အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား

တစ်ကယ်လို့ သင် ဘားမှာထိုင်ပြီး သင့်သူငယ်ချင်းတွေနဲ့ ကော့တေး သောက်နေတဲ့အချိန်မှာ ယားယံမှု ကို ခံစားရပြီဆိုရင် ဒီအကြောင်းအရာကနေ သင်ဘာကို သောက်နေတာလဲ ဆိုတာ ပြောပြပါလိမ့်မယ်။ တစ်ချို့ ဝိုင်နဲ့ ဘီယာတွေမှာ ခန္ဓာကိုယ် အတွင်း ရှိ ဒြပ်ပေါင်းကို အန္တရာယ်ပေးတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ အဲ့ဒါက သင့် ခန္ဓာကိုယ်ထဲ ကို ဝင်သွားပြီး ဆိုးရွားတဲ့ ဓါတ်မတည့် မှု ဖြစ်စေတဲ့ အလားအလာ အများကြီးရှိနေပါတယ်။ မတည့် တဲ့ အရာနှင့် ထိတွေ့လို့ ဖြစ်ပေါ် လာတဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဒြပ်ပေါင်းဟာ အရက် စွဲလန်းသူတွေမှာ ပေါ်လာတတ်ပြီး အဲ့ ဒီဒြပ်ပေါင်းဟာ သင်လမ်းလျှောက်ရင်း ရှုရှိက်မိတဲ့ ပန်းဝတ်မှုန်တွေ ကြောင့်လည်း ထွက်ပေါ်လာတတ်ပါတယ်။ UK… Continue reading အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား

Stone Brewing ရဲ့အိမ်သာမှ ဘီယာ သို့ ပရောဂျက် အောင်မြင်

Stone Brewing ကုမ္ပဏီမှ စမ်းသပ်ထုတ်လိုက်လိုက်တဲ့ ဘီယာဟာ အလွန်မှ အရသာရှိပြီး လူကြိုက်များခဲ့ကြောင်း ဘီယာပြိုင်ပွဲတွင် မှတ်ချက်ပြုခံရသည်။ Stone Brewing ဟာ ရေဆိုးစနစ်တွေကနေ ပြန်လည်သန့်စင်ပြီး ဘီယာချက်လုပ်မယ့် ပရောဂျက်ကို စမ်းသပ်ခဲ့တာ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ ရေဆိုးကနေ ပြန်လည်ထုတ်လုပ်ထားတဲ့အတွက် ချောင်းရေ၊ မြောင်းရေ၊ အိမ်သာအညစ်အညေးရေ စတဲ့ အညစ်အကြေး ပေါင်းစုံပါဝင်မှာ ဖြစ်ပြီး Stone Brewing ရဲ့ အင်ဂျင်နီယာများက ပြန်လည်သန့်စင်တာ ဖြစ်ပါတယ်။ အဆိုပါ သန့်စင်လိုက်တဲ့ ရေကို သောက်ရေသန့်အဖြစ်သော်လည်းကောင်း၊ ဘီယာအဖြစ်သော် လည်းကောင်း ပြန်လည် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ ရေဆိုးတွေကနေ သန့်စင်ပြီး ပြန်လည်ချက်လုပ်ထားတဲ့ Stone Brewing ရဲ့ ဘီယာဟာ အရသာကောင်းမွန်နေတာ ဖြစ်ပါတယ်။… Continue reading Stone Brewing ရဲ့အိမ်သာမှ ဘီယာ သို့ ပရောဂျက် အောင်မြင်

မိုးရွာတိုင်း ဘီယာတစ်ပိုင့် အခမဲ့ သောက်ခွင့်ရမယ့် အင်္ဂလန်ကဘီယာဆိုင်

နောက်နေတာတော့မဟုတ်ပါဘူး။ ဒါ အမှန်တစ်ကယ်ပါ။ မိုးရွာတိုင်း လူမျိုးမရွေး ဘာသာမရွေးလူတိုင်း London Pride မှာ ဘီယာတစ်ပိုင့်ကို အခမဲ့သောက်နိုင်မှာပါ။ ခက်တာက ဒီအစီအစဉ်က မြန်မာပြည်မှာမဟုတ်ဘဲ အင်္ဂလန်မှာ ဖြစ်နေတာဖြစ်ပါတယ်။ London Pride လို့အမည်ရတဲ့ ဘီယာဆိုင်ကတော့ သူ့ရဲ့ Twitter followers တွေကို မိုးရွာတိုင်း ဘီယာ တစ်ပိုင့် အခမဲ့သောက်နိုင်မယ့် အစီအစဉ်ကို စခဲ့ပါတယ်။ အဆိုပါအစီအစဉ်ကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး မိုးလေဝသ ပညာရှင် မိုက်ကယ် ဖစ်ရှ် နဲ့ ကြေငြာခဲ့ပြီး ဘီယာချစ်သူများအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ကိစ္စဖြစ်သွားပါတယ်။ မိုးရွာတဲ့ အကြိမ်တိုင်းမှာ အခမဲ့ဘီယာတစ်ပိုင့် ရရှိမှာ ဖြစ်ပြီး အကယ်၍ တစ်နေ့မှာ မိုး ၃ကြိမ်ရွာရင် ဘီယာ ၃ပိုင့်အခမဲ့သောက်နိုင်မှာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်များ အရက်ကို အလွန်အကျွံသာက်ခြင်းသည် အနာဂတ်တွင် အရိုးပါးနိုင်ခြေ မြင့်မား

ဆယ်ကျော်သက်အရွယ်ကာလအတွင်း အရက်အလွန်အကျွံသောက်တာဟာ နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရက်ကို အလွန်အမင်းသောက်ခဲ့တာက နောက်ပိုင်းမှာ အရိုးပါးနိုင်ခြေ မြင့်မားတယ်လို့ ကော်ရိုလာတက္ကသိုလ်ရဲ့ ကျန်းမာရေးစနစ်ကို လေ့လာသူတွေက ဆိုပါတယ်။ ကော်ရိုလာရဲ့ လေ့လာမှုအသစ်တစ်ရပ်အရ ကြွက်တွေကို လေ့လာကြည့်တဲ့အခါမှာ အရက်တွေကို အလွန်အမင်းသောက်တာကြောင့် အရိုးဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေတဲ့ ဗီဇတွေကို အဟန့်အတားဖြစ်စေတာကို တွေ့ရပါတယ်။ “ငယ်တဲ့ အရွယ်မှာ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်နေတဲ့ အရိုးထိခိုက်မှုကို နောက်ပိုင်းကာလတွေအတောအတွင်း ပိုဆိုးနိုင်လာတာကြောင့်ပါ”လို့ အရိုးဆိုင်ရာ ပါရဂူများ က ဆိုပါတယ်။ အရက်ကို အလွန်အမင်းသောက်တယ်ဆိုတဲ့ အဓိပ္ပာယ်က အမျိုးသမီးတစ်ယောက်ဟာ တစ်ကြိမ်မှာ အနည်းဆုံးလေးခွက်နဲ့  အမျိုးသားတစ်ယောက်က တစ်ကြိမ်မှာ အနည်းဆုံး ငါးခွက်ကို ဆိုလိုတာဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်တဲ့သူတွေက အရက် ၁၀-၁၅ခွက်ခန့် သောက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရက်ကို… Continue reading ဆယ်ကျော်သက်များ အရက်ကို အလွန်အကျွံသာက်ခြင်းသည် အနာဂတ်တွင် အရိုးပါးနိုင်ခြေ မြင့်မား