Hyundai ၏ ပထမဆုံးသော လျှပ်စစ်ဘတ်စ်ကားကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်မည်

၂၀၁၄ခုနှစ်နောက်ပိုင်းကစပြီး လျှပ်စစ်ကားတွေ စတင် ခေတ်စားလာခဲ့ပေမယ့် လျှပ်စစ်ဘတ်စ်ကားတွေကိုတော့ မတွေ့ရှိရပါဘူး။ ယခုနောက်ပိုင်းမှာ သာမန်အိမ်စီးလျှပ်စစ်ကားတွေမှတစ်ဆင့် ဇိမ်ခံနဲ့ ပြိုင်ကားအမျိုးအစား လျှပ်စစ်ကားတွေကိုပါ တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကိုးရီးယား မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Hyundai ကတော့ လျှပ်စစ်ဘတ်စ်ကား အမျိုးအစားကို ၂၀၁၈ ခုနှစ်မှ စတင်မိတ်ဆက်ပြသသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ Elec City လို့အမည်ပေးထားတဲ့ လျှပ်စစ်ဘတ်စ်ကားဟာ Hyundai ရဲ့ ပထမဆုံးသော လျှပ်စစ်ဘတ်စ်ကား ဖြစ်ပါတယ်။ ၂၅၆ ကီလိုဝပ်ဘတ်ထရီပါရှိပြီး မိုင်ပေါင်း ၁၈၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ တစ်နာရီကျော်ခန့်အားသွင်းရုံနဲ့ အားပြည့်မှာ ဖြစ်ပြီး ခန့်မှန်းချက်များအရ မြို့တွင်းနဲ့ အရမ်းအဝေးတဲ့ ခရီးစဉ်တွေအတွက် ထုတ်လုပ်တာ ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ Hyundai အနေနဲ့ အဆိုပါ လျှပ်စစ်ဘတ်စ်ကားကို မြောက်အမေရိကားကို တင်သွင်းဖို့… Continue reading Hyundai ၏ ပထမဆုံးသော လျှပ်စစ်ဘတ်စ်ကားကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်မည်