မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ ကျွန်မတို့ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ မိန်းကလေးတိုင်းရဲ့ အလှတရားကို ထင်ရှားပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါပဲ။ သူငယ်ချင်းရဲ့ ကောက်ကြောင်းလေး အထင်းသားပေါ်လွင်စေဖို့ ရင်သားကလည်းပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို စိတ်ပူနေပါသလား သူငယ်ချင်း? အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက်တစ်သျူးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာဖတ်သူ သူငယ်ချင်းရဲ့ ရင်သားတွေဟာ တစ်သျူးတွေ လျော့ရဲလာတဲ့အခါ၊ တစ်သျူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်းလာတဲ့ အခါမျိုးတွေမှာ တွဲကျလာတတ်ပါတယ်။ မိန်းကလေးအများစုက ရင်သားတွဲကျလာတာကို မလိုလားကြသလို သူငယ်ချင်းရဲ့ boyfriend or partner ကလည်း နှစ်သက်မှာမဟုတ်ပါဘူး။ ရင်သားတွဲကျလာတာကို နို့သီးခေါင်းရဲ့ အနေအထား အပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန်အနေအထားထက်အနည်းငယ်… Continue reading မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

တစ်ချို့က ပျိုဖော်ဝင်စ မိန်းကလေးတွေဟာ ရင်သားတစ်စုံအနက် တစ်ဖက်ကတစ်ဖက်ထက် အရွယ်အစားပိုကြီးနေတာကြောင့် စိုးရိမ်စိတ်ဝင်နေတတ်ကြပါတယ်။ နှစ်ဖက်ပါရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေဟာ လုံးဝကြီး ထပ်တူညီလေ့မရှိကြပါဘူး။ အသေအချာတိုင်းကြည့်ပါက အနည်းငယ်ကွာဟနေတာကို တွေ့ရမှာပါ။ ဒါဟာ လူတိုင်းမှာ ဖြစ်တာကြောင့် မစိုးရိမ်ပါနဲ့။ အထူးသဖြင့် ပျိုဖော်ဝင်စအရွယ် ကြီးထွားမှုမြင့်မားတဲ့ကာလမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ဖက်က အခြားတစ်ဖက်ထက် ကြီးထွားမှုပိုမြန်ဆန်တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အရွယ်မညီဖြစ်နေတတ်ပါတယ်။  မိန်းကလေးတွေပျိုဖော်ဝင်ကာစအရွယ် ကနဦး လက္ခဏာရပ်က ရင်သားဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ မိန်းမဟော်မုန်းများများထွက်ရှိလာတာနဲ့အမျှ ရင်သားတွေကလည်း ကြီးထွားမှု အဆင့်ငါးအရ ဖွံ့ဖြိုးကြီးထွားလာကြပါတယ်။ အဲဒီလို ဖွံ့ဖြိုးလာတဲ့အခါမှာ တစ်ဖက်က အခြားတစ်ဖက်ထက်စောပြီး (တစ်ခါတစ်လေ ခြောက်လလောက်တောင် အချိန်ကွာဟပါတယ်) ဖွံ့ဖြိုးလာခြင်းက ရှားတဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။ နှစ်ဖက်အရွယ်မညီခြင်းက ရင်သားဖွံ့ဖြိုးလာတာနဲ့အမျှ အရွယ်မညီခြင်း လျော့သွားမှာပါ။ ရင်သားဟာ အသက် ၁၇-၁၈လောက်မှာ… Continue reading ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

သြစတြေးလျနိုင်ငံမှ ပညာရှင်များ၏ လေ့လာချက်အသစ်တစ်ရပ်အရ ရင်သားကင်ဆာရှိသော အမျိုးသမီးများတွင် လိင်မှုဆိုင်ရာပြဿနာများနှင့် ပို၍ကြုံတွေ့ရကြောင်း တွေ့ရှိရသည်ဟု မှတ်ချက်ချခဲ့သည်။ မဲလ်ဘုန်းမြို့၊ မိုနာတက္ကသိုလ် အမျိုးသမီးကျန်းမာရေးစီမံကိန်းဌာနမှ ပါမောက္ခများ ဖြစ်ကြသော ဆူဆန်ဒေးဗစ်နှင့် ရော်ဘင်ဘဲလ်တို့သည် ရင်သားကင်ဆာဖြစ်ပွားပြီး အသက်မသေသူ အမျိုးသမီးပေါင်း ၁ရဝဝကို သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် အမျိုးသမီး ၈၃ရာခိုင်နှုန်းသည် ၄င်းတို့၌ ရင်သားကင်ဆာဖြစ်ပွားကြောင်း မသိရှိရသေးခင်က လိင်ကိစ္စ၌ အဆင်ပြေခဲ့သည်ဟု ဆိုသည်။ ရင်သားကင်ဆာဖြစ်ပွားကြောင်း သိရှိရပြီးနောက် ၂နှစ်အတွင်း အမျိုးသမီး ရဝရာခိုင်နှုန်းသည် လိင်မှုကိစ္စနှင့် ပတ်သက်သော ပြဿနာများ ပေါ်ပေါက်ခဲ့သည်ဟု ဆိ်ုပါတယ်။ အမျိုးသမီးများတွင် ဟော်မုန်းက လှုံ့ဆော်ပေးနိုင်သော ရင်သားကင်ဆာရှိကြောင်း တွေ့ရှိရပြီး အီစထရိုဂျင်ဟော်မုန်းလျော့နည်းအောင် ကုသချက်ပေးခဲ့ရသောကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေဖြင့် လိင်မှုဆိုင်ရာ ပြဿနာများရဲ့အစဟာ ကင်ဆာရောဂါကုသမှု၏ ဘေးထွက်ဆိုးကျိုးများ… Continue reading ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

ဆယ်ကျော်သက် မိန်းကလေးတို့ သိထားရမယ့် ခန္ဓာကိုယ်ပြောင်းလဲမှုစနစ်

ကလေးဘဝကနေ အပျိုမလေးအဖြစ်အပြောင်းအလဲဟာ အပျိုဖော်ဝင်ချိန်မှ စတင်ပြီး ပထမဆုံးရာသီလာချိန်မှာ အဆုံးသတ်ပါတယ်။ အဲဒီလိုပြောင်းလဲသွားတာနဲ့ မိန်းကလေးအများစုမှာ မေးစရာ မေးခွန်းတွေရှိလာပါတယ်။ အဲဒီမေးခွန်းတွေကတော့ ဓမ္မတာစက်ဝန်းနဲ့ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ သန္ဓေတားခြင်း၊ ရင်သားများအကြောင်း၊ မိန်းမကိုယ်မှဆင်းသော အရည်များအကြောင်းနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်းဆိုပြီး ရှိနေပါတယ်။ ဒီတစ်ပတ်တော့ ကျွန်မက ဆန်းသစ်မြန်မာ စာဖတ်ပရိသတ်ကြီးကို ပြောပြမှာက အပျိုဖော်ဝင်ခြင်းအကြောင်း အမေးအဖြေဖြစ်ပါတယ်။ ဘယ်အချိန်မှာ အပျိုဖော်စဝင်တာလဲ မိန်းကလေးတွေ အပျိုဖော်ဝင်တာက ပျှမ်းမျှအားဖြင့် အသက်ရှစ်နှစ်နဲ့ ဆယ့်သုံးနှစ်ကြားအရွယ်မှာ စတင်တတ်ပြီး အပျိုဖော်စဝင်ပြီး အချိန်နှစ်နှစ်အတွင်းလောက်မှာ ရာသီမှန်မှန်လာတတ်ပါတယ်။ အပျိုဖော်ဝင်ချိန်မှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်တတ်သလဲ အပျိုဖော်ဝင်ချိန်မှာ မိန်းကလေးတစ်ယောက်ဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်အောင် ပြင်ဆင်တဲ့နည်းတွေနဲ့ ကြီးထွားဖွံ့ဖြိုးလာပါတယ်။ အပြောင်းအလဲတွေဟာ အဆင့်တွေအလိုက်ဖြစ်ပေါ်တတ်ပါတယ်။ -အရင်ဆုံးအနေနဲ့ မိန်းကလေးတေတွဟာ ရင်သားတွေ ဖွံ့ဖြိုးလာပါတယ်။ အစပိုင်းမှာောတ့… Continue reading ဆယ်ကျော်သက် မိန်းကလေးတို့ သိထားရမယ့် ခန္ဓာကိုယ်ပြောင်းလဲမှုစနစ်

ဓမ္မတာပုံမှန်မလာခြင်း ဘာကြောင့်ဖြစ်ရလဲ

ဓမ္မတာပုံမှန်လာနေကျ ပုံစံကနေ ဓမ္မတာ လာတာများလွန်းတာ ဒါမှမဟုတ် ဓမ္မတာလာချိန်မမှန်တာတွေ ဖြစ်သွားတာပါ။ ဓမ္မတာပုံမှန်မဖြစ်ခြင်းဟာ ဓမ္မတာစတင်လာခါစ ဒါမှမဟုတ် မီးယပ်သွေးဆုံးခါနည်း အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ ရောဂါကြာချိန်ကတော့ လအနည်းငယ်အတွင်း ပျောက်ကင်းသွားတတ်ပါတယ်။ ဒါမှမဟုတ် ဖြစ်လိုက်ပျောက်လိုက်နဲ့ နှစ်အနည်းငယ်ကြာတတ်ပါတယ်။ ဘာကြောင့် ဖြစ်သလဲ- ဟော်မုန်းမညီမျှတာကြောင့်ပါ။ နောက်ဆက်တွဲပြဿနာ- သွေးအားနည်းခြင်း ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ- ဓမ္မတာလာတဲ့ ပုံစံပြောင်းတာ သုံးလထက်ပိုကြာနေရင်၊ ကိုယ်ဝန်ဆောင်တာ ဒါမှမဟုတ် တခြားကျန်းမာရေးအခြေအနေကြောင့်လို့ ထင်ခဲ့ရင် သုံးလအထိမစောင့်ပဲ ဆရာဝန်နဲ့ပြပါ။ ဆရာဝန်ဘာလုပ်ပေးမလဲ- မီးယပ်ရောဂါရှိမရှိ သားအိမ်တွင်းစစ်ဆေးပေးတာ၊ သားအိမ်ခေါင်းစစ်တာ၊ သွေးစစ်တာတွေကို ပြုလုပ်ပါတယ်။ ဟော်မုန်းကြောင့်လို့ ထင်ရင် သန္ဓေတာဆေး ဒါမှမဟုတ် ဟော်မုန်းဆေးတွေပေးပါမယ်။ ဘယ်လိုကာကွယ်မလဲ- ကာကွယ်လို့မရပါ။ ရောဂါအခြေအနေ- ယာယီပြဿနာဖြစ်ပြီး ကုသမှုမခံယူပဲ ပျောက်ကင်းသွားတတ်ပါတယ် Zawgyi Font :… Continue reading ဓမ္မတာပုံမှန်မလာခြင်း ဘာကြောင့်ဖြစ်ရလဲ

အမျိုးသမီးများကို စွမ်းအားတိုးစေမယ့် အစားအစာများ

ငှက်ပျောသီး ငှက်ပျောသီးကို စွမ်းအားတိုးစေတဲ့ အကောင်းဆုံးအစားအစာလို့ဆိုလိုက်ရင် မှားမယ်မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီအုပ်စု၊ ဘရိုမီလင်အင်ဇိုင်းတွေပါဝင်တာကြောင့် စွမ်းအားတွေကို တိုးပွားစေပါတယ်။ ထောပတ်သီး ထောပတ်သီးရဲ့ ပုံသဏ္ဌာန်က သူ့ထဲမှာ ပါဝင်တဲ့ အာနိသင်တွေကို ဖော်ပြနေပါတယ်။ ဗီတာမင်B6နဲ့ ပိုတက်ဆီယမ်တွေ ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးပါက သင့်စွမ်းအင်ကို တိုးပွားစေပြီး နိုးကြားတက်ကြွစေပါတယ်။ ငရုတ်သီး ငရုတ်သီးရဲ့ ပူစပ်တဲ့ သဘာဝက သင့်ခန္ဓာကိုယ်တွင်းမှာ အင််န်ဒေါ်ဖင်ဟော်မုန်းဓာတ်ကို ထွက်စေပြီး စွမ်းအားတွေကို တိုးပွားစေပါတယ်။ ကြက်ဥ ကြက်ဥမှာ မယုံနိုင်လောက်တဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။ ကြက်ဥဟာ မျိုးအောင်စေနိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုကိုသာမကပဲ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျော့ချပေးတဲ့ ဗီတာမင် B5၊ ဗီတာမင်B6တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ကန်စွန်းဥ ကန်စွန်းဥဟာ သင့်ကျန်းမာရေးအတွက် စားသုံးဖို့… Continue reading အမျိုးသမီးများကို စွမ်းအားတိုးစေမယ့် အစားအစာများ

မိန်းမကိုယ် ကျန်းမာရေးအတွက် အမျိုးသမီးတိုင်း လိုက်နာသင့်သော အချက်များ

ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ် ယားယံခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတာတွေနဲ့ ကင်းဝေးနေစေဖို့ရာအတွက် အောက်ပါ နည်းလမ်းတွေကို လေ့လာပြီး လိုက်နာကျင့်သုံးကြည့်ပါလို့ အကြံပေးပါရစေလားရှင်။ အဝတ်အစားနှင့် သန့်ရှင်းမှု ချည်သားနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။ တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီကို မဝတ်ပါနှင့်။ ကျပ်လွန်းတဲ့ ဘောင်းဘီရှည်၊ စကတ်အစား သက်သောင့်သက်သာရှိစေဖို့ ဘောင်းဘီရှည်၊ စကတ်တို့ကို ဝတ်ဆင်ပါ။ စိုစွတ်နေတဲ့ ရေကူးဝတ်စုံနဲ့ အားကစားဝတ်စုံတို့ကို ချက်ချင်းလဲပါ။ အတွင်းခံဘောင်းဘီတွေကို လျော်ဖွတ်တဲ့အခါ စင်ကြယ်အောင် ရေနဲ့ သေချာဆေးကြောပါ။ ရေကို သေချာညှစ်ပြီး နေပူပူမှာ လှန်းပါ။ ခြောက်သွေ့သွားတဲ့အခါ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းရေး အိမ်သာသွားပြီး ရေဆေးသန့်စင်ပြီးတဲ့အခါတိုင်း နူးညံ့ပြီး အနံ့မပါတဲ့ အဖြူရောင် အိမ်သာသုံးစက္ကူနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။ မိန်းမကိုယ်… Continue reading မိန်းမကိုယ် ကျန်းမာရေးအတွက် အမျိုးသမီးတိုင်း လိုက်နာသင့်သော အချက်များ

မင်္ဂလာဦးညတွင် မိန်းကလေးများ အပျိုစစ်ကြောင်း သက်သေပြနိုင်ရန် ခွဲစိတ်ကုသမှုခံယူနိုင်

ဗြိတိန်အမျိုးသားကျန်းမာရေးဌာန၌ ၂၀၀၅ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း အပျိုမြှေးပြုပြင် အစားထိုးသူပေါင်း ၃၄၈ဦးရှိခဲ့သည်ဟုဆိုပါတယ်။ အမျိုးသမီးများ အပျိုပြန်ဖြစ်ရန်အတွက် အပျိုမြှေး(Hymen)ပြုပြင်မှုခံယူနိုင်ပြီး အမေရိကန်ဒေါ်လာ ၆ဝဝဝပေးရမည် ဖြစ်သော်လည်း ခွဲစိတ်ကုသမှုအစီအစဉ်မှာ နာရီဝက်ခန့်သာ ကြာမြင့် ပါတယ်။ သတို့သမီးအချို့ကတော့ အပျိုစင် စစ်စစ်ဖြစ်ကြောင်း သက်သေပြရန်အတွက်  လက်ထပ်ခြင်းမပြုမှီ အပျိုမြှေးပြုပြင်သည့်ခွဲစိတ်မှုကို ခံယူကြကြောင်းသိရသည်။ အချို့အမျိုးသမီးများတွင် မင်္ဂလာဦးည၌ သူတို့၏ ခင်ပွန်လောင်း သို့မဟုတ် ဆွေမျိုးများ၏ အပျိုစစ်စစ်ဖြစ်ကြောင်း သက်သေပြရန် ဖိအားပေးခံရသည်ဟု ဆိုသည်။ အပျိုမြှေးပြုပြင်သည့် ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်၌ အပျိုမြှေးကို ပြန်ချုပ်ခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်ယူခြင်း ပြုလုပ်ခဲ့သောကြောင့် မင်္ဂလာဦးညတွင် ပြန်လည်စုတ်ပြဲသွားပြီး သွေးထွက်ခြင်းဖြင့် အပျိုစစ်စစ်ဖြစ်ေကြောင်း သက်သေပြနိုင်သည်ဟုဆိုသည်။ တချို့အမျိုးသမီးများတွင် အပျိုမြှေးအား ပြန်လည်ပြုပြင်၍ မရတော့သောကြောင့် အပျိုမြှေးအတုဖြင့် အစားထိုးရသည်ဟုဆိုပါတယ်။ ယင်း၌ သွေးအိတ်တစ်ခု ထည့်သွင်းပြီး အမြှေးပါး… Continue reading မင်္ဂလာဦးညတွင် မိန်းကလေးများ အပျိုစစ်ကြောင်း သက်သေပြနိုင်ရန် ခွဲစိတ်ကုသမှုခံယူနိုင်

အစာလျော့စားတတ်တဲ့ မိန်းကလေးတွေ သတိထားဖို့

ဒီပိုစ့်က မိန်းကလေးတွေ အတွက်ဆိုရင် ပိုမှန်ပါမှာ။ ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးတွေမှာ အများအားဖြင့် အစာလျော့စား တဲ့အကျင့်ကို သီးသန့်လုပ်ယူတာမျိုး အရမ်းရှားပါတယ်။ မိန်းကလေးအတော်များများကတော့ ဝမှာကြောက်တယ်။ ကျစ်လစ်ကျော့ရှင်း တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုတာကြောင့် အစာလျော့စားတာမျိုး လုပ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ နည်းလမ်းအမှန်မဟုတ်ပါဘူး။ ကျစ်လစ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်ဆိုတာ ညှောင်နာနာခန္ဓာကိုယ်ကိုပြောတာမဟုတ်ပါဘူး။ မိန်းကလေးအတော်များများက ကြားဖူးနားဝ ရှိရုံနဲ့ အစာလျော့စားလိုက်ရင် ပိန်သွားမယ်ထင်နေကြပါတယ်။ လက်တွေ့မှာ ရောဂါဝေဒနာတွေကိုပါ ဖန်တီးပြီးသား ဖြစ်သွားတာကို သူတို့ကိုယ်တိုင် ချက်ချင်းသိလိုက်မှာမဟုတ်ပါဘူး။ အစာလျော့စားမှုလွန်ကဲခြင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ဒီနေ့ခေတ်မှာ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စ မိန်းကလေးအများစုဟာ ပိန်သွယ်လိုတာကြောင့် အစားအသောက်ကို အလွန်အမင်းလျော့စားတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ဆယ်ကျော်သက် သမီးငယ်အစားလျော့လွန်ရာက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိရအောင် သတိထားနိုင်ဖို့က အစားလျော့နေတဲ့… Continue reading အစာလျော့စားတတ်တဲ့ မိန်းကလေးတွေ သတိထားဖို့

အမျိုးသမီးတို့၏လိင်ကိစ္စ ပြည့်ဝမှုကိုပြသသော လက္ခဏာ(၈)ချက်

လိင်ကိစ္စ လို့ဆိုလိုက်တာနဲ့ အောက်တန်းကျပြီးယုတ်ညံ့မှုလို့ ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ညအိပ်ရာဝင်တိုင်း သက်ပြင်းရှည်ချကာ စိတ်ဓါတ်ကျဆင်းနေကြတဲ့ အိမ်ထောင်ရှင်ပေါင်းများစွာ ရှိနေတယ်ဆိုတာတော့မမေ့ပါနဲ့။ ထို့အတူလင်စုံမယားဖက် ချစ်လျက်ပျော်ပါး စခန်းသွားကြတဲ့အခါမှာလည်း တစ်ဦးနဲ့တစ်ဦး အပေးအယူမမျှပဲ စိတ်သောက ရောက်နေကြသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ပြောရရင် လိင်ဆက်ဆံကြတဲ့ အမျိုးသီးတွေရဲ့၂၅%သာ လိင်စိတ်ဆန္ဒ ပြည့်ဝကြတယ်လိုဆိုပါတယ်။ ခက်တာက မိမိရဲ့လက်တွဲဖော်ဟာ စိတ်ဆန္ဒပြည့်ဝမှု ရှိမရှိ အမျိုးသားတွေက မသိနိုင်ကြတာပါပဲ။ အဲဒါကြောင့် အမျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒ ပြည့်ဝပြီးမြောက်ကြောင်း ပြသတဲ့ လျှို့ဝှက်ချက်လက္ခဏာ(၈)ချက်ကို အမျိုးသားတွေ သိထားစေဖို့ ဖေါ်ပြပေးလိုက်ပါတယ်။ (၁) ဗိုက်အောက်ပိုင်း စည်းချက်တကျ ကျုံ့ခြင်း( Rhythmic Contraction in the lower abdomen) (၂) တင်ပါးခပ်ဆတ်ဆတ် မြန်မြန်လှုပ်ခါခြင်း(Rapid and Spatic Hip Movement)… Continue reading အမျိုးသမီးတို့၏လိင်ကိစ္စ ပြည့်ဝမှုကိုပြသသော လက္ခဏာ(၈)ချက်