကို သတင်းအချက်အလက်အားလုံးအား သိခွင့်ပေးမည် မဟုတ်ဘဲ အမျိုးအစားသတ်မှတ်ထားသော သတင်းအချက်အလက်များကိုသာ သိရှိခွင့်ရမည်ဟု ဆိုသည်။ သို့သော်လည်း အီဗင်ကာ မှာ ထိုကဲ့သို့သော တာဝန်အတွက် လစာနှင့် တရားဝင် ရာထူးကို ရရှိမည် မဟုတ်ကြောင်း အစိုးရအဖွဲ့က ဆိုလိုက်သည်။ အီဗင်ကာ သည် ထရမ့်အတွက် အကြံဉာဏ်ပေးရမည်ဖြစ်ပြီး သမ္မတ၏ မျက်စိနှင့် နားများ အတွက် တာဝန်ထမ်းဆောင်ပေးရမည်ဟု သူမ ၏ ရှေ့နေက… Continue reading အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိမ်ဖြူတော်တွင် ရုံးထိုင်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ပွား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ဒိုမိန်းပေါင်း ၃၀၀၀ ကျော်

CNN Money Investigation ရဲ့ ထုတ်ပြန်ချက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒိုမိန်းပေါင်း ၃၆၄၃ ခု ကိုပိုင်ဆိုင်ကြောင်း သိရှိရပါတယ်။ ထရမ့်ဟာ သူ့နာမည်နဲ့သက်ဆိုင်တဲ့စကားလုံးပါဝင်တဲ့ ဒိုမိန်းအတော်များများကို ဝယ်ယူခဲ့တာ ဖြစ်ပြီး website ပေါင်း မြောက်မြားစွာရှိပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Multi Level Marketing (MLM) လို့ခေါ်တဲ့ ကွန်ရက်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ထူထောင်ခဲ့ပြီး TrumpNetworkFraud.com, TrumpPyramidScheme.com နဲ့ TrumpNetworkPonziScheme.com အပြင် အခြားသော ဝက်ဘ်ဆိုဒ်များလည်း ရှိပါသေးတယ်။ ဗီတာမင်အားတိုးဆေးများကို MLM စနစ်ဖြင့် ဖြန့်ချီခဲ့ပြီ MLM စနစ်နဲ့ အမေရိကန်ပြည်သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် လုပ်ငန်းအောင်မြင်မှု မရှိခဲ့ဘဲ ၂၀၁၂ မှာ ပိတ်သိမ်းခဲ့ရပါတယ်။ ထရမ့်ရဲ့… Continue reading အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ဒိုမိန်းပေါင်း ၃၀၀၀ ကျော်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ website တိုက်ခိုက်ခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ website ဖြစ်တဲ့ donaldjtrump.com ကို တနင်္ဂနွေနေ့မှာ အီရတ် ဟက်ကာ တစ်ယောက် တိုက်ခိုက်ခဲ့ပြီး ” မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး ” ဆိုတဲ့ စာသားကို တင်သွားခဲ့ပါတယ်။ အီရတ်မှ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ရေးခဲ့ပါတယ်။ အဆိုပါ website မှာ ထရမ့် မဲဆွယ်ခဲ့တုန်းက အသုံးပြုခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ အချက်အလက်များ ပြန်လည်မျှဝေရေးနဲ့ အလှူငွေများကို လက်ခံနေဆဲဖြစ်ပါတယ်။ အီရတ် ဟက်ကာ မှာ JavaScript ကို အသုံးပြုကာ deface လုပ်သွားခြင်းဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ ကျွမ်းကျင်သူ များက ပြဿနာကို ပြန်လည်ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။

မီဒီယာဆိုတာ အမေရိကန် ပြည်သူတွေအတွက် ရန်သူလို့ပြောလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

နားကြားမှားတာဖြစ်မှာပါ လို့ မထင်လိုက်ပါနဲ့။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ Twitter ကနေ စာတိုတစ်ကြောင်း tweet ပြီးတော့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် အကြောင်းအရာကိစ္စတစ်ခုခုကြောင့် ဒေါသ ထွက်နေပုံရပြီး Twitter ပေါ်ရေးတင်လိုက်ခြင်း ဖြစ်ပါတယ်။ မီဒီယာ ဆိုတာ ကျနော့်အတွက်တော့ ရန်သူမဟုတ်ပါဘူး။ အမေရိကန်ပြည်သူတွေ အတွက်တော့ ရန်သူ ဖြစ်နေပါတယ် လို့ ပြောလိုက်ပါတယ်။ ထရမ့်ဟာ twitter ပေါ်မှာ ရေးတင်ပြီး အချိန်အနည်းငယ် အကြာမှာ ပြန်ဖျက်ခဲ့သော်လည်း တစ်ကမ္ဘာလုံးကို အချိန်တိုအတွင်း ပြန့်သွားခဲ့ပါတယ်။ screenshot နဲ့တစ်ကွ သိမ်းထားတာဖြစ်တဲ့အတွက် ထရမ့်အနေနဲ့ ဒါကို မရေးခဲ့ပါဘူး လို့ ငြင်းဆို၍ မရနိုင်ပါဘူး။ Tweet လုပ်ပြီး ပြန်ဖျက်ခဲ့သော်လည်း backup လုပ်၍ နောက်တစ်ကြိမ်ပြန်တင်လိုက်ပါသေးတယ်။ နောက်တစ်ကြိမ်… Continue reading မီဒီယာဆိုတာ အမေရိကန် ပြည်သူတွေအတွက် ရန်သူလို့ပြောလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်