သင် မသိသေးတဲ့ Chester Bennington ရဲ့ အချက် ၁၀ ချက်

Linkin Park အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်နင့် သီချင်းရေးဆရာ Chester Bennington ဟာ ကိုယ်ကိုယ်ကို သတ်သေခဲ့ပြီး  ဘာအကြောင်းအရာကြောင့်လဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒီပိုစ့်လေးမှာ သင် မသိသေးတဲ့ Chester Bennington ရဲ့ အချက် ၁၀ ချက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ ငယ်စဉ်ကတည်းက ဆေးစွဲခဲ့သူဖြစ်ပြီး ဆေးသုံးစွဲမှုကြောင့် သီချင်းကောင်းတွေကို ရေးနိုင်တာပါလို့ ဝန်ခံထားဖူးပါတယ်။ အရက်ကို အလွန်အကျွံသောက်သုံးသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂။ Sean Dowdell အမည်ဖြင့်အဖွဲ့ကို စတင်ခဲ့ပြီး နာမည်ကြီးခဲ့ခြင်းမရှိပါ။ ၃။ ဆိုက်ဘာမှုခင်းရဲ့ သားကောင်ဖြစ်ခဲ့ပြီး Devon Townsend အမည်ရှိ လိုက်လံနောက်ယှက်သူမှာ တစ်နှစ်နီးပါး အွန်လိုင်းမှ တစ်ဆင့် ဒုက္ခပေးခဲ့ပါသည်။ ၄င်းသည် ထိုအတွက် ထောင်(၂)နှစ်ကျခံရပြီး Chester မှာမူ… Continue reading သင် မသိသေးတဲ့ Chester Bennington ရဲ့ အချက် ၁၀ ချက်

Super Junior အဖွဲ့ မကြာမှီ ပရိတ်သတ် အရှေ့ပြန်ရောက်လာတော့မည်

တောင်ကိုးရီးယား K-Pop အဆိုတော်အဖွဲ့ဖြစ်တဲ့ Super Junior အဖွဲ့ဟာ ယခုနှစ်အတွင်းမှာဘဲ ပရိတ်သတ်တွေဆီ ပြန်လာတော့မယ်လို့ Label SJ ကုမ္ပဏီမှ ထုတ်ပြန်လိုက်ပါတယ်။ Super Junior ရဲ့ ပရိတ်သတ်များအတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်ပြီး အဖွဲ့ဝင် ၈ ဦးနဲ့ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်အားလုံးဟာ ယခုနှစ်မှာ စစ်မှုထမ်းကာလသက်တမ်းပြည့်ပြီ ဖြစ်တဲ့အတွက် အောက်တိုဘာလ ကုန်ခါနီး ဒါမှမဟုတ် နိုဝင်ဘာ အစလောက်မှာ ပရိတ်သတ်တွေရဲ့ အရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာလို့ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ Kyuhyun နဲ့ Ryeowook တို့ နှစ်ဦးဟာ စစ်မှုထမ်းဆောင်နေဆဲဖြစ်ပြီး လအနည်းငယ်အတွင်းမှာ စစ်မှုသက်တမ်းပြည့်တော့မှာ ဖြစ်ပါတယ်။ Source : Koreaboo Zawgyi… Continue reading Super Junior အဖွဲ့ မကြာမှီ ပရိတ်သတ် အရှေ့ပြန်ရောက်လာတော့မည်

လည်ချောင်းကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်

တောင်ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်ဟာ လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေရကြောင်း သူ့ရဲ့ ပရိသတ်တွေကို တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Nasopharynx ကင်ဆာ အမျိုးအစားဖြစ်ပြီး နှာခေါင်းအနောက်ဘက် လည်ချောင်းအပေါ်ဘက်ခြမ်းကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာဝေဒနာဖြစ်နေတာကို အချိန်မှီစောစီးစွာ သိရှိတဲ့အတွက် ကုသမှု ခံယူသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ မင်းသား ကင်ဝူဘင်ရဲ့ ပရိတ်သတ်တွေဟာ ဆုတောင်းမေတ္တာပို့ပေးကြပြီး အမြန်ကျန်းမာလာစေဖို့ ဆန္ဒပြုလိုက်ကြောင်း သိရှိရပါတယ်။ Source : Koreaboo Zawgyi Font : လည်ချောင်းကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင် တောင်ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်ဟာ လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေရကြောင်း သူ့ရဲ့ ပရိသတ်တွေကို တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Nasopharynx ကင္ဆာ… Continue reading လည်ချောင်းကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်

ငြိမ်းချမ်းညီညွတ်တိုးတက်ရေးအတွက် အနုပညာရှင်အားလုံး ဝန်းရံပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ပြည်သူများလိုလားတောင့်တနေသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် တိုးတက်ရေးအတွက် ရုပ်ရှင်လောကသားများ အပါအဝင် စာပေ၊ ဂီတ၊ သုခုမအနုပညာရှင်များအားလုံးက ဝန်းရံပေးရန် မေတ္တာရပ်ခံပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့အပြင် အနုပညာရှင်များအနေဖြင့် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ စီးပွားရေး တိုးတက်မှု၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးပန်းတိုင်များကို ပြည် သူများ လျှောက်လှမ်းရာတွင် များ စွာအထောက်အကူပေးနိုင်သည် ဟု ထပ်မံပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ဖတ်ကြားခဲ့ ခြင်းဖြစ်သည်။ ပြည်သူများအကြားတွင် ခွဲ ခြားမှု၊ အမုန်းတရားများကင်းဝေး ပြီး မေတ္တာတရားများ တိုးတက် ဖြစ်ပေါ်လာရန် အပတ်တကုတ် ကြိုးစားလိုစိတ်များ တိုးပွားလာ စေရန်၊ စာရိတ္တနှင့်… Continue reading ငြိမ်းချမ်းညီညွတ်တိုးတက်ရေးအတွက် အနုပညာရှင်အားလုံး ဝန်းရံပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ

၂၀၁၆ ခုနှစ်ရဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲကြီးကို ယခု အစိုးရသစ်လက်ထက်မှာ တစ်မူထူးခြားစွာနဲ့ ပဲ ရွှေတိဂုံစေတီတော် နောက်ခံပြုပြီး ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ရုပ်ရှင်ချစ် ပရိတ်သတ်ကြီးကလည်း မိမိတို့ချစ်ခင်ရာ၊ အားပေးရာ အနုပညာရှင်တွေ အကယ်ဒမီ ရွှေစင်ဆုတွေ ဆွတ်ခူးနိုင်ဖို့အတွက် အားပေးခဲ့ကြပါတယ်။ တစ်ချို့လည်း မျှော်လင့်သလိုဖြစ်လာကြလို့ ဝမ်းသာအားရရှိကြသလို တစ်ချို့တွေကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ကြလို့ ဆုတောင်းမပြည့်ခဲ့ကြပါဘူး။ ဆန်းသစ်မြန်မာ အနေနဲ့ကတော့ ရုပ်ရှင်အနုပညာရှင်များရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေကို အသိအမှတ်ပြုပါတယ်။ သို့သော် ယနေ့ကာလအထိ မြန်မာ့ရုပ်ရှင်ဟာ ပုံမှန်ချပြလေ့ရှိတဲ့ အလွမ်းအဆွေး၊ဒရာမာနဲ့ အပျော်အပျက်ကားတွေမှ ခွဲထွက်ပြီး ပြည်သူတွေကို ဘဝတိုးတက်အောင်မြင်ရေးအတွက် စိတ်ဓာတ်ခွန်အားကို ပေးတဲ့ Motivational Movies တွေ ပီပီပြင်ပြင်မရိုက်ပြနိုင်သေးဘူးလို့ ဆိုချင်ပါတယ်။ ခုအချိန်ထိတော့ နှစ်ပေါင်းများစွာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခဲ့ကြရတဲ့ ပရိတ်သတ်တွေက… Continue reading မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ

Instagram ရဲ့ တရားဝင်အကောင့်မှာ ပထမဆုံး K Pop အဖွဲ့အဖြစ် ဖော်ပြခြင်းခံရတဲ့ Seventeen အဖွဲ့

တောင်ကိုးရီးယားနိုင်ငံမှာ K Pop အဖွဲ့များစွာရှိပေမယ့် Seventeen အဖွဲ့ကတော့ Instagram ရဲ့ တရားဝင် အကောင့်မှာ ပထမဆုံး ဖော်ပြခြင်းခံရတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် မှတ်တမ်းတင်သွားပါပြီ။ ဒါကြောင့် ၁ ရက်အတွင်း Seventeen အဖွဲ့ဟာ Instagram follower ၁သန်းကျော် ရရှိခဲ့ပြီး နေ့ချင်းညချင်း လူမှုကွန်ရက်မှာ နာမည်ကြီးသွားပါတော့တယ်။ ခု ဒီသတင်းကို ဖတ်နေတဲ့ ဆန်းသစ်မြန်မာရဲ့ ပရိတ်သတ်လည်း Seventeen ရဲ့ Instagram account ကို follow လုပ်ချင်ရင် @saythename_17  ဆိုတဲ့အကောင့်ကို follow လုပ်ထားနိုင်ပါတယ်။ လက်ရှိမှာတော့ သူတို့အဖွဲ့သားတွေရဲ့ cute picture လေးတွေ တင်ထားပါတယ်။ တင်သမျှ ပုံတွေကို စောင့်ကြည့်မယ်ဆိုရင် Instagram acc ကို follow… Continue reading Instagram ရဲ့ တရားဝင်အကောင့်မှာ ပထမဆုံး K Pop အဖွဲ့အဖြစ် ဖော်ပြခြင်းခံရတဲ့ Seventeen အဖွဲ့

မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

” ဟာ သွားပြီ၊ ဟိုကောင်နောက် လိုက်ပါဟ၊ ငါ့ လခွမ်း ငါတော့ သေပြီဘဲ၊ Tank က ရှေ့ကမတက်ဘဲ Marksman တွေက အရှေ့ကတက်ရမှာလားဟ၊ ဒီကောင်က ဆေးပါကွာ၊ ပွဲပြီးလို့ကတော့ report ထိဖို့သာ ပြင်ထား” စတဲ့ အသံတွေကို နေရာတိုင်းနီးပါးကြားနေရပါတယ်။ ဒီအသံကြားရပြီဆိုရင် သင်ဟာ Mobile Legends သူရဲကောင်းတွေရဲ့ ပတ်ဝန်းကျင်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ တစ်ချိန်က COC ဂိမ်းတွေ ခေတ်စားခဲ့သလို ယခုအချိန်မှာ Trend တစ်ခုအနေနဲ့ မြန်မာပြည်က မိုဘိုင်းလ်ဖုန်းတွေပေါ်မှာ နေရာယူထားတဲ့ ဂိမ်းကတော့ Mobile Legends လို့ ပြောရပါလိမ့်မယ်။ Mobile Legends ဂိမ်းဟာ တစ်ဖက်ကို ၅ယောက်စီ တိုက်ခိုက်ရတဲ့ဂိမ်းမျိုး ဖြစ်ရပြီး တစ်ဖက်အသင်းမှာရှိတဲ့… Continue reading မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

ဂီတအရည်အချင်းကို မကြည့်ဘဲ အစွဲနဲ့ Vote ပေးကြသူတွေကြောင့် ပရိတ်သတ် ဆွဲဆောင်မှု ကျဆင်းလာနိုင်တဲ့ မြန်မာ IDOL

ဒီညမှာပဲ အကျော်ကြားဆုံးတေးတွေကို သီဆိုပြီး ပြိုင်ပွဲဝင်သွားကြတာကို ဆန်းသစ်မြန်မာ ပရိတ်သတ်တွေ ကြည့်ရှုကြပြီးဖြစ်မယ်ထင်ပါတယ်။  ဒီည သီဆိုတာတွေကို နားထောင်ရင်း ဒိုင်သုံးဦးကိုလည်း သနားစိတ်ဖြစ်မိပါရဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့ခမျာလည်း Voter တွေရဲ့အားကို မလွန်ဆန်နိုင်အောင် စီစဉ်ထားလေတော့ မကောင်းပေမယ့် အောင့်သက်သက်နဲ့ ပြောနေရတာကိုက တကယ်သနားစရာပါ။ မူရင်းသီဆိုထားကြသူတစ်ချို့ကလည်း ဒီညတော့ စိတ်မကောင်းစွာနဲ့ အိပ်စက်ကြရလိမ့်မယ်ထင်ပါတယ်။ ဒီညသီချင်းတွေ နားထောင်ပြီး အရည်အချင်းရှိပါရဲ့နဲ့ စွန့်ခွာ သွားကြရသူတွေအတွက် တော့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ ဒီညအတွက် တကယ့် ဂီတကို ချပြသွားသူကတော့ ဦးသိန်းတန်စကားနဲ့ပြောရရင် ဝရှိလို့ဝိလုပ်နိုင်တဲ့ သားငယ်ပဲဖြစ်ပါတယ်။ လာမယ့် သောကြာညမှာသာ ဂီတပရိတ်သတ်ကြီးထင်သလို မဖြစ်ပဲ အစွဲကြီးတဲ့ ပရိတ်သတ်အားနဲ့ အရည်အချင်းရှိသူတွေ ထပ်ပြီး ထွက်သွားရဦးမယ်ဆိုရင်တော့ မြန်မာ IDOL ရဲ့ ဂုဏ်ကိုပါ ထိပါးလာနိုင်ပါတယ်။မြန်မာဂီတချစ် ပရိတ်သတ်တွေ… Continue reading ဂီတအရည်အချင်းကို မကြည့်ဘဲ အစွဲနဲ့ Vote ပေးကြသူတွေကြောင့် ပရိတ်သတ် ဆွဲဆောင်မှု ကျဆင်းလာနိုင်တဲ့ မြန်မာ IDOL

YouTube ကနေ လူသိများလာပြီး နာမည်ကျော် K Pop Star ဖြစ်လာသူ ၁၀ ဦး

ပုံမှန်အားဖြင့် K Pop Star တစ်ယောက် ဖြစ်ဖို့ဆို လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှု အရမ်းလုပ်ရသလို အရမ်းကို ပင်ပန်းခံနိုင်မှသာလျှင် K Pop Star တစ်ပွင့်ဖြစ်မှာပါ။ ဒါကြောင့် K Pop Star ဖြစ်ဖို့ ဖျော်ဖြေရေးလောက ထဲကို ဝင်လာကြသူ အများအပြားရှိပေမယ့် ပင်ပန်းဒဏ်မခံနိုင်လို့ ထွက်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေး ပါဘဲ။ အခု ပြောချင်တာက K Pop Star ဖြစ်ဖို့အတွက် ကုမ္ပဏီတွေရဲ့ သင်တန်းတွေ၊ သင်ကြားရေးတွေ မတတ်ခဲ့ဘဲ K Pop Star ဖြစ်သူတွေ အကြောင်းပါ။ ရုတ်တရက် ကြားလိုက်ရင် ထူးဆန်းသလိုဖြစ်ပေမယ့် ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိစ္စပါ။ YouTube ကြောင့် လူသိများလာပြီး အလိုအလျောက် ဆယ်လီ… Continue reading YouTube ကနေ လူသိများလာပြီး နာမည်ကျော် K Pop Star ဖြစ်လာသူ ၁၀ ဦး

2PM အဖွဲ့မှ အဆိုတော် ဂျွန်ကေ ၉ပေအမြင့်ရှိသော စင်ပေါ်မှပြုတ်ကျ

ကိုးရီးယား K Pop အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2PM မှ အဆိုတော် ဂျွန်ကေ တစ်ယောက် စင်ပေါ်မှာ သီဆို ဖျော်ဖြေရင်း ၉ ပေအမြင့်ရှိတဲ့ စင်ပေါ်ကနေ အောက်ကို ပြုတ်ကျသွားတယ်လို့ သိရပါတယ်။ 2PM အဖွဲ့ဟာ ၆ ည တိုင်တိုင် ဖျော်ဖြေပွဲရှိတာ ဖြစ်ပြီး ဂျွန်ကေ စင်ပေါ်မှ ပြုတ်ကျသွားတဲ့အတွက် ပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ JYP Entertainment က ကြေငြာခဲ့ပါတယ်။ စင်ရဲ့ ဖွဲ့စည်းပုံက safely မဖြစ်တဲ့အပြင် ထိပ်ဆုံးနားမှာ ကာကွယ်ထားခြင်း မရှိတဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် သီချင်းဆိုရင်း ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ အောက်ပါပုံကတော့ ဂျွန်ကေ ပြုတ်ကျတဲ့ စင် ဖြစ်ပါတယ်။ လက်ရှိမှာ ဂျွန်ကေ ဟာ… Continue reading 2PM အဖွဲ့မှ အဆိုတော် ဂျွန်ကေ ၉ပေအမြင့်ရှိသော စင်ပေါ်မှပြုတ်ကျ