အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် အိမ်ဖြူတော်တွင် အချိန်ပိုင်းသာ နေထိုင်လို

၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၂ဝရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ၄၅ယောက်မြောက် သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရမ့် သည် သမ္မတဖြစ် လာပါက အိမ်ဖြူတော်တွင် အချိန်ပိုင်းသာနေလိုသည် ဟု ပြောခဲ့သည်။ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော သမ္မတိုင်းသည် သမ္မတဖြစ်ချိန်မှစ၍ အိမ်ဖြူတော် တွင်သာ နေထိုင်ခဲ့သော်လည်း ထရမ့် လက်ထက်မှသာလျှင် အိမ်ဖြူတော်တွင် အချိန်ပိုင်း သာ နေထိုင်လိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ ထရမ့်သည် ၀ါရှင်တန် နှင့် နယူးယောက် မြို့တော်တွင် တစ်လှည့်စီ ခွဲနေရန် သူ၏ အကြံပေးများနှင့် ဆွေးနွေး ခဲ့သော်လည်း အကြံပေးအရာရှိများကမူ ထရမ့်အား အိမ်ဖြူတော်တွင်သာ နေထိုင်ဖို့အကြံပေးခဲ့သည်။ ထရမ့်၏ ဆန္ဒအရမူ မိမိကိုယ်ပိုင် ထရမ့်တာဝါ တွင် ပိုမိုနေထိုင်လိုစိတ် ဆန္ဒများနေသည်။ ဆယ်စုနှစ် ၃ခု ခန့် ခြေမွှေးမီးမလောင်… Continue reading အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် အိမ်ဖြူတော်တွင် အချိန်ပိုင်းသာ နေထိုင်လို

တစ်နှစ်လျှင် အမေရိကန်သမ္မတ လစာ ၁ဒေါ်လာစွန်းစွန်းသာ ယူမယ်လို့ပြောတဲ့ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတလောင်းရွေးကောက်ပွဲအပြီးမှာ ပြိုင်ဘက် ဟီလာရီကလင်တန် ကို အနိုင်ရလာတဲ့ ဒေါ်နယ်ထရမ့် ဟာ လာမယ့် နှစ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂ဝရက်နေ့ဆိုရင် အမေရိကန်ရဲ့ ၄၅ယောက်မြောက် သမ္မတ ဖြစ်လာတော့မှာပါ။ ဒေါ်နယ်ထရမ့်ဟာ သမ္မတလစာ မယူဘူးလို့ပြောခဲ့ပေမယ့် ဥပဒေအရမဖြစ်မနေ ယူရမှာဖြစ်တဲ့အတွက် တစ်နှစ်ကို သမ္မတလစာ ငွေ ၁ဒေါ်လာစွန်းစွန်းသာ ယူမယ်လို့ ပထမဆုံးရုပ်သံအင်တာဗျူး တစ်ခုမှာပြောခဲ့ပါတယ်။ ထရမ့် သမ္မတဖြစ်လာတဲ့အခါ မက္ကဆီကို နယ်စပ်ကိုလည်း တံတိုင်းခတ်မယ်လို့ပြောခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂သန်းမှ ၃သန်းခန့်ကိုလဲ ပြည်နှင်ဒဏ်ပေးအုံးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလဲ အမေရိကန် နိုင်ငံအတွင်းမှာ ထရမ့်ကို သမ္မတအဖြစ် လက်မခံလိုကြောင်း ဆန္ဒပြမှုတွေလည်း ဖြစ်နေပါတယ်။