အရက်ဘားမှာ ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုစားသောက်မလဲ

အရက်ဆိုတာ မသောက်ပဲနေနိုင်ရင်တော့ အကောင်းဆုံးပါ။ တကယ်လို့ အရက်ကိုမသောက်ပဲမနေနိုင်လို့ လူမှုရေးအရပဲဖြစ်ဖြစ် သောက်မယ်ဆိုရင်တော့ အသင့်အတင့်ပမာဏကိုသာ သောက်သင့်ပါတယ်။ အရက်ကို အရက်ဘား၊ စားသောက်ဆိုင် စတဲ့ နေရာတွေမှာ သောက်တဲ့အခါ အမြည်းအဖြစ် စားသောက်တဲ့ အစားအစာတွေမှာ ပါဝင်လေ့ရှိတဲ့ အပို ကယ်လိုရီတွေ၊ ဆားနဲ့ အဆီဓာတ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် အကြံပြုရေးသားလိုက်ရပါတယ်။ ချက်ပြုတ်နည်းကိုကြည့်ပါ စားသောက်ဆိုင်မှာ ရောင်းချတဲ့ အစားအသောက်အများစုဟာ အဆီ၊ ဆားနဲ့ ကိုယ်လက်စထရောဓာတ်တွေ ပါဝင်တတ်တာကြောင့် ဆီကြော်စာ အစား ပြုတ်ထားတဲ့၊ ပေါင်းထားတဲ့ အစားအစာမျိုးကို အဓိကမှာသင့်ပါတယ်။ ငါးကို အဓိကမှာပါ အရက်နဲ့ မြည်းတဲ့အခါ ဘဲကင်လို အဆီများတဲ့ အသားတွေကို အဓိကမှာစားလေ့ရှိကြတာကို တွေ့ရပါတယ်။ ဘဲကင်မှာ အဆီဓာတ်ပါဝင်မှု များတာကြောင့် ငါးလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားကို… Continue reading အရက်ဘားမှာ ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုစားသောက်မလဲ

သင်ဘယ်လောက်ထိ သောက်နိုင်လဲဆိုတာကို တိုင်းတာစစ်ဆေးပေးမယ့် လက်ပတ်

သင် ဘယ်လောက်သောက်နိုင်ပါသလဲ။ ရေကိုတော့ အနည်းငယ်သာသောက်နိုင်ပေမယ့် အရက်၊ဘီယာ၊ ၀ိုင်တွေ ဆိုရင်တော့ ရေသောက်တာထက်ပိုသောက်နိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် သောက်နိုင်စွမ်းမတူညီကြသလို ရေချိန်လည်း တူညီမှာ မဟုတ်ပါဘူး။ ရေချိန်ကိုက်ရင် သင်ဟာ အတိုင်းအတာ တစ်ခုထိ ခရီးရောက်နေပါပြီ။ BACtrack Skyn ဆိုတဲ့ စမတ် လက်ပတ်လေးကတော့ သင် ဘယ်လောက်ထိ သောက်နိုင်တယ် ရေချိန်ဘယ်လောက်ကိုက်နေပြီဆိုတာကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးမှာ ဖြစ်ပါ တယ်။ သွေးထဲမှာ အယ်ကိုဟောလ် ပမာဏဘယ်လောက်ရှိနေပြီလဲဆိုတာကို လက်မှာပတ်ထားရင်းနဲ့ စစ်ဆေးပေးနိုင်ပါ တယ်။ ဒါကြောင့် ဒီလက်ပတ်ကို ပတ်ပြီး သောက်တဲ့အခါ ကိုယ့်သွေးထဲမှာ အယ်ကိုဟောလ်ဘယ်လောက်ထိ ရောက်နေပြီ လဲဆိုတာ စစ်ဆေးနိုင်တာကြောင့် ဆက်သောက်သင့် မသောက်သင့် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို တော့… Continue reading သင်ဘယ်လောက်ထိ သောက်နိုင်လဲဆိုတာကို တိုင်းတာစစ်ဆေးပေးမယ့် လက်ပတ်

ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ

အရက်၊ဘီယာ တွေသောက်ရင် မူးတယ်ဆိုတာ လူတိုင်းသိကြပေမယ့် မတူညီတဲ့အရက်တစ်ခုခြင်းဆီမှာ မတူညီတဲ့တုံ့ပြန် မှုတွေနဲ့ သင့်ကို ခရီးရောက်စေတာဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူကတော့ မူးတယ်လို့ မခေါ်လိုပါဘူး။ ခရီးရောက် တယ်လို့ဘဲ သုံးနှုန်းတာပိုသင့်တော်မယ်လို့ ထင်ပါတယ်။ အယ်လ်ကိုဟော ရာခိုင်နှုန်းပါဝင်မှုအချိုးအစားနဲ့ ထုတ်လုပ်တဲ့ ကုန်ကြမ်းအပေါ်မူတည်ပြီး အရက်အမျိုးအစားကွဲပြားခြားနားသွားသလို ဘီယာဆိုလည်း ထို့နည်းတူစွာပါဘဲ။ ဒါပေမယ့် အရက် ဘီယာသောက်တယ်ဆိုတာ ပညာသားပါပါ သုံးဆောင်တတ်ဖို့လိုပါတယ်။ အရက်တစ်ခွက်ရဲ့ စည်းစိမ်ကို ပညာသား ပါပါ သောက်တတ်မှ ရမှာပါ။ ပိုက်ဆံတတ်နိုင်တိုင်း ပုလင်းထဲမှာရှိသမျှ အရက်အားလုံး သင့်တစ်ယောက်ထဲ တစ်ချိန်ထဲ တစ်ထိုင်ထဲ သောက်နိုင်တယ်လို့ ကြွေးကြော်နေရင်တော့ သင်ဟာ ယမကာရဲ့ စည်းစိမ်အပြည့်ကို ခံစားထိုက်တဲ့ သူမဟုတ်သေးပါဘူး။ ၁။ ဘီယာသောက်ပြီးမှ အရက်သောက်သင့်သလား၊ ဒါမှမဟုတ် ရောသောက်သင့်လား။ ဒါကတော့ ရူးမိုက်မှုတစ်ခုပါဘဲ။… Continue reading ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ