ကိုယ်လုံးသွယ်သော မိန်းကလေးများအတွက် ဖက်ရှင်လမ်းညွှန်

ကိုယ်လုံးသွယ်တဲ့ မိန်းကလေးတွေဟာ ရင်သားသေးငယ်ပြီး ခန္ဓာကိုယ်အချိုးအစားက သေးတာကြောင့် အ၀တ်အစားဝတ်ဆင်ရာမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ အကြောင်းကတော့ ခေတ်ပေါ် Ready-Made အများစုက ကိုယ်လုံးသေးလွန်းသူတွေအတွက် အဆင်မပြေတတ်တာကြောင့်ပါ။ ဒါကြောင့် ကိုယ်လုံးသေးတဲ့ မိန်းကလေးတွေက ဖက်ရှင်ကျပြီးကြည့်ကောင်းစေဖို့် အကြံပြုလိုက်ပါတယ်။ အတွင်းခံအင်္ကျီ ကိုယ်လုံးသေးသွယ်ပြီး ရင်သားသေးတဲ့ မိန်းကလေးတွေအနေနဲ့ သေးငယ်တဲ့ ရင်သားတွေကို ကြီးသယောင်ထင်ရစေမယ့် အုံထူဘရာစီယာကို ၀တ်ဆင်ပါ။ ပုံသွင်းထားတဲ့ အခုအခံဘရာစီယာဟာ ရင်သားကို ပြည့်တင်းသယောင်ဖြစ်စေကါတယ်။ လူကသေးပြီး ရင်သားနေရာများ ချွန်ထွက်နေတာမျိုးမဖြစ်စေဖို့အတွက် စတုရန်းပုံထောင့်ကျတဲ့ ဘရာစီယာမျိုးဝတ်ဆင်သင့်ပါတယ်။ နှစ်ထပ်အင်္ကျီ တီရှပ်အင်္ကျီကို အရင်ဝတ်ဆင်ပြီး အပေါ်ကနေ မိန်းမဆန်တဲ့ လက်ပြတ်ကုတ်အင်္ကျီ၊ ခါးတိုကုတ်အင်္ကျီစတဲ့ အဆင်ဒီဇိုင်းဆန်းပြီး စတိုင်ကျတဲ့ အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ပေးပါ။ တခြားအင်္ကျီတွေ ၀တ်ရာမှာလည်း နှစ်ထပ်ဝတ်ဆင်ရတဲ့ အင်္ကျီတွေကို တတ်နိုင်သမျှရွေးဝတ်ပါ။ ဒါဟာ ပိန်သွယ်တယ်လို့မထင်ရစေပဲ ကြည့်ကောင်းစေလို့ပါ။… Continue reading ကိုယ်လုံးသွယ်သော မိန်းကလေးများအတွက် ဖက်ရှင်လမ်းညွှန်

အမျိုးသမီးတွေအတွက် ဆောင်းရာသီမှာ စတိုင်ကျစေမဲ့ ကုတ်အင်္ကျီပုံစံဘယ်လိုရွေးမလဲ

အေးမြတဲ့ ဆောင်းရာသီရောက်လို့ ကုတ်အင်္ကျီကို စတိုင်ကျအောင် ဝတ်ဆင်လိုသူတွေအတွက် သင့် ခန္ဓာကိုယ်ပုံစံနဲ့လိုက်ဖက်မဲ့ ကုတ်အကျင်္ီပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ချမ်းအေးတဲ့အချိန်မှာဆိုရင်လည်း သင့်အတွက်လိုက်ဖက်မဲ့ ကုတ်အင်္ကျီ တစ်ထည်ဟာ သင့်ကို စမတ်ကျကျလှပစေမှာပါ။ အနွေးထည် ပွပွကြီးတွေက နွေးထွေးစေပေမဲ့ ခန္ဓာကိုယ်အချိုးကျလှပဖို့ အထောက်အကူမပြုနိုင်ပါဘူး။ ရင်သားသေးငယ်သူတွေအတွက် ရင်သားသေးသူတွေဟာ ကုတ်အင်္ကျီခါးအရှည်ပဲဖြစ်ဖြစ်၊ အတိုပဲဖြစ်ဖြစ် ရွေးချယ်ချိန်မှာ ကော်လာနှစ်ထပ်ပါတာမျိုး၊ ဒါမှမဟုတ် လည်ပင်းကော်လာကြီးတာမျိုးတွေကို ရွေးချယ်ပါ။ အရောင်တွေပေါင်းစပ်ထားတဲ့ အင်္ကျီအမျိုးမျိုးကို ရွေးပါ။ ရင်ဘတ်နေရာမှာ ကြယ်သီးအကြီးကြီးတွေတတ်တာမျိုး၊ ပန်းပွင့်တွေပါတာမျိုး ရွေးဝယ်ပါ။ ခါးရှည်သွယ်လျသူ ခန္ဓာကိုယ် တစ်ဖြောင့်တည်းသွားပြီး ပိန်သွယ်သူတွေကတော့ ကုတ်အင်္ကျီရွေးချယ်ရာမှာ ခါးနေရာမှာ ခါးပတ် အစီး ပါတာမျိုးကို ရွေးချယ်ပါ။ ဒါမှ သင့်ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေတယ်လို့ ထင်ရစေပြီး စတိုင်ကျစေပါတယ်။ ဝပြီး ခါးနေရာတုတ်သူ ဝပြီး… Continue reading အမျိုးသမီးတွေအတွက် ဆောင်းရာသီမှာ စတိုင်ကျစေမဲ့ ကုတ်အင်္ကျီပုံစံဘယ်လိုရွေးမလဲ