တရုတ်ပြည်မှာ ရှိတဲ့ Beijing မြို့က လေထုညစ်ညမ်းမှုကို ဘယ်လိုဖယ်ရှားခဲ့လဲ။

ဒီနေ့ ကမ္ဘာမှာ လေထုညစ်ညမ်းမှု အတိုင်းအတာက တော်တော်လေးကို ဆိုးရွားနေပါတယ်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်လောက်က တရုတ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Beijing မြို့မှာ လူတွေကအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါ သဲသဲကွဲကွဲမမြင်ရပါဘူး။ ဆောင်းတွင်းမှာ မြူတွေကျသလိုမျိုး ဖုန်မှုန့်တွေက လေထုမှာ ပျံ့နှံ့နေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့က လေထုထဲမှာ အရမ်းပျံနှံ့တာကြောင့် လူတော်တော်များများက ကျန်းမာရေးထိခိုက်ပြီး ကလေးသူငယ်တွေလည်း သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုကာဗွန်ဒိုင်အောက်ဆိုဒ်​တွေ ထွက်လာတဲ့ အဓိကအရင်းမြစ်တွေက စက်ရုံတွေနဲ့ ကားတွေကတစ်ဆင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပြီးနောက်ပိုင်းမှာ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လိုက်ပြီး မြို့အခြေခံ ဖွဲ့စည်းပုံစနစ်တွေပါ ပြောင်းလဲလိုက်ပါတယ်။ ဒီလိုပြောင်းလဲပြီး ငါးနှစ်လောက်အကြာမှာ Beijing မြို့က မြို့သူမြို့သားတွေက အပြာရောင်ကောင်းကင်ကို ကောင်းကောင်းပြန်မြင်ရပါတယ်။ ဘယ်လိုတွေပြောင်းလဲခဲ့လဲဆိုတော့ တရုတ်အစိုးရက Green Energy… Continue reading တရုတ်ပြည်မှာ ရှိတဲ့ Beijing မြို့က လေထုညစ်ညမ်းမှုကို ဘယ်လိုဖယ်ရှားခဲ့လဲ။

ကလေးတွေအတွက် လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးရမလဲ

ကလေးတွေ ကစားနေတာက သူတို့ရဲ့ လေ့လာစူးစမ်းစိတ်ကို အသုံးချနေကြတာပါ။ ဒါကြောင့် ကလေးက ဆော့လို့ ဘာညာတွေဖြစ်ရတာဆိုပြီး မငြိုငြင်နေပါနဲ့။  ကလေးတွေထိခိုက်ဒဏ်ရာရမှာကို မိဘတိုင်းက စိတ်ပူတတ်ကြတာကြောင့် ကလေးတွေ ဆော့ကစားတဲ့နေရာပြုလုပ်ရာမှာ အန္တရာယ်ကင်းပြီး ချစ်စရာကောင်းတဲ့နေရာတွေကို ဖန်တီးပေးသင့်ပါတယ်။ ကလေးက ဆော့ကစားနေတဲ့အချိန်မှာလည်း လူကြီးတစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေဖို့ လိုပါတယ်။ ကလေး၏ အိပ်ယာ ကလေးရဲ့အိပ်ယာက အမြဲသန့်ရှင်းသပ်ရပ်နေဖို့ အင်မတန်လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ အိပ်ယာခင်းက သေးတစ်ခါ စိုသွားတိုင်း၊ ညစ်ပေသွားတိုင်း လျှော်ဖွတ်ပေးဖို့ လိုပါတယ်။ ကလေးဟာ အိပ်ရာထဲမှာ ဆော့ကစားတဲ့အခါ အိပ်ရာနဲ့ ခေါင်းအုံးတွေကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်လို့ပါ။ ပြင်ပ ပတ်ဝန်းကျင် ကလေးတွေက သစ်ပင်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေ၊ ပန်းပွင့်တွေကို ထိတွေ့ကိုင်တွယ်ပြီး ဆော့ကစားရတာကို သဘောကျနေတတ်ပါတယ်။ ကလေးတွေကို ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးလိုက်ပါ။… Continue reading ကလေးတွေအတွက် လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးရမလဲ