Facebook က ရုရှား၊ အီရန်တို့နှင့် ဆက်သွယ်မှုပြုလုပ်နေသော အကောင့်များ၊ Pages များ နှင့် group များ ထောင်ကျော်ကို ဖျက်သိမ်းလိုက်ကြောင်းကြေငြာ

မတ်လ ၂၆ရက်နေ့ အင်္ဂါနေ့တွင် Facebook က ရုရှား၊အီရန်တို့နဲ့ အဆက်အသွယ်ပြုလုပ်နေတဲ့ Facebook အ ကောင့်၊ Facebook Page၊ Group နဲ့ Instagram အကောင့်ပေါင်း ၂၆၃၂ ခုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ် ပြန်ခဲ့ပါတယ်။ပယ်ဖျက်ခံရတဲ့ အကောင့်အများစုဟာ ရုရှားနဲ့ ဆက်သွယ်ထားတဲ့ အကောင့်တွေဖြစ်ကြောင်းသိရပါတယ်။ ၎င်းအကောင့်တွေ အများစုဟာ အကောင့်အတုတွေဖြစ်နေတယ်လို့လဲ သိရပါတယ်။ ရုရှားနဲ့ ဆက်သွယ်နေတဲ့ အကောင့်စုစုပေါင်း ၁၉၀၇ ခုရှိနေပြီး ၎င်းတို့ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သွေးထိုးတဲ့ post တွေကိုတင် နေကြ တာ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းအကောင့်များထဲမှ ၁၇၅၇ခုဟာ Group များဖြစ်ပြီး Group အဖွဲ့ဝင် စုစုပေါင်း ၁.၇ သန်း ရှိနေကြောင်းလည်း သိရပါတယ်။… Continue reading Facebook က ရုရှား၊ အီရန်တို့နှင့် ဆက်သွယ်မှုပြုလုပ်နေသော အကောင့်များ၊ Pages များ နှင့် group များ ထောင်ကျော်ကို ဖျက်သိမ်းလိုက်ကြောင်းကြေငြာ