အရေးပေါ်အသက်ကယ်နိုင်ဖို့ တာမွေမှ မုဒိတာ အောက်စီဂျင် အလှူတော်

အသက်တစ်ရာ မနေကြရပေမယ့် အမှုတစ်ရာပွေရတဲ့လောကကြီးမှာ အသက်ရေးနဲ့ပတ်သက်လာတဲ့ ဒုက္ခက အင်မတန်မှကြီးလွန်းလှပါတယ်။ ဆေးရုံပေါ်မှာ အရေးပေါ်အသက်လုရတဲ့ အခြေအနေမျိုးကို ကြုံဖူးကြသူတိုင်းသိကြမယ်ထင်ပါတယ်။ ချက်ချင်းသွေးသွင်းရမယ်ဆိုလို့ သွေးရှာရတဲ့ဒုက္ခ၊ ချက်ချင်း အသက်ရှူရခက်ခဲလာလို့ အရေးပေါ်အောက်စီဂျင်ပေးရမယ်ဟေ့ ဆိုတဲ့အခါ အောက်စီဂျင်ဗူးတွေ ချက်ချင်းဘယ်ကရနိုင်မလဲ၊ ဘယ်မှာသွားရှာရမလဲလို့ ခေါင်းခဲတဲ့ကိစ္စ၊ ရနိုင်တဲ့နေရာမှာလည်း လိုအပ်တဲ့ လူနာတွေကထပ်နေတော့ မလုံမလောက်မပြည့်မစုံနဲ့ ဒုက္ခ အဖုံဖုံကြုံရတဲ့ အဖြစ်တွေကတော့ ဒီနိုင်ငံသားတွေအတွက် ရတက်မအေးစရာတွေဖြစ်နေဆဲပါပဲ။ အဲ့လိုအခက်အခဲတွေနဲ့ သောကတွေပြေပျောက်စေဖို့ တစ်တပ်တစ်အားကြိုးစားလှူဒါန်းနေကြတဲ့ အဖွဲ့တစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့(၁၆၆)လမ်းဒေါင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနံဘေးမှာတည်ရှိတဲ့ မုဒိတာ အောက်စီဂျင်(လေ) အလှူတော်အဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးကို ၂၀၁၅ ခုနှစ် မေလ(၂၆)ရက်နေ့မှာ အောက်ပါရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့ကြပါတယ်။ (က) လူမျိုး၊ဘာသာ၊အသက်အရွယ်မရွေး ရောဂါဝေဒနာခံစားရပြီး အသက်ရှူရခက်ခဲသည့်ဘေးဒုကမှ သက်သာကင်းလွတ်ခွင့်ရရှိစေရန်။ (ခ) ဘဝ၏နောက်ဆုံးချိန်တွင် ညင်ညင်သာသာဖြင့် ဘဝကူးကောင်းစေရန်။ (ဂ) ဆင်းရဲချမ်းသာမရွေး… Continue reading အရေးပေါ်အသက်ကယ်နိုင်ဖို့ တာမွေမှ မုဒိတာ အောက်စီဂျင် အလှူတော်