တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ အဖြူအစိမ်းတွေ လှုပ်လှုပ်ရွရွ မြင်လာရသလို ရင်သွေးရတနာတို့ရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ကြီးစွာထားတတ်ကြတဲ့မိဘတွေရဲ့ ရင်ကိုလည်း မှန်းဝင်ကြည့်မိပါရဲ့။ သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ၊ စစ်ဗိုလ်ကြီးလုပ်မှာ ၊ သမီးကတော့ ဆရာဝန်မကြီးလုပ်မှာ အားလုံးကတော့ အတွေးကိုယ်စီနဲ့ပါပဲ။ စာသင်ခန်းတွေဝင်ကြမယ်။ စာကို မနေမနား ကြိုးစားကြမယ်။ ဒီကာလအတွင်း ကလေးတွေရဲ့ ဗီဇနဲ့ဝါသနာပါတဲ့ အရာတွေကိုတောင် မိဘတွေက ခွင့်မပြုချင်ကြဘူး။ ကျောင်းဆိုတာလည်း အမှတ်များဖို့၊ စာမေးပွဲကောင်းကောင်းအောင်ဖို့နဲ့ အောင်ချက်ကောင်းဖို့ကလွဲရင် ဘာကိုမှတန်ဖိုးမထား။ ဆရာတွေဆိုတာကလည်း စာသင်ခန်းထဲရောက်ရင် ငါဆရာ၊ ငါပြောတာသာ မင်းတို့နားထောင်ရမယ်၊ ငါ့ကိုဘာမှဇောဒကမတက်နဲ့ဆိုတဲ့ မပြောင်းလဲတဲ့ အတွေးဟောင်းတွေနဲ့ စာသင်ခန်းကို စိုးမိုးနေရာယူထားတတ်ကြပါတယ်။ ဒီတော့ ကလေးတွေမှာ စာကျက်၊စာလုပ်၊ကျူရှင်၊ဒါတွေကလွဲပြီး ဘာမှ မလုပ်နိုင်တဲ့ ဘာင်ထဲမှာပဲကြီးပြင်းကြရတော့တာပေါ့။ အချိန်တန်ရင် ဉာဏ်ထက်တဲ့ ကလေးတွေက ဆရာဝန် အင်ဂျင်နီယာတွေဖြစ်မယ်။… Continue reading တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

အောင်မြင်သူတွေမလုပ်တဲ့ အလုပ်(၅)မျိုး

လူတိုင်းအောင်မြင်ချင်ကြတယ်၊ အောင်မြင်ဖို့ကြိုးစားနေကြတယ်ဆိုရင် လူတိုင်းအတွက် မှန်ကန်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှု ဆိုတာကို လူအမျိုးမျိုးက ပေတံအမျိုးမျိုးနဲ့ တိုင်းတာနိုင်ကြလို့ပါပဲ။ ဘယ်လိုပေတံနဲ့ပဲတိုင်းတိုင်း အောင်မြင်မှုကို စွမ်းဆောင်နိုင်ကြသူတွေမှာ သူတို့ မလုပ်တဲ့ အလုပ်(၅)မျိုးရှိပါတယ်။ အောင်မြင်သူတွေဟာ၊ (၁) သူတပါးကို အပြစ်မတင်ကြပါဘူး။ အောင်မြင်သူတွေဟာ အပြစ်ဖို့ခြင်းရဲ့ ဆိုးကျိုးကို ကောင်းစွာနားလည်ကြပါတယ်။ သူတို့က မိမိဘဝကို မိမိကသာ တာဝန်ယူမယ်ဆိုတဲ့ စိတ်ရှိကြသူတွေဖြစ်ကြပါတယ်။ ဒီစိတ်ကြောင့် ကိုယ့်ဘဝလှေကို ကိုယ်တိုင်ပဲ့ကိုင်ဖို့တွန်းအားကိုလည်းဖြစ်စေပါတယ်။ (၂) ပြောင်းလဲမှုကို မဆန့်ကျင်ကြဘူး။ အောင်မြင်သူတွေက ပြောင်းလဲမှုဟာ လူတစ်ယောက်တိုးတက်ဖို့နဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်ကြတဲ့အတွက် ပြောင်းလဲမှုကို မဆန့်ကျင်ကြပါဘူး။သူတို့က မပြောင်းလဲရင် နောက်ပြန်ဆုတ်နေတယ်လို့သိကြတယ်။ သူတို့က နေ့စဉ်ပြောင်းလဲဖို့လိုအပ်နေတဲ့ အကျင့်စရိုက်ဆိုးတွေကို ရဲရဲတင်းတင်းပြောင်းလဲနိုင်ကြသူတွေလည်းဖြစ်ကြပါတယ်။ (၃) ကြောက်ရွံ့ပြီးရပ်မသွားကြဘူး။ လူတိုင်းမှာ အကြောက်တရားရှိကြသလို ယုံကြည်မှုဆိုတာလည်း အကန့်အသတ်နဲ့သာရှိကြပါတယ်။… Continue reading အောင်မြင်သူတွေမလုပ်တဲ့ အလုပ်(၅)မျိုး

အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား

အလုပ်အကိုင် ဘယ်လိုဘဲ ရှားပါးတယ်ပြောပြော တစ်ကယ်ရှာဖွေတတ်မယ်ဆိုရင် အလုပ်အကိုင် ရှိပါတယ်။ လုပ်ငန်းခွင်တိုင်းမှာ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ပညာရှင်တွေ အမြဲတမ်းလိုအပ်နေတာပါ။ ဒါကြောင့် သူများတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး ရှားတယ်ပြောတိုင်း အလုပ်မလုပ်ဘဲနေရစတမ်းဆိုရင် အသက်ကြီးပြီး အချိန်မစီးတဲ့သူ တစ်ယောက်သာ ဖြစ်လာမှာပါ။ ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေလောက် လစာမပေးနိုင်ပေမယ့် သာမန်လူတန်းစားအတွက်လောက်တော့ အလုပ်အကိုင်မရှားပါဘူး။ အတန်းပညာမတတ်တဲ့ အောက်ခြေလူတန်းစားအတွက်တော့ မြန်မာနိုင်ငံဟာ အလုပ်အကိုင်နဲ့ ဝင်ငွေ မျှတမှု မရှိပေမယ့် သာမန်လူတန်းစားအတွက်တော့ အလုပ်အကိုင် အဲ့ဒီလောက် မရှားပါဘူး။ သာမန် လူတန်းစားတွေ အနေနဲ့ အလုပ်အကိုင်မရှိဘူးဆိုတာ လွယ်လွယ်နဲ့ပြောကြပေမယ့် အလုပ်အကိုင်ကိုရော လက်တွေ့မှာ ကိုယ်တိုင် ရှာပြီးပြီလား ဆိုတဲ့ မေးခွန်းကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ နောက်တစ်ခုက ကိုယ့်မှာ ထိုက်သင့်တဲ့ အရည်အချင်းရှိပြီလား… Continue reading အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား

သာမန်လူဘဝကလွတ်ဖို့ ဘာတွေလုပ်ရမလဲ

လူရယ်လို့ဖြစ်လာရင် ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ ကျောင်းနေအရွယ်သိတတ်စ ကာလကစပြီး မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ကာ စိတ်ကူးမျှော်လင့်ချက်တွေ မွေးဖွားလာတတ်ကြပါတယ်။ တစ်ချို့လည်းမိမိရဲ့စိတ်ကူးမျှော်လင့်ချက်တွေကို အကောင်အထည်ဖေါ်နိုင်ခဲ့ ကြသလို အများစုကတော့ ထင်သလောက် ခရီးမပေါက်နိုင်ကြပါဘူး။ မိမိရည်မှန်းချက်တွေ ထင်သလောက် ခရီးမပေါက်နိုင်တဲ့အခါ  ရည်မှန်းချက်တွေဟာလည်း သေးသထက်သေးလာကာ သာမန်လူတစ်ယောက်ရဲ့ ဘဝကိုရောက်မှန်းမသိရောက်လာပါတော့တယ်။ မနက်အိပ်ရာထမယ်။ အလုပ်သွားမယ်။ ငွေရှာမယ်။ မိမိရဲ့ နိစ္စဓူဝတွေနဲ့ ပုံမှန်စခန်းသွားမယ်။ ဘာမှထူးထူးခြားခြား မနေ့ကနဲ့မတူအောင် တွေးတာတွေလည်း မရှိတော့ဘူး။ ဒါဆိုရင်တော့ သင်က အများသူငါလိုပဲ သာမန်လူတစ်ယောက်ရဲ့ ဘဝမှာ ရှင်သန်ပျော်ပိုက်နေပါပြီ။ တကယ်တော့ သာမန်ဘဝထက်သာလွန်ကောင်းမွန်တဲ့ ဘဝအခြေအနေမျိုးလည်း ရှိနေပါသေးတယ်။ ဒီဘဝမျိုးကလည်း မိတ်ဆွေနဲ့ရော၊ ဘယ်သူနဲမဆို ထိုက်တန်ပါတယ်။ ဘယ်သူမဆို လိုချင်ခဲ့မယ်ဆိုရင်ပေါ့။ တကယ်သာ သင်လိုချင်ရင် သင်လုပ်ရမယ့် အလုပ်တွေကို အကြံပြုပါရစေ။ (၁)… Continue reading သာမန်လူဘဝကလွတ်ဖို့ ဘာတွေလုပ်ရမလဲ

သင့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်ဖို့

မိတ်ဆွေအပေါင်းအသင်း ရွေးချယ်ခြင်း သင့်ရဲ့ဘဝမှာ ကျောင်းသားဘဝနဲ့ လုပ်ငန်းခွင်က အပေါင်းအသင်းမိတ်ဆွေက ပိုများမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဘဝမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ဘဝအစိတ်အပိုင်းတွေနဲ့ မတော်တဆ အဖြစ်အပျက်တွေကနေလည်း မိတ်ဆွေကောင်းတွေကိုလည်း ရရှိနိုင်သလို သင့်ရဲ့ စရိုက်လက္ခဏာနဲ့ အမူအကျင့်၊ ၀ါသနာ၊ ကျန်းမာရေး၊ ဘဝရည်ရွယ်ချက်များ လုံခြုံမှုတွေနှင့် ဆက်နွယ်တဲ့ မိတ်ဆွေလို လူမျိုးကိုဘဲ ရွေးချယ်ပေါင်းသင်းလိုကြပါတယ်။ အဲဒီလိုသူတွေကပဲ သင်ရဲ့ ဘဝမှာ အရေးပါတဲ့လူ မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းဖြစ်လာတာပါပဲ။ သိထားရမှာကတော့ သင့်ဘဝတိုးတက်မြှင့်မားဖို့ သင့်ပတ်ဝန်းကျင်ရဲ့ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက အဓိက အရေးပါကြပါတယ်ဆိုတာပါဘဲ။ သင့်ရဲ့အလုပ်အပေါ် ခံယူချက် လူတိုင်းကတော့ ကိုယ့်ရဲ့ ခံယူချက်ကိုယ်စီတွေနဲ့ ဘဝရှင်သန်ရပ်တည်ရေးအတွက် အနည်းဆုံး အလုပ်တစ်ခုကတော့ လုပ်ကြရတာပါပဲ။ ကိုယ်ပိုင်အလုပ်နဲ့ ဝန်ထမ်းအလုပ် မိမိတို့ အဆင်ပြေရာ… Continue reading သင့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်ဖို့

ဒေါ်နယ်ထရမ့်ရဲ့ မေးခွန်း (၁၅)ခုကို ဖြေပြီး သင့်ကိုယ်သင် အကဲဖြတ်လိုက်ပါ

ကြီးကြီးတွေးပါ လို့ ပြောခဲ့တဲ့ ထရမ့်ဟာ စီးပွားရေးမှာ အောင်မြင်ထင်ရှားခဲ့ရုံသာမက အမေရိကန် ပြည်သူတို့ရဲ့ ရွေးကောက်ခံ သမ္မတ ဖြစ်လာခဲ့ပြီဖြစ်လို့ အပြောနဲ့အလုပ်တကယ်ညီခဲ့ပါပြီ။ ထရမ့်နဲ့ တွေ့တိုင်း လူတွေ မကြာ ခဏ မေးတတ်ကြတဲ့မေးခွန်းကတော့ “ဘယ်လိုလုပ်ပြီး ဒီလောက်ချမ်းသာတာလဲ” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ထရမ့်ကတော့ ဒီမေးခွန်းကို စကားတစ်လုံးနှစ်လုံးနဲ့ ဖြေဖို့ မလွယ်ပါဘူးလို့ဆိုပါတယ်။ ဒါပေမယ့်သူ အရင်ဆုံး ပြောချင်တာက သင့်ကိုသင် ရိုးသားပါ တဲ့ခင်ဗျာ။ ချမ်းသာဖို့တစ်ခုတည်းသော နည်း လမ်းကတော့ လက်တွေ့ ကျဖို့နဲ့ ဟန်မဆောင်ဘဲ ရိုးသားဖို့လိုတယ်လို့  ထရန့်က ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ သင်ဘယ်လို လူလဲ ဆိုတာကို အကဲဖြတ်နိုင်ဖို့ သင်ကိုယ်တိုင်ရိုးသားစွာဖြေဆိုရမယ့် မေးခွန်း (၁၅) ခုကို မေးပါတယ်။ ဒီမေးခွန်း တွေမှာ ထရမ့်ရဲ့… Continue reading ဒေါ်နယ်ထရမ့်ရဲ့ မေးခွန်း (၁၅)ခုကို ဖြေပြီး သင့်ကိုယ်သင် အကဲဖြတ်လိုက်ပါ

ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်

ရစ်ချက်ဘရန်ဆန် ဆိုရင် ကမ္ဘာကျော် Virgin သူဋ္ဌေးမှန်း လူတိုင်းနီးပါးလောက်သိကြလိမ့်မယ် ထင်ပါတယ်။ သူဋ္ဌေးတစ်ယောက်နဲ့ မတူဘဲ ရုပ်ရှင်ထဲက လူကြမ်းတစ်ယောက်နဲ့ ပိုတူတဲ့ ဘရန်ဆန်ဟာ အင်္ဂလိပ်လူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် ကမ္ဘာ့ အလှူရှင် အကြီးစားတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ ၂၀၁၆ ခုနှစ်စာရင်းအရ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၅ ဘီလီယံရှိပြီး Virgin အုပ်စုရဲ့အောက်မှာ လုပ်ငန်းပေါင်း ၄၀၀ ရှိပါတယ်။ အသက်ငယ်ငယ်နဲ့ စွန့်ထွင်လုပ်ငန်းရှင်ဖြစ်လာဖို့ စိတ်ထက်သန်ခဲ့သူလည်းဖြစ်ပါတယ်။ ကဲ၊ စာဖတ်သူမိတ်ဆွေများခင်ဗျာ၊ ဒီလိုကမ္ဘာနဲ့ချီပြီးအောင်မြင်နေတဲ့ လူတစ်ယောက်က သူဘာကြောင့် အောင်မြင်လာသလဲဆိုတဲ့ သော့ချက်ကို ပေးလိုက်တာဟာ တကယ့်ကို လက်တွေ့ဆန်တယ်လို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို ပေးလိုက်လို့ပါပဲ။ အောင်မြင်လိုသူတစ်ရဲ့ အကောင်းဆုံးလမ်းပြက အောင်မြင်ပြီးသားဘဝခရီးသွားသာလျင် မဟုတ်ပါလား။ ကဲ၊သူဘာတွေပြောသွားသလဲဆိုတာ ကြည့်ရအောင်ပါ။ ဘရန်ဆန်က အောင်မြင်မှုရဲ့… Continue reading ရစ်ချက်ဘရန်ဆန် (Richard Branson) ပြောတဲ့ အောင်မြင်မှုရဲ့ သော့ချက်

အသက် (၃၀)မှာ မီလီယံနာ ဖြစ်စေဖို့ အချက် (၁၀) ချက်

လူတိုင်းက မီလီယံနာ ဖြစ်ဖို့ဆိုရင်စိတ်ဝင်စားတတ်ကြတယ်။ ပိုစိတ်ဝင်စားတာက အသက်၃၀ မှာ မီလီယံနာ ဖြစ်ဖို့ ဆိုတော့ ပို စိတ်ဝင်စားကြတာပေါ့။ ဒါဟာ မဖြစ်နိုင်တာမဟုတ်သလို ရီစရာတစ်ခုလည်းမဟုတ်ပါဘူး။ အချက်(၁၀) ချက်ကိုပဲ လိုက်နာ လိုက်ပါ။ စာရေးသူက အသက် ၂၁ နှစ်မှာ ကျောင်းထွက်ပြီး အကြွေးနက်ခဲ့သလို မွဲခဲ့သူပါ။ ဒါပေမယ့် အသက် ၃၀ မှာတော့ မီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ၊ဒီ ၁၀ ချက်ကြောင့်ပါ။ (၁) ငွေရမယ့် အခွင့်အလမ်းကိုရှာပါ        ပထမအဆင့်က ဝင်ငွေတိုးအောင်လုပ်ပါ။ ဒါကိုပဲထပ်ကာထပ်ကာလုပ်ပါ။ စာရေးသူရဲ့ဝင်ငွေက ပထမမှာ တစ်လဒေါ်လာ ၃၀၀၀  ပဲရပါတယ်။ နောက်ပိုင်း ၉လမှာတော့ တစ်လ ဒေါ်လာ ၂၀၀၀၀ ရလာပါတယ်။ ရလာပြီဆိုရင် မြဲအောင်ထိန်းပြီး နောက်ထပ်ရလာမယ့် အခွင့်အလမ်းကောင်းတွေကို… Continue reading အသက် (၃၀)မှာ မီလီယံနာ ဖြစ်စေဖို့ အချက် (၁၀) ချက်