ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက္ကသိုလ်များစာရင်းတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များ မပါဝင်

ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက် စာရင်းတွင် အာရှတိုက်၏ ပထမနေရာကို စင်ကာပူအမျိုးသားတက္ကသိုလ်မှ ရရှိသွားကြောင်းသိရှိရသည်။ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်စာရင်းတွေ ဥရောပနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် များက ဦးဆောင်လျက်ရှိပြီး ယခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်း ၉၈၀ တွင် အာရှမှ တက္ကသိုလ် ၂၈၉ ခုပါဝင်လာသည်။ အာဆီယံနိုင်ငံများထဲတွင် ထိုင်းနိုင်ငံတက္ကသိုလ်များမှ ဦးဆောင်လျက်ရှိပြီး အာရှ၏ ထိပ်ဆုံးတက္ကသိုလ် အဖြစ် ၁၀ ခု စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်တက္ကသိုလ် ၁ ခုလဲ စာရင်းဖော်ပြချက်တွေ ပါဝင်ခဲ့သည်။ လက်ရှိတွင် အာရှတိုက်၌ အကောင်းဆုံးထိပ်တန်း တက္ကသိုလ်စာရင်းတွင် စင်ကာပူ အမျိုးသား တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်က ဦးဆောင်လျက်ရှိသည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဘရူနိုင်းနိုင်ငံ တို့ရှိ တက္ကသိုလ်များအား အဆင့်မှီတက္ကသိုလ်အဖြစ်… Continue reading ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက္ကသိုလ်များစာရင်းတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များ မပါဝင်

မိတ္ထီလာမြို့တွင် ကိုးတန်းကျောင်းသားမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

မိတ္ထီလာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုးတန်းကျောင်းသားတစ်ဦးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝင်ရောက်ဖြေဆိုမှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ကိုးတန်းကျောင်းသားအား မတ်လ ၉ ရက်နေ့ အင်္ဂလိပ်စာဖြေသည့်နေ့တွင် ကျောင်းအုပ်ချုပ်ရေး တာဝန်ခံမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောင်းသားမှာ ကိုးတန်းကို စာမေးပွဲကျထားသည့် ကျောင်းသားလဲ ဖြစ်သည်။ အဆိုပါ ကိုးတန်းကျောင်းသားမှာ ကိုယ်ပိုင်ခုံအမှတ်ဖြင့် ဝင်ရောက်ဖြေဆိုခြင်း ဖြစ်ပြီး ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှ တစ်ဆင့် ဆယ်တန်းခုံနံပတ်လျှောက်၍ ဖြေဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုးတန်းကို ကျထားသည့် ကျောင်းသားမှ ဆယ်တန်းစာမေးပွဲဖြေဆိုရန်အတွက် ခုံနံပတ်ကို မည်သို့မည်ပုံရအောင် လျှောက်ထားမှန်းမသိသေး၍ အဆင့်ဆင့် ပြန်လည် စစ်ဆေးမည်ဟု သိရှိရသည်။ လက်ရှိတွင် အဆိုပါ ကျောင်းသား၏ ခုံနံပတ်အား ပယ်ထားလိုက်ကြောင်းသိရှိရသည်။ စစ်ဆေးမှုများ ပေါ်ပေါက်လာပါက… Continue reading မိတ္ထီလာမြို့တွင် ကိုးတန်းကျောင်းသားမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

စာမတော်တဲ့ “C” ကျောင်းသားတွေ ကမ္ဘာမှာ အအောင်မြင်ဆုံး ဖြစ်ရတဲ့ အကြောင်းရင်း(၇)ချက်

ဒီနေ့ကမ္ဘာတစ်ဝန်းမှာ မိဘတွေဟာ  သားသမီးတွေရဲ့ ပညာရေးအတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဘာကြောင့်လဲ။ သူတို့သားသမီးတွေ အမှတ်ကောင်းကောင်းနဲ့ A+ အဆင့်ရပြီး အလုပ်ကောင်းကောင်းနဲ့ ဝင်ငွေကောင်းကောင်းရဖို့ပါပဲ။ ဒါပေမယ့် မိဘအများစု မသိကြသေးတာက ယနေ့ ကမ္ဘာပေါ်မှာ အညံ့ဆုံး အဆင့် C ကျောင်းသားတွေက ဝင်ငွေအများဆုံးနဲ့ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေကြတယ်ဆိုတာကိုပါပဲ။ ဒီကျောင်းသားတွေ ဒီလိုအောင်မြင်လာရတဲ့ အကြောင်းအချက် (၇)ချက်ရှိပါတယ်။ (၁) သူတို့ဘာလိုချင်တယ်ဆိုတာ သူများတကာထက် စောစီးစွာ သိကြတယ်။ (၂) စောစီးစွာ ကျောင်းထွက်ကြရလို့ လက်တွေ့ဘ၀ အတွေ့အကြုံကို ဦးစွာ ရကြတယ်။ (၃) ကွန်ရက်ကို တည်ဆောက်ကြတယ်။(လူမှုရေးရာမှာ ကျွမ်းကျင်ပါးနပ်ကြတယ်) (၄) ဘဝကို ဘယ်လိုပျော်ရွှင်စွာ ရှင်သန်ရမယ်ဆိုတာ သိကြတယ်။ (၅) အရှင်းလင်းဆုံးအဖြေတွေကို ရှာကြတယ်။ (၆) သူတို့ရဲ့… Continue reading စာမတော်တဲ့ “C” ကျောင်းသားတွေ ကမ္ဘာမှာ အအောင်မြင်ဆုံး ဖြစ်ရတဲ့ အကြောင်းရင်း(၇)ချက်

အောင်၊ရှုံး စနစ်ဖြင့် အတန်းတင်စာမေးပွဲစနစ်အား ဖျက်သိမ်းမည်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အတန်းတင်စာမေးပွဲအား အောင်၊ရှုံး ဖြင့် သတ်မှတ်သည့် စနစ်အား ဖျက်သိမ်းမည်ဟု သိရှိရသည်။ အခြေခံပညာပထမတန်းအဆင့်မှ နဝမတန်းအထိ အကျုံးဝင်မှာ ဖြစ်ပြီး ကျောင်းသား/သူ တစ်ဦးချင်းဆီ၏ ဘက်စုံအရည်အချင်း၊ နှစ်ဝက်စာမေးပွဲရလဒ်၊ အတန်းတင်စာမေးပွဲရလဒ် စသည်တို့ကို စုပေါင်း၍ အကဲဖြတ်ကာ အတန်းတင်ပေးသည့် စနစ်ကို ယခုနှစ်မှစ၍ ပြောင်းလဲရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ စာစစ်ဌာနမှ အစီအစဉ်အားရေးဆွဲ၍ ပညာရေးစီမံခန့်ခွဲမှုကော်မတီမှ အတည်ပြု၍ ၂၀၁၇-၁၈ခုနှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း သိရှိရသည်။ တက်ကျွမ်းမှုအဆင့် (၆၀) ရာခိုင်နှုန်း၊ လုပ်ငန်းပေးဆောင်ရွက်ခြင်း (၄၀) ရာခိုင်နှုန်း သတ်မှတ်ပြီး Grade A,B,C,D ဖြင့် အကဲဖြတ်ကာ အောင်/ရှုံး သတ်မှတ်မည်ဟု သိရှိရသည်။ ပထမတန်းမှ နဝမတန်းအထိ စာမေးပွဲအမှတ်စာရင်းအစား အဆင့်သတ်မှတ်ချက် Grade A,B,C,D… Continue reading အောင်၊ရှုံး စနစ်ဖြင့် အတန်းတင်စာမေးပွဲစနစ်အား ဖျက်သိမ်းမည်

ကောင်းတဲ့ပညာရေးနဲ့ ညံ့တဲ့ပညာရေးတို့ရဲ့ ကွာခြားချက် (၈)ချက်

ပညာခေတ်လို့ခေါ်တဲ့ ၂၁ ရာစုမှာ ပညာရေးရဲ့ အခန်းကဏ္ဍက အတော့်ကို အရေးပါလာတာ တွေ့ကြ ရပါ လိမ့်မယ်။ လူတစ်ဦးတစ်ယောက်ကနေ အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုးအထိ လိုရာခရီးပြီးမြောက်ဖို့ ပညာက အခရာဖြစ်နေတာကြောင့် ပညာကို အလုအယက်ရှာဖွေ သင်ယူနေကြရပါတယ်။ ဘဝတစ်သက်တာ အတွက် ဒီလိုအရေးပါလှတဲ့ ပညာရေးကို ရွေးချယ်တဲ့အခါ ကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်စေဖို့ ကောင်းမွန်တဲ့ ပညာရေးနဲ့ ညံ့ဖျင်းတဲ့ပညာရေးတို့ရဲ့ ကွာဟချက်ကို ခွဲခြားသိနိုင်အောင်တင်ပြလိုက်ရပါတယ်။ (၁) ကောင်းမွန်တဲ့ပညာရေးက ဘယ်လိုသင်ယူရမယ်ဆိုတဲ့ နည်းလမ်းကို သင်ပေးပြီး ညံ့တဲ့ပညာရေးကတော့ သင်ယူရမယ့် အကြောင်းအရာတွေကိုပဲ သင်ပေးတယ်။ (၂) ကောင်းတဲ့ပညာရေးက လူအချင်းချင်း၊ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်ရေးနဲ့ အရေးအဖတ် အတွက်အချက်နှစ်မျိုးစလုံးကို သင်ကြားပေးပါတယ်။ ညံ့တဲ့ပညာရေးကတော့ သင်ပေးရ လွယ်ကူတဲ့ အရေးအဖတ် အတွက်အချက်တွေလောက်ကိုသာ… Continue reading ကောင်းတဲ့ပညာရေးနဲ့ ညံ့တဲ့ပညာရေးတို့ရဲ့ ကွာခြားချက် (၈)ချက်