ကလေးများ အဝမလွန်စေရန် နို့ဘူးမတိုက်သင့်

လမ်းလျှောက်တတ်စ သင့်ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိစေလိုပါသလား။ သူ့ကို နို့ဘူးမတိုက်ပါနဲ့။ အသက် ၂ နှစ်အရွယ်အထိ နို့ဘူးစို့တဲ့ ကလေးတွေက အဝလွန်နိုင်ခြေ ပိုများကြောင်း ကလေးကျန်းမာရေးဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ နို့ဘူးကို အဓိက စို့တဲ့ ဒါမှမဟုတ် အသက် ၂ နှစ်အရွယ်အထိ အိပ်ရာထဲမှာ နိုု့ဘူးစို့ကာ အိပ်လေ့ရှိတဲ့ကလေး ၂၃ရာခိုင်နူန်းနီးပါးဟာ အသက်ငါးနှစ်ခွဲအရွယ်ရောက်ချိန်မှာ အဝလွန်လာကြကြောင်း အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နို့ဘူးမစို့တဲ့ ကလေးတွေအနက် ၁၆ ရာခိုင်နူန်းကသာ ဒီအသက်အရွယ်မှာ အဝလွန်တတ်ကြပါတယ်။ ၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကလေးတွေကို လေ့လာခဲ့ရာ ၂ နှစ်အရွယ်အထိ နို့ဘူးစို့တဲ့ ကလေးတွေက အသက်ငါးနှစ် အရွယ်မှာ အဝလွန်နိုင်ခြေ ၃၀ ရာခိုင်နူန်းရှိတာကို တွေ့ခဲ့ရပါတယ်။ နို့ဘူးစို့တဲ့… Continue reading ကလေးများ အဝမလွန်စေရန် နို့ဘူးမတိုက်သင့်