ဒရုန်း ( Drone) လွှတ်သူများသာ ရရှိမယ့် ကျန်းမာရေးကျေးဇူးတွေ

အတော်များများကတော့ ဒရုန်းကို အပျော်တမ်း လွှတ်ကစားနေသည်ဟုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒရုန်းလွှတ်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အချက်များ ရှိနေတယ်ဆိုတာ လူသိနည်းပါသေးတယ်။ အပြင်ထွက် လှုပ်ရှားမှုဖြစ်ခြင်း ဒရုန်းလွှတ်ခြင်းသည် ထိုင်ခုံတွင် ထိုင်နေရသည်မဟုတ်ဘဲ ဖန်တီးမှုအသစ်များပြုလုပ်နိုင်ခြင်း၊ ဥပမာ တောင်တက်ခြင်းကဲ့သို့ အမြင့်တစ်နေရာကို ယူသွားပြီး ရိုက်ကူးယူနိုင်ခြင်း၊ ကမ်းခြေလိုနေရာမျိုးတွင် မိသားစုနှင့်အတူ ဒါမှမဟုတ် မိတ်ဆွေများနဲ့အတူ ရိုက်ကူးမှတ်တမ်းတင်တာမျိုးတွေ လုပ်နိုင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေသစ်များတိုးလာခြင်း Facebook လိုလူမှုကွန်ရက်ပေါ်က ဓာတ်ပုံဝါသနာရှင်များအဖွဲ့လိုမျိုးတွေမှာ သင်ဖန်တီးထားတဲ့ ဒရုန်းနှင့် ရိုက်ကူးမှုများကို ဝေမျှနိုင်ပါသေးတယ်။ ဒါ့အပြင် ဝါသနာတူ လူသစ်များနှင့် တွေ့ဆုံခင်မင်ရင်းနှီးလာပြီး သင့်ကို စိတ်ကျေနပ်မှု၊ ဥာဏ်ထက်မြက်လာခြင်း တစ်ခုခုကို အာရုံစူးစိုက်လုပ်ခြင်းဟာ မှတ်ဥာဏ်စွမ်းကို တိုးလာနိုင်သလို ဒရုန်းလွှတ်ခြင်းဖြင့် စိတ်ကိုပျော်ရွင်စေပြီး ၄င်းကို ထိန်းချုပ်ရသည့်အတွက် စိတ်ကိုလွှင့်မသွားစေဘဲ တစ်နေရာထဲတွင် တည်ငြိမ်လာနိုင်စေပါတယ်။ အမြန်နှုန်းနဲ့ ရိုက်ကူးဖို့… Continue reading ဒရုန်း ( Drone) လွှတ်သူများသာ ရရှိမယ့် ကျန်းမာရေးကျေးဇူးတွေ

ဂျပန်နိုင်ငံက ထုတ်တဲ့ ပထမဆုံး Doggy Drone

ဒရုန်း (Drone) တွေကို ပုံစံအမျိုးမျိုးနဲ့ မြင်ဖူးကြပေမယ့် ဘယ်သူကမှတော့ ခွေးခန္ဓာကိုယ်နဲ့ ဒရုန်းကိုတော့ မြင်ဖူးမှာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံကနေ ခွေးပုံစံတည်ဆောက်ထားတဲ့ doggy drone ကို တီထွင်လိုက်ပါတယ်။ အဆိုပါ doggy drone ဟာ ခရီးသွားတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပြီး မကြာမှီအချိန်အတွင်းမှာ ဈေးကွက်ထဲသို့ ရောက်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဒရုန်းဟာ ပျံသန်းနေချိန် အတွင်း လက်ရော ခြေထောက်ပါ လှုပ်ရှားနေမှာ ဖြစ်ပြီး ဒါဟာလည်း ဆွဲဆောင်မှု တစ်ခုလို့ ပြောပါတယ်။ အောက်ပါ video ကတော့ doggy drone ကို သရုပ်ပြထားတာ ဖြစ်ပါတယ်။  

ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone

ဒရုန်းဆိုရင် အတော်များများထင်ကြတာကတော့ လေပေါ်မှာဘဲ ပျံဝဲနိုင်တယ်ပေါ့။ အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ CES 2017 နည်းပညာပြပွဲမှာ ဒရုန်း ( drone) တွေကို အဓိက ထုတ်လုပ်နေတဲ့ Powervision ကုမ္ပဏီကနေ ရေအောက်မှာ သွားလာမှတ်တမ်းရိုက်နို်င်တဲ့ ဒရုန်းတစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ လက်ရှိမှာတော့ ရေအောက်ဒရုန်းကို ငါးမျှားသလို ကြိုးနဲ့ ဆက်သွယ်ထားတာ ဖြစ်ပြီး ကြိုးအရှည်ရှိသလောက်သာ ထိန်းချုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြိုးမဲ့ စနစ်တွေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အကွာအဝေးပိုမိုသွားနိုင်မှာပါ ဖြစ်ပါတယ်။ ဒါ့အပြင် ရေချို၊ရေငံနဲ့ အေးခဲလှတဲ့ ရေတွေထဲမှာလဲ အသုံးပြုနိုင်ပါတယ်။ ကင်မရာကိုတော့ 4K UHD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်တာကြောင့် အံ့သြဖွယ်ရာပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ရေအောက်မှာ ရှိတဲ့အရာတွေကို လူကိုယ်တိုင် ရေငုပ်စရာမလိုဘဲ… Continue reading ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone