ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၏တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိနန့်အွန်ကျေးရွာအုပ်စု နမ့်ပေါ် တံတားအနီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကွတ်ခိုင်ဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ကျိန်ကွမ်းချိန်(ဘ) ဦးကျိန်ကျားယုံ မောင်းနှင်ပြီး ၀မ်ရွှီဝှေ့(ဘ) ဦးဝမ်ချန်ကျုံးလိုက်ပါလာသည့် မတ်တူးအမျိုးအစား ယာဉ်အမှတ်၊ 7H/—-အား စစ်ဆေးရာ ယာဉ်နောက်ခန်းထိုင်ခုံကြားအံဝှက်အတွင်းမှ တိပ်အကြည်ဖြင့်ပတ်ထားသည့် အထုပ်သုံးထုပ် အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၃၈၆၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်၂၀၇ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် မူဆယ်မြို့ မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Unicode :ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ… Continue reading ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဘရာဇီးတွင် မူးယစ်ရာဇာ တစ်ယောက်ကို နှစ်၃၀အကြာမှ ဖမ်းဆီးရမိ

နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ မူးယစ်ရာဇာဖြစ်သော Luiz Carlos da Rocha ဟာ ကိုကင်း ကိုအဓိက ဖြန့်ချီ နေတဲ့ မူးယစ်ရာဇာ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ နှစ်၃၀လောက်ထဲက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။ မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိဟု ဆိုသလို အနှစ်၃၀လောက် ကြာအောင်ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတော့ ဘရာဇီးလ်ရဲတပ် ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာရှိ ကိုကင်း အင်ပါယာကြီးကို ကြိုးကိုင်ထားတဲ့ Luiz Carlos da Rocha ဟာ ထွက်ပြေး တိမ်းရှောင်း ပြီးနောက် ပလတ်စတစ်ဆာဂျရီလုပ်ကာ ရုပ်ဖျက်ခဲ့သည့်အပြင် Vitro Luiz de Moraes ဆိုတဲ့ နာမည်ကိုပါ ပြောင်းလဲလိုက်ပြီး ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံ… Continue reading ဘရာဇီးတွင် မူးယစ်ရာဇာ တစ်ယောက်ကို နှစ်၃၀အကြာမှ ဖမ်းဆီးရမိ

Published
Categorized as News Tagged ,

မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးမည့် ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု

ဖိလစ်ပိုင်နိုင်ငံဟာ သမ္မတဒူတာတေး တက်လာပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါးကိုင်တွယ်မှုဟာ ပိုမိုကြမ်းတမ်းလာပြီး ကမ္ဘာ့အကြမ်းဆုံး မူးယစ်ဆေးဝါးအမှုများကို ကိုင်တွယ်တဲ့ သမ္မတအဖြစ်တောင် မှတ်တမ်းဝင်နေပါပြီ။ ယခုလည်း သမ္မတ ဒူတာတေးရဲ့ စီစဉ်မှုနဲ့အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးနိုင်မယ့် ဥပဒေကို တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကို ဖိလစ်ပိုင် အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ မဲခွဲတဲ့အခါ ထောက်ခံသူ ၂၁၆မဲ၊ ကန့်ကွက်သူ ၅၄မဲနဲ့ ကြားနေ ၁မဲ ရရှိပြီး အောက်လွှတ်တော်မှာ ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့်လည်း အထက်လွှတ်တော်မှာ ထပ်မံ အတည်ပြုမှု လိုအပ်ပါသေးတယ်။ အထက်လွှတ်တော်ကသာ ငြင်းပယ်ခဲ့ရင် အဆိုပါ ဥပေဒမှာ အသက်ဝင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးကျွမ်းကျင်သူများကတော့ ဒူတာတေးဟာ မူးယစ်ဆေးဝါးအမှုကို အကြောင်းပြပြီး သူ့ရဲ့ ပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။… Continue reading မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပေးမည့် ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု

ပါရာစီတမောကို ရေတို၊ ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်

လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ကျွန်တော်တို့တွေဟာ ဘာရောဂါဖြစ်ဖြစ် ဒါပဲသောက်ကြတယ်လို့ လက်ဆင့်ကမ်းမျှဝေ သောက်သုံးနေကြတာကို တွေ့ရပါတယ်။ ဘာရောဂါဖြစ်ဖြစ် အဲ့ဒါလေးသောက်လိုက်ပါဆိုပြီး ဘေးထွက်ဆိုးကျိုးတွေကို မသိကြပဲ တစ်ခါသောက်ရင် တစ်လုံးထက်ပိုပြီး သောက်ကြတာကလည်း မှားယွင်းနေကြတာပါ။ ပါရာစီတမောကို ရေတို၊ ရေရှည်သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) တွင် ဖတ်ကြားသွားသော စာတန်းအရ သိရပါတယ်။ အသည်းဆဲလ်များ ပျက်စီး အဆိုပါသုတေသနတွင် ကြွက်ဖြူများကို လတ်တလော အဆိပ်သင့်စေခြင်း၊ ကြွက်ဖြူကြီးများကို အချိန်တို အဆိပ်သင့်စေခြင်းဖြင့် စမ်းသပ်ခဲ့ကြောင်း၊ လတ်တလောအဆိပ်သင့်စမ်းသပ်မှုတွင် ပါရာစီတရော ၀.၅ မှ ၀.၆ ကီလိုဂရမ်ကို တစ်ကြီမ်တည်းတိုက်ကျွေးခဲ့ရာ သေစေနိုင်သော ဆေးချိန်အမှတ်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ ရေတို(အချိန်တို) စမ်းသပ်မှုများတွင် ပါရာစီတမော ၀.၂၅မှ ၀.၅ ဂရမ်/ ကီလိုဂရမ်ကို… Continue reading ပါရာစီတမောကို ရေတို၊ ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်