WhatsApp ကို နေ့စဉ်အသုံးပြုသူ ၁ ဘီလီယံခန့်ရှိလာ

WhatsApp အသုံးပြုမှုဟာ တစ်ကမ္ဘာလုံးမှာ ပိုမိုများပြားလာပြီး နေ့စဉ်အသုံးပြုသူ ၁ဘီလီယံ ခန့်ရှိလာပြီလို့ TNW သတင်းအရ သိရပါတယ်။ ယခင် WhatsApp အသုံးပြုမှုမှတ်တမ်းအရ လစဉ်အသုံးပြုသူ ၁ ဘီလီယံ ခန့်ရှိပြီး ယခုအချိန်တွင် နေ့စဉ်အသုံးပြုမှုမှာ ၁ ဘီလီယံခန့်အထိ တိုးတက်သွားသည်။ Facebook ကုမ္ပဏီမှ ၎င်းတို့၏ ထုတ်ကုန်များကို တစ်ကမ္ဘာလုံးရှိလူများ အသုံးပြုနိုင်ရန် ကြိုးစားလျက်ရှိပြီး အကယ်၍များ တရုတ်နိုင်ငံတွင် Facebook ၏ ထုတ်ကုန်များကို မပိတ်ပင်ထားလျှင် နောက်ထပ် ၁.၄ ဘီလီယံပမာဏရှိ နေ့စဉ်အသုံးပြုသူများ ထပ်မံရရှိဖွယ် ရှိသည်။ Facebook သည် Messenger, Instagram, နှင့် WhatsApp တို့ကို ပိုင်ဆိုင်ထားပြီး နေ့စဉ်အသုံးပြုသူ ပမာဏာ တိုးတက်လာသည်။ နောင်လာမည့် ခုနှစ်အနည်းငယ်တွင် တစ်ကမ္ဘာလုံးတွင်ရှိသော… Continue reading WhatsApp ကို နေ့စဉ်အသုံးပြုသူ ၁ ဘီလီယံခန့်ရှိလာ

Facebook ရဲ့ built-in ကင်မရာဖြင့် Gif ဖိုင်များ ဖန်တီးနိုင်ပြီ

Facebook မှ သူ့ရဲ့ App အတွင်း built-in ထည့်သွင်းပေးထားသော ကင်မရာကို အသုံးပြုကာ Gif ဖိုင်များကို ဖန်တီးနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ Gif ဖိုင်ပြုလုပ်နိုင်သည့် လုပ်ဆောင်ချက်ကို အချို့ အသုံးပြုသူများ စတင်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အချို့နေရာတွေမှာတော့ မရရှိသေးပါဘူး။ အဆိုပါ ကင်မရာဖြင့် Gif ဖိုင်များကို ဖန်တီးပြီး Facebook ပို့စ်တင်တာဖြစ်စေ၊ Page များတွင် ဖြစ်စေ ပြန်လည်မျှဝေနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်များကို Facebook  မှ ဗီဒီယိုဖိုင်အနေဖြင့် သိမ်းဆည်းပြီး အခြားသော Facebook မဟုတ်သည့် နေရာများတွင် တစ်ဆင့်ပြန်လည် ပေးပို့တာမျိုး လုပ်လို့မရနိုင်ပါဘူး။ အဆိုပါ Gif များကို Facebook  တွင်သာ ပြန်လည် အသုံးပြုနိုင်မယ်လို့ဆို… Continue reading Facebook ရဲ့ built-in ကင်မရာဖြင့် Gif ဖိုင်များ ဖန်တီးနိုင်ပြီ

သင့်နားမှာ Free Wi Fi ရှိမရှိကို ရှာဖွေပေးမယ့် Facebook ရဲ့ Wifi Tools Feature အသစ်

လွန်ခဲ့တဲ့ တစ်နှစ်က Facebook က အနီးအနား မှာ ရှိတဲ့ wi-fi ကို ရှာဖွေမှု အတွက် စမ်းသပ်မှု တွေ စလုပ်ခဲ့ပါတယ်။ အဲ့ဒါက iOS တွေမှာသာ အသုံးပြုလို့ရခဲ့ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာသာ ရှာဖွေလို့ ရတာပါ။ အခုအချိန်မှာတော့ Facebook က လူတိုင်းအသုံးပြုနိုင်မယ့် feature ကို သူ့ မိုဘိုင်း app ကနေ ထုတ်လုပ်လိုက်ပါပြီ။ More tap မှာ နှိပ်လိုက်ရုံသာဖြစ်ပြီး wi-fi ကို select လုပ်လိုက်ရုံပါပဲ။ အနီးအနားမှာ ရှိတဲ့ wi-fi ကို ဇယားနဲ့ သော်လည်းကောင်း မြေပုံနဲ့ သော်လည်း ကောင်း တွေ့ရ နိုင်ပြီး စီပွားရေးနဲ့ ပတ်သက်တဲ့ သတင်း… Continue reading သင့်နားမှာ Free Wi Fi ရှိမရှိကို ရှာဖွေပေးမယ့် Facebook ရဲ့ Wifi Tools Feature အသစ်

Facebook မှ YouTube နှင့်ဆင်တူသော Video Feature အသစ်များကို စမ်းသပ်

Facebook က App အတွင်းမှာ video feature အသစ်တစ်ခုကို ထည့်သွင်းစမ်းသပ်နေပြီး အဆိုပါ App အတွင်းမှာ ပြန်လည်မွန်းမံထားတဲ့ Video Feature ဒီဇိုင်းဟာ Google ရဲ့ YouTube ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက်ပါ Facebook က မျှော်မှန်းထားပါတယ်။ လက်ရှိမှာတော့ အိန္ဒိယ က အသုံးပြုသူတွေ ဦးဆောင်ဦးရွက် ပြုပြီး ဆောင်ရွက် နေတဲ့ ကန့် သတ်ထား တဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က video ဖွင့် လို့ ရတဲ့ အကွက် ကိုပဲ ခလုပ် ပုံစံ လုပ်ထားတာပါ။ ( play icon ကို အမှတ်အသား ပြထားတာကို Facebook app… Continue reading Facebook မှ YouTube နှင့်ဆင်တူသော Video Feature အသစ်များကို စမ်းသပ်

Facebook မှ Profile Image အား ခိုးယူခြင်းမှ ကာကွယ်နိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်း

ယခင်က Facebook မှာ အကောင့်တုဆိုတာ နည်းပါးခဲ့ပေမယ့် ယခုနောက်ပိုင်း အင်တာနက်တွေပိုမိုအဆင်ပြေလာ၊ ဆင်းဒ်ကဒ်တွေလည်း ဈေးပေါလာတော့ Facebook လို လူမှုကွန်ရက်မီဒီယာမှာ အကောင့်တုတွေလည်း နေ့ချင်းညချင်း တိုးပွားလာပါတော့တယ်။ အကောင့်တုတွေက သူတစ်ပါးရဲ့ profile ပုံကို ဒေါင်းလုပ်ဆွဲယူပြီး အကြံအဖန်ပိုစ့်တွေ၊ မကောင်းသတင်းတွေရေးတာမျိုးတွေ၊ နာမည်ကြီးလာအောင် လုပ်ယူတာတွေ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ လုပ်ယူလာကြပါတယ်။ အဲ့ဒီလိုမျိုးလုပ်ရပ်တွေကြောင့် Facebook ကနေ Profile ပုံကို ဒေါင်းလုပ်ဆွဲလို့မရအောင် လုပ်နိုင်မယ့် Feature တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ ဒီလုပ်ဆောင်ချက်ကို အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီး Profile Image ကို ဒေါင်းလုပ်ဆွဲခြင်း၊ Sharing လုပ်ခြင်း နှင့် အကြောင်းအမျိုးမျိုးဖြင့် Profile ပုံကို အသုံးပြုခြင်းတို့ကို ကာကွယ်ပေးနိုင်မယ့် Protection Feature ကို… Continue reading Facebook မှ Profile Image အား ခိုးယူခြင်းမှ ကာကွယ်နိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်း

Facebook Group ထဲတွင် အွန်လိုင်းသင်ခန်းစာများ ပို့ချနိုင်မည့် လုပ်ဆောင်ချက် စမ်းသပ်

Facebook ဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို တစ်ဖြည်းဖြည်းမြှင့်တင်လာပြီး ကမ္ဘာပေါ်မှာ ရနိုင်တဲ့ ဝန်ဆောင်မှုအမျိုးအစားအားလုံးကို ထည့်သွင်းဖို့ ကြံစည်နေတယ်လို့ ပြောလို့ရပါတယ်။ ယခုလည်း အွန်လိုင်း သင်ခန်းစာပို့ချနိုင်မယ့် လုပ်ဆောင်ချက်ကို စမ်းသပ်နေပြီး နိုင်ငံတိုင်းမှာ အသုံးပြုခွင့်ရအုံးမှာတော့ မဟုတ်ပါဘူး။ အဆိုပါ အွန်လိုင်းသင်ခန်းစာ ပို့ချခြင်းကို Facebook Group အတွင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပြီး သင်ခန်းစာများကို Group မှာ ခန့်အပ်ထားတဲ့ Admin နဲ့ ဆရာတွေက ဖန်တီးသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Facebook ဟာ E-Learning လောကထဲအထိ ဝင်ရောက်လာပြီ ဖြစ်သလို တစ်ချိန်မှာ Killer App အဖြစ်ရပ်တည်ဖို့ ကြိုးစားနေပါတယ်။ ခန့်မှန်းျချက်များအရတော့ သိပ်မကြာခင်မှာ Facebook ပေါ်မှာ သင်ခန်းစာတွေကို အခမဲ့ သင်ကြားခြင်း၊ အခပေးဖြင့်… Continue reading Facebook Group ထဲတွင် အွန်လိုင်းသင်ခန်းစာများ ပို့ချနိုင်မည့် လုပ်ဆောင်ချက် စမ်းသပ်

Facebook မှ သတင်းတုများနှင့် အကြံအဖန်ပိုစ့်များအား စစ်ဆေးဖျက်ချနိုင်မည့် လုပ်ဆောင်ချက်ထည့်သွင်း

Facebook ကနေ သတင်းတုများ၊ အကြံအဖန်ပိုစ့်များ၊ ပုံများကို စစ်ဆေးနိုင်မည့် လုပ်ဆောင်ချက်အား ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။ ထို့အပြင် Facebook Page Admin များအနေဖြင့် website link များထည့်သွင်းရာတွင် ယခင်ကဲ့သို့ Feature Image များ၊ စာသားများကို Facebook Page ပေါ်တွင် edit လုပ်ခွင့်ကို ပိတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သတင်းတုများ၊ အကြံအဖန်ပိုစ့်များကို ဖန်တီး၍ ဝင်ငွေရှာနေသော Publisher များကို ဖယ်ထုတ်ရန် Facebook မှ ကြိုးစားဖန်တီးနေခြင်းဖြစ်ပြီး Facebook ၏ စည်းမျဉ်းဥပဒေကို ကြပ်မတ်လိုက်ခြင်း ဖြစ်သည်။ မမှန်ကန်ဟု ယူဆရသော ပိုစ့်များကို Page အတွင်းမှ ဖယ်ထုတ်သွားမည်ဖြစ်ပြီး Like လုပ်ထားသူများအားလုံး မမြင်အောင် ဖုံးကွယ်လိုက်မည်ဟု ထုတ်ပြန်ထားသည်။… Continue reading Facebook မှ သတင်းတုများနှင့် အကြံအဖန်ပိုစ့်များအား စစ်ဆေးဖျက်ချနိုင်မည့် လုပ်ဆောင်ချက်ထည့်သွင်း

မမှန်ကန်သော အချက်အလက် လွှဲပြောင်းမှုအတွက် ဥရောပကော်မရှင်မှ Facebook အား ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၂၂ သန်း ချမှတ်

WhatsApp အား လွှဲပြောင်းယူရာတွင် မမှန်ကန်သော အချက်အလက်များ သို့မဟုတ် မှားယွင်းသည့် အချက်အလက်များ ပေးမှုအတွက် ဥရောပကော်မရှင်မှ Facebook အား အမေရိကန်ဒေါ်လာ ၁၂၂ သန်း ပြစ်ဒဏ်ငွေ ချမှတ်လိုက်သည်။ Facebook သည် ၂၀၁၄ ခုနှစ်၌ WhatsApp ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး Facebook မှ WhatsApp အား ဝယ်ယူခြင်းသည် လူမှုကွန်ရက်မီဒီယာများအား ထိခိုက်စေသည့် အကြောင်းမရှိကြောင်း ဆုံးဖြတ်ချက်ဖြင့် ဥရောပကော်မရှင်မှ ဝယ်ယူမှုကို ခွင့်ပြုပေးခဲ့သည်။ ၂၀၁၆ ခုနှစ်ကုန်ခါနီး ကာလပတ်တွင် WhatsApp နှင့် Facebook တို့နှစ်ခုအကြား အသုံးပြုသူများ၏ အချက်အလက်ဆိုင်ရာ စည်းမျဉ်းဥပဒေကို ပြုပြင်ရေးဆွဲခဲ့ပြီး ယခုအချိန်တွင် မမှန်ကန်သော အချက်အလက်များ လွှဲပြောင်းမှုအတွက် ဒဏ်ငွေရိုက်ခံရခြင်း… Continue reading မမှန်ကန်သော အချက်အလက် လွှဲပြောင်းမှုအတွက် ဥရောပကော်မရှင်မှ Facebook အား ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၂၂ သန်း ချမှတ်

ကြေငြာရှင်များ၏ အချက်အလက်များကို ချိုးဖောက်မိလို့ ဒဏ်ငွေဆောင်လိုက်ရတဲ့ Facebook

Facebook မှာ ကြေငြာရှင်များရဲ့ အချက်အလက်များကို ခိုးယူချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံမှာ ဒဏ်ငွေဆောင်လိုက်ရပါတယ်။ အကြောင်းရင်းကတော့ လုပ်ငန်းရှင်များရဲ့ အချက်အလက်များနဲ့ browser မှာ အသုံးပြုခဲ့တဲ့ history တွေကို cookie အသုံးပြုပြီး နောက်ယောက်ခံလိုက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် ပြင်သစ်နိုင်ငံရဲ့ အချက်အလက်နှင့် ကိုယ်ရေးကိုယ်တာ ကာကွယ်ခြင်း ဥပဒေဖြင့် ငြိစွန်းသွားပြီး Facebook အမြတ်ငွေရဲ့ ဝ.၀၀၂ ရာခိုင်နှုန်းကို ဒဏ်ကြေးဆောင်ဖို့ တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်။ ငွေကြေးအားဖြင့် ယူရို ၁သိန်းခွဲ ဆောင်ခဲ့ရပြီး Facebook အတွက်တော့ မများလှပါဘူး။ ထုတ်ပြန်ချက်များအရ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၄လ မှာ အမြတ်ငွေ ၈.၀၃ ဘီလီယံရှိပါတယ်။ ဒါကြောင့် ဒဏ်ငွေ ဝ.၀၀၂ ရာခိုင်နှုန်းဟာ… Continue reading ကြေငြာရှင်များ၏ အချက်အလက်များကို ချိုးဖောက်မိလို့ ဒဏ်ငွေဆောင်လိုက်ရတဲ့ Facebook

အရည်အသွေးနိမ့် စာများ၊ ကြေငြာများ၊ မီဒီယာများအား တင်ထားသည့် Website များကို Facebook News Feed စနစ်မှ ဖယ်ရှားရန် စီစဉ်

Facebook News Feed တွင် အရည်အသွေးနိမ့် စာများ၊ ကြေငြာများ လက်ခံထားသည့် website များအား ဖယ်ရှားမည် ဖြစ်ကြောင်း Facebook မှ ထုတ်ပြန်ကြေငြာလိုက်သည်။ ပိုစ့်များအား ကြည့်ရှုရန်အတွက် ထောက်လိုက်သည့် အခါ website အတွင်းသို့ ဝင်ရောက်သွားသော်လည်း အဆိုပါ website တွင် မဟုတ်မမှန် သတင်းများ၊ လိင်မှုကိစ္စနှင့်ပတ်သတ်သော ကြေငြာများ၊ Malware ပါသော ကြေငြာများ စသည့် အရည်အသွေးနိမ့် Content များ ရှိပါက Facebook News Feed စနစ်မှ ဖယ်ရှားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လုပ်ဆောင်ချက်အတွက် Website များကို ဆန်းစစ်ပေးနိုင်သော AI နည်းပညာထည့်သွင်းထားပြီး အရည်အသွေးနိမ့် content များကို Facebook… Continue reading အရည်အသွေးနိမ့် စာများ၊ ကြေငြာများ၊ မီဒီယာများအား တင်ထားသည့် Website များကို Facebook News Feed စနစ်မှ ဖယ်ရှားရန် စီစဉ်