ရှေးလူတို့ သင်္ကြန်တွင်းတွင် ရှောင်ကြဉ်ခဲ့ကြသော အရာ(၁၀)မျိုး

မကြာမီမှာ  မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကြီး ဆင်ယင်ကျင်းပဖို့ အချိန်ကျရောက်လာပါတော့မယ်။ တစ်နှစ်မှာတစ်ခါသာဆင်နွဲခွင့် ရကြတဲ့ ဒီ ပွဲတော်ကြီးမှာ တစ်ချို့တွေက ဆိုကြ၊ ကကြ၊ တီးကြနဲ့ ပျော်ရွှင်စွာ ပါဝင်ရေကစားကြသလို တစ်ချို့တွေကလည်း မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေခရီးတွေထွက်ကြပါတယ်။ တစ်ချို့ကျပြန်တော့ ဘုရားရိပ် တရားရိပ် ခိုကြ၊ အလှူဒါနတွေပြုကြနဲ့ အေးချမ်းသာယာစွာ ဖြတ်သန်းကြပါတယ်။ ရှေးလူတို့ကတော့ သင်္ကြန်ကာလအတွင်းမှာ အောက်ပါကိစ္စ(၁၀)မျိုးကို ရှောင်ကြဉ်ခဲ့ကြပါတယ်။ (၁) ငိုကြွေးပူဆွေးခြင်း (၂) မေထုန်သံဝါသပြုခြင်း (၃) အသားဟင်းလျာများစားသောက်ခြင်း (၄) သေရည်သေရက်သောက်စားခြင်း (၅) အမျက်ဒေါသထွက်ခြင်း၊ သတ်ပုတ်ခြင်း (၆) သွေးဖေါက်ခြင်း၊ သွေးထုတ်ခြင်း (၇) ဆီ၊ ဆေးလိမ်းခြင်း (၈) သစ်ပင်ဖြတ်ခြင်း၊ ထင်းခုတ်ခွဲခြင်း (၉) ဝယ်ခြင်း၊ ကျီသွင်းခြင်း… Continue reading ရှေးလူတို့ သင်္ကြန်တွင်းတွင် ရှောင်ကြဉ်ခဲ့ကြသော အရာ(၁၀)မျိုး