မြန်မာမိန်းကလေးပရိတ်သတ် တစ်ယောက်ရဲ့ လက်ဆောင်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ Kai

မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 2017 K-Pop Festival မှာ EXO အဖွဲ့အပါအဝင် ကိုးရီယားအနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ပြီး အင်တာနက်စာမျက်နှာများမှာ မိန်းကလေးတွေ EXO အဖွဲ့ကို အားပေးမှုနဲ့ပတ်သတ်ပြီး ဝေဖန်မှုများ မြင့်တက်ခဲ့ပါတယ်။ EXO အဖွဲ့ဝင်ဖြစ်တဲ့ Kai တစ်ယောက်ကတော့ သီချင်းဆိုနေတုန်း တစ်ဝက်လောက်မှာ ဖြူပွင့်ေ၀ ဆိုတဲ့ မိန်းကလေးပရိတ်သတ်တစ်ယောက်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ Kai ရဲ့ ငယ်စဉ်ဘဝပုံအပါအဝင် ပုံအတော်များများကို ရေးဆွဲထားတဲ့ စာအုပ်ကြောင့် ဖြစ်ပါတယ်။ သီချင်းဆိုနေရင်း တစ်ဝက်တစ်ပျက်နဲ့ အဆိုပါ စာအုပ်ကို ကောက်ယူ၍ ကြည့်လိုက်ပြီး ဖြူပွင့်ေ၀ ဆိုတဲ့ ကောင်မလေးကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ပုံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Source : Koreaboo

တောင်ကိုးရီးယား EXO K Pop အဆိုတော် အဖွဲ့ ယနေ့တွင် ၅ နှစ်ပြည့်ပြီ

EXO ဆိုပြီး Asia မှာတင်မက နိုင်ငံတကာထိအောင်မြင်မှုရတဲ့ အဖွဲ့ဝင်၁၂ယောက်နဲ့ဖွဲ့ထားတဲ့ K-Pop အဆိုတော်အဖွဲ့ပဲဖြစ်ပါတယ်  EXOအဖွဲ့ဟာ 8.4.2012 နေ့မှစတင်ဖွဲ့စည်းခဲ့ပြီး EXO အဖွဲ့ကို History MAMA What is Love Baby Don’t Cry တဲ့သီချင်းတွေဖြင့်ပရိသတ်တွေသိခဲ့ပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲထိနေရာယူနိုင်ခဲ့တာဖြစ်ပါတယ် နောက်ထွက်ရှိတဲ့သီချင်းများဟာဆိုလဲ အမြဲတမ်း ပရိတ်သတ်တွေရဲ့ကြားအောင်မြင်မှုရမြဲဖြစ်ပါတယ် EXOအဖွဲ့ဟာ MAMA Music Award ဆုများကိုလဲရရှိထားပြီး ယနေ့ချိန်ထိ အောင်မြင်မှုရနေပြီး အဖွဲ့တချို့တွေဟာလဲ အဆို အက ပိုင်းတွေမှာသာမက သရုပ်ဆောင်လောကတွေမှာပါ အောင်မြင်မှုရရှိနေကြပြီပါတယ်  ယနေ့ 8ရက်နေ့ 4လပိုင်း 2017 မှာ ကျရောက်မဲ့ EXO အဖွဲ့ ရဲ့ 5 years anniversary မှစ နောက်နှစ်ပေါင်းများစွာထိ အောင်မြင်မှုတွေဆက်လက်ရရှိနိုင်သွားပါစေလို့… Continue reading တောင်ကိုးရီးယား EXO K Pop အဆိုတော် အဖွဲ့ ယနေ့တွင် ၅ နှစ်ပြည့်ပြီ

ကိုးရီးယား နာမည်ကြီး EXO K Pop အဖွဲ့ ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည်

တောင်ကိုးရီးယားနိုင်ငံ၏ K Pop အဖွဲ့များစွာအနက် နာမည်ကြီး EXO K Pop အဖွဲ့ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည် ဖြစ်ကြောင်း K Pop ပွဲတော်၏ facebook စာမျက်နှာ၌ ထုတ်ပြန်ကြေငြာခဲ့သည်။ K Pop Festival 2017 in Myanmar ဖျော်ဖြေပွဲတွင် EXO အဖွဲ့နှင့်အတူ TRAX, NCT 127, MATILDA တို့ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ EXO ၏ ဖျော်ဖြေပွဲကို မေလ ၆ ရက်နေ့တွင် Thuwunna Bhumi Even Park ၌ ကျင်းပဖျော်ဖြေသွားမည် ဖြစ်ပြီး မကြာမှီမှာ လက်မှတ်ဈေးနှုန်းတွေကို ကြေငြာသွားမယ်လို့ JJM ကုမ္ပဏီမှ ပြောသည်။ ကိုးရီးယားအနုပညာသတင်းဆိုဒ် ဖြစ်သော… Continue reading ကိုးရီးယား နာမည်ကြီး EXO K Pop အဖွဲ့ ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည်