ဖင်လန်နိုင်ငံ Helsinki တွင် ဗလတောင့်တောင့်နဲ့ မျောက်တစ်ကောင်ကို တွေ့ရှိ

ဓာတ်ပုံဆရာတစ်ဦးဟာ ဖင်လန်နိုင်ငံ Helsinki ရှိ Korkeasaari တိရိစ္ဆာန်ဥယာဉ်သို့ သွားရောက်လည်ပတ်စဉ် ပုံ ထဲကအတိုင်း ဗလတောင့်တောင့်နဲ့ မျောက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ဓာတ်ပုံဆရာ Santeri Oksanen ဟာ အဆိုပါ မျောက်ကို တွေ့တဲ့အချိန်မှာ သူ့ရဲ့ မျက်စိကိုတောင် သူ မယုံကြည်ခဲ့ဘူးလို့ ပြောပါ တယ်။အဲဒီမျောက်နဲ့ အမျိုးတူတဲ့မျောက်တွေဟာ သူ့ကိုကြောက်တဲ့ ပုံစံနဲ့ သူ့နဘေးမှာ ဝိုင်းနေပြီး သူတစ်ကောင်တည်း သာ ဗလတောင့်တောင့်နဲ့ အကောင်ကြီးနေတာဖြစ်တယ်လို့ သိရပါတယ်။Santeri Oksanen က အဲဒီမျောက်ကို တွေ့ရ တာ ကာယဗလ ပြိုင်ပွဲဝင်တစ်ယောက်ကို တွေ့လိုက်ရသလိုပဲလို့ ပြောပါတယ်။ အဆိုပါမျောက် အမျိုးအစားတွေကို saki လို့ခေါ်ပြီး အထီးတွေကသာ မျက်နှာဖြူပြီး ဗလရှိပါတယ်။ အမတွေကတော့ မွဲတဲ့ အရောင်ရှိပါတယ်။… Continue reading ဖင်လန်နိုင်ငံ Helsinki တွင် ဗလတောင့်တောင့်နဲ့ မျောက်တစ်ကောင်ကို တွေ့ရှိ