မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာတဲ့ မွန်ပြည်နယ်

မြို့နယ် ၁၀မြို့နယ်ဖြင့် ဖွဲ့စည်းထားတဲ့ မွန်ပြည်နယ်မှာ လူလတ်ပိုင်းအရွယ်တွေသာမက တက္ကသိုလ်ကျောင်းသူကျောင်းသားများနဲ့ ဆယ်ကျော်အသက် အရွယ် ကျောင်းသားလေးပါ မူးယစ်ဆေးသုံးစွဲလာတာကို တွေ့လာရပါတယ်။ အဲဒီလို မူးယစ်ဆေးသုံးစွဲမှုမြင့်တက်လာတာကြာင့် ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ပေးဖို့ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးတင်ပြဖို့ ဇွန်လ ၁၃ရက်နေ့၌ မွန်ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။ မွန်ပြည်နယ်မှာ အခြေခံကျောင်းတွေအထိ မူးယစ်ဆေးသုံးစွဲတာတွေ၊ ဖမ်းမိထားတာတွေ ရှိနေတဲ့အတွက်ကြောင့် ၎င်းတို့ကိုထိန်းကျောင်းဖို့ အဆိုတင်သွင်းခြင်းဖြစ်တာပါလို့ အဆိုတင်သွင်းသူ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းများနဲ့ အခြေခံကျောင်းများ အနီးတဝိုက်မှာ မူးယစ်ဆေးဝါးတွေ ရောင်းချနေမှု၊ ကျောင်းသားတွေကို မူးယစ်ဆေးဝါး သယ်ယူခိုင်းသူတွေရှိနေတယ်လို့ ဦးအောင်းကျော်သူက ပြောပါတယ်။ ဒါကြောင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးသုံးစွဲမှု လျော့ကျအောင် ကျောင်းသားအားကစားပွဲတော်များ… Continue reading မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာတဲ့ မွန်ပြည်နယ်