အောက်စ်ဖို့ဒ်တက္ကသိုလ်သည် ဥာဏ်မရှိသောသူများ တက်သည့်ကျောင်းဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးဝေဖန်

ဖိလစ်ပိုင်သမ္မတဒူတာတေးဟာ စိတ်ကြမ်းလူကြမ်းသမ္မတတစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းသိရှိကြသလို အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာမှုထုတ်ပြန်ချက်တစ်ခုကြောင့် သမ္မတဒူတာတေးဟာ ဒေါသထွက်လျက်ရှိပါတယ်။ ရွေးကောက်ပွဲမှာ လူအထင်ကြီးအောင် ပြောဆိုဖို့ အဖွဲ့တစ်ဖွဲ့ကို ပိုက်ဆံပေးငှားရမ်းခဲ့တယ်လို့ အောက်စ်ဖို့ဒ်က ထုတ်ပြန်လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်ကို သမ္မတဒူတာတေးက နိုင်ငံတိုင်းမှာ မဲဆွယ်ရင်ဒီလိုဘဲဟာ၊ ဒါလုပ်နေကြ ကိစ္စဘဲလေ ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထို့အပြင် အောက်စဖိုဒ့်တက္ကသိုလ်သည် ဥာဏမရှိသောသူ များတက်သော ကျောင်းဖြစ်သည်ဟု ဒေါသတစ်ကြီးဝေဖန်ပြောဆိုခဲ့သည်။ အောက်စဖိုဒ့်တက္ကသိုလ် သည် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ငွေကြေး၊ အင်အား၊ ပါတီ၊ ဗျူဟာများကို စနစ်တစ်ကျလေ့လာခဲ့ပြီး လူတွေကို လူမှုကွန်ရက်ပေါ်မှာ မဲဆွယ်နိုင်ဖို့ အလိုအလျောက် မဲဆွယ်နိုင်မယ့် Bot စနစ်တွေအသုံးပြုခဲ့ကြောင်း ထုတ်ပြန်ကြေငြာလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကို ဖိလစ်ပိုင် သမ္မတ ဒူတာတေး… Continue reading အောက်စ်ဖို့ဒ်တက္ကသိုလ်သည် ဥာဏ်မရှိသောသူများ တက်သည့်ကျောင်းဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးဝေဖန်

ဖိလစ်ပိုင်သမ္မတ ဒူတာတီ မြန်မာနိုင်ငံသို့ မတ်လ ၁၉ ရက်နေ့တွင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်မည်

မတ်လ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတီသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွက် ၂ရက်ကြာနေထိုင်မည် ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ် တစ်ခု အနေနဲ့သာ လာရောက်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့သို့လာမည် မဟုတ်ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတီသည် အာဆီယံနိုင်ငံအားလုံးသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပြီး နောက်ဆုံး ခရီးစဉ်မှာ မြန်မာနိုင်ငံဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတီ လာရောက်မည့် ခရီးစဉ်များကို မီဒီယာများက အထူးစိတ်ဝင်စားကြပြီး အကြောင်းရင်းမှာ စကားပြော ကြမ်းတမ်းသောကြောင့် ဖြစ်သည်။ မူးယစ်ဆေးဝါးအမှုကိစ္စများ ကိုင်တွယ်ရာတွင် ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံးဟု သတ်မှတ်နိုင်သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတီ၏ စကားကြမ်းတမ်းမှုကြောင့် အမေရိကန်နိုင်ငံနှင့် ချစ်ကြည်ရေးကိစ္စ ပျက်ကာ ခရီးစဉ်ပျက်သည့် ကိစ္စများလည်း ဖြစ်ပွားခဲ့သည်။… Continue reading ဖိလစ်ပိုင်သမ္မတ ဒူတာတီ မြန်မာနိုင်ငံသို့ မတ်လ ၁၉ ရက်နေ့တွင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်မည်

အခွန်ရှောင်တဲ့သူတွေကို သတ်မယ်လို့ပြောတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဟာ မူးယစ်ဆေးဝါးအမှုတွေကို ကျောချမ်းစရာကောင်းလှအောင် အာဏာရှင်ဆန်ဆန်ဖြေရှင်းပြီးနောက် ဖိလစ်ပိုင်နိုင်ငံသားတို့ရဲ့ အားပေးထောက်ခံမှုတွေကိုလည်း ရထားသူ တစ်ယောက်လဲ ဖြစ်ပါတယ်။ လက်ရဲဇက်ရဲရှိလှတဲ့ သမ္မတ ဒူတာတေးရဲ့ စကားတစ်ခွန်းဟာလည်း လက်တွေ့မှာ အပြောနဲ့တင်မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ပြခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလည်း ဒူတာတေးက ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ပြောခဲ့ပါတယ်။ အစိုးရကို အခွန်မှန်မှန်မပေးဆောင်တဲ့ လုပ်ငန်းတွေကို သတ်ပစ်မယ်လို့ ပြောလိုက်ပါတယ်။ အစိုးရလုပ်ငန်းတွေဟာ အခွန်ငွေလိုအပ်နေတာကြောင့် မိမိပေးဆောင်ရမယ့် အခွန်ငွေတွေကို မှန်မှန်ပေးကြဖို့ ပြောလိုက်ပါတယ်။ ပေးဆောင်လိုက်ရတဲ့ အခွန်ငွေတွေဟာ တိုင်းပြည်အတွက် အသုံးချတာဖြစ်ပြီး အခွန်တွေပုံမှန်ဆောင်မှ အစိုးရအနေနဲ့ပြည်သူ့အလုပ်တွေကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ” ခွေးမသားတွေ၊ မင်းတို့ အခွန်ဆောင်ကြလေ။ အခွန်ရှောင်လို့ကတော့ သတ်ပစ်မှာ ” ဟု ပြောခဲ့သည်။ သို့သော်လည်း… Continue reading အခွန်ရှောင်တဲ့သူတွေကို သတ်မယ်လို့ပြောတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

Published
Categorized as News Tagged