Facebook နဲ့ အလုပ်အတူတူတွဲလုပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က facebookရဲ့ သတင်းအမှား ရှာဖွေးရေး ကြိုးစားမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။

facebook ရဲ့ အရေးကြီးသတင်း အစိတ်အပိုင်းအများစုက သတင်းသမားတွေအများစု တင်တဲ့ သတင်းနဲ့ ဆင်တူပါတယ်။ facebook ရဲ့ သတင်းအမှားဖော်ထုတ်ရေးကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီက အစကတည်းက အကျဘက်ကို ဦးတည်နေခဲ့တာဖြစ်ပြီး ၂၀၁၆ ရွေးကောက်ပွဲတုန်းကလည်း ဝါဒဖြန့်မှုတွေနဲ့ အမြတ်အစွန်းထွက်ခဲ့တဲ့ လိမ်လည်မှုတွေကို လူသန်းပေါင်းများစွာ ဆီသို့ ရောက်ရှိစေခဲ့တဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။ သီအိုရီအရဆိုရင်တော့ facebook က ဒီလိုကိစ္စတွေကို ကာကွယ်ဖို့ ခြေလှမ်းတွေလှမ်းနေတာပါ။ သူတို့အဖွဲ့အစည်းဟာ သတင်းအဖွဲ့အစည်းက သတင်းသမားတွေ၊ အချက်အလက်ရှာဖွေရေးအဖွဲ့အစည်းတွေ နဲ့ အခြားသော မှန်ကန်မှုကို အားပေးတဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်ချို့သောသတင်းတွေက သတင်းသမားရေးသားရမယ့် ကျင့်ဝတ်နဲ့မညီရင် ၎င်းကိစ္စဟာ အငြင်းပွားစရာကိစ္စ တစ်ခု ဖြစ်နေပြန်ပါတယ်။ ဒါပေမယ့် facebook ကိုယ်စားလုပ်နေတဲ့ သတင်းသမားကတော့ ဂါးဒီးယန်းကို ပြောတာက အဲ့လို အငြင်းပွားစရာဖြစ်မယ့်… Continue reading Facebook နဲ့ အလုပ်အတူတူတွဲလုပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က facebookရဲ့ သတင်းအမှား ရှာဖွေးရေး ကြိုးစားမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။