Tony Goodwin သို့မဟုတ် လဲကျနေရာမှ ပြန်ထလာသူ

သူ့နာမည်ကတော့ တိုနီ ဂွတ်ဝင်း (Tony Goodwin) ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ “ဈေးကွက်ထဲတွင် လိုအပ်ချက်ကို ဖော်ထုတ်ပါ” ဖြစ်ပါတယ်။ ဂွတ်ဝင်းဟာ ဆုံးရှုံးနေတဲ့ သူ့လုပ်ငန်းများကို ပြန်လည် အောင်မြင်လာအောင် ထူထောင်နိုင်ခဲ့တဲ့ အလွန်ချီးကျူး အတုယူထိုက်သူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၁ မှ ၂၀၀၃ ခုနှစ်များတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဆုံးရှုံးမှုများစွာကြောင့် ဂွတ်ဝင်း တစ်ယောက် လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းလုနီးပါး အခြေအနေထိဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ နာမည်ကြီး Antal International ကုမ္ပဏီ၏ ဒါရိုက်တာတစ်ယောက်ဖြစ်နေပါပြီး။ “အခြေအနေတွေက အရမ်းကို ဆိုးသွားခဲ့တာ။ Aston Martin ကိုတောင်ရောင်းဖို့ လုပ်ရတယ်။ အဲဒီအချိန်ကတော့ တကယ့်ကို သေရေးရှင်ရေး ဖြစ်ခဲ့ရတယ်။ ကျန်းမာရေးပါ ထိခိုက်လာတယ်။ ကိုယ်ထူထောင်ထားတဲ့ လုပ်ငန်းကြီးက ယိုင်တိယိုင်တိုင်… Continue reading Tony Goodwin သို့မဟုတ် လဲကျနေရာမှ ပြန်ထလာသူ

၂၁ ရာစုမှ ကမ္ဘာ့အံ့ဖွယ်လူသားများ

ဒီခေါင်းစဉ်လေးကို ဘာကြောင့်ပေးရတာလဲ။ အံ့သြစရာကောင်းလွန်းလို့ပါ။ကမ္ဘာ့လူသားအတော်များများက ငတ်မွတ်ခေါင်းပါးနေကြတယ်။ စားရသောက်ရရုံလူတွေ ဆိုတာကလည်း ကမ္ဘာတစ်ဝန်းများမှများ။ စားနေဝတ်ပြည့်စုံပြီးမပူမပင်နေကြရတဲ့ လူတွေလည်းရှိကြပါရဲ့။ ဒါပေမယ့် မဆိုစလောက်လူတစ်စုက ကမ္ဘာတစ်ဝန်းကလူသားအများစု အိမ်မက်တောင်မမက်ခဲ့ကြဖူးတဲ့ ဝင်ငွေစီးပွားတွေကို ပိုင်ဆိုင်နေကြတယ်။ ဒါကြောင့်မို့ အံ့ဖွယ်လူသားလို့အမည်ပေးလိုက်တာပါ။ ကဲ သူတို့ရဲ့တစ်နေ့တာဝင်ငွေကို ကြည့်ရအောင်လားခင်ဗျာ။ 1. Mark Zuckerberge Facebook ကို တည်ထောင်သူဖြစ်ပြီး သူ့ရဲ့တစ်ရက်တာ ဝင်ငွေက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄.၄မီလီယံရှိပါတယ်။ 2. Bill Gates Microsoft ကုမ္ပဏီတည်ထောင်သူ ဖြစ်ပြီး ဘီလ်ဂိတ်ရဲ့ တစ်ရက်တာ ဝင်ငွေက အမေရိကန်ဒေါ်လာ ၃.၅ မီလီယံရှိပါတယ်။ 3. Jeff Bezos Amazon.com ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဂျက်ဖ်ရဲ့ ဝင်ငွေဟာ ခန့်မှန်းခြေ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၃.၃… Continue reading ၂၁ ရာစုမှ ကမ္ဘာ့အံ့ဖွယ်လူသားများ