အိပ်နေစဉ်မှာ ခန္ဓာကိုယ် အလေးချိန်ကျနိုင်မယ့် နည်းလမ်း ၅ သွယ်

ခန္ဓာကိုယ် အလေးချိန်လောျ့ချဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်သလိုပါဘဲ။ ဝိတ်မြန်မြန်ကျဖို့ဆိုရင်တော့ Gym ကစားတာ အသင့်တော်ဆုံး ဖြစ်ပေမယ့် ဖြည်းဖြည်းချင်း ချမယ်လို့ စဉ်းစားထားရင်တော့ အိပ်နေစဉ်အတွင်းမှာ အလေးချိန်လျော့ချတဲ့ နည်းလမ်းတွေ တောင် ရှိပါတယ်။ ၁။ အိပ်ယာဝင်ခါနီး ပရိုတင်းအနည်းငယ်စားပါ။ သာမန်အား့ဖြင့် စဉ်းစားမယ်ဆိုရင်တော့ အိပ်ခါနီး အစာစားတာဟာ အလေးချိန်ပိုတက်စေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဆိုဒီယမ် ဓာတ်ပါတဲ့ အစာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ ချောကလက် ဖျော်ရည်မျိုးကို အိပ်ယာမဝင်ခင် သောက်သုံးခြင်းက ခန္ဓာကိုယ် အလေးချိန်ကို လျော့ချရမှာ အသုံးဝင်ပါတယ်။ ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ် ရဲ့ သုတေသန စမ်းသပ်မှုများအရ အိပ်ယာမဝင်ခင် ပရိုတင်း ၃၀ ဂရမ် စားသုံးပေးခြင်းက နောက်တစ်နေ့မနက်မှာ အဆီတွေကို လောင်ကျွမ်းဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။… Continue reading အိပ်နေစဉ်မှာ ခန္ဓာကိုယ် အလေးချိန်ကျနိုင်မယ့် နည်းလမ်း ၅ သွယ်

Youtube ပေါ်က နာမည်ကြီး ခန္ဓာကိုယ် အလှမယ် Jen Selter ရဲ့ တင်ပါးလေ့ကျင့်ခန်း

လူတစ်ယောက်ရဲ့ဘဝမှာ ထင်ပေါ်ကျော်ကြားမှုဆိုတာ ဘယ်တော့မှ လွယ်လွယ်နဲ့မရနိုင်ပါဘူး။ ဒီအထဲမှာ  အင်တာနက်ပေါ်မှာ သူမရဲ့ တင်ပါးအလှကြောင့် နာမည်ကြီးခဲ့တဲ့ အမေရိကန်နယူးယောက်မြို့သူ Jen Selter လည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ၁၉၉၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး အရပ်က ၅ပေ ၆ လက်မရှိပါတယ်။ သူမရဲ့ တင်ပါးတွေအခုလိုလှပလာဖို့ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာ တစ်မိနစ်လောက်ရှုစားကြည့်လိုက်ပါ။ ဒီလောကမှာ’ No pain ,no gain’ပါပဲ။ အဓိကတော့ Jen Selter ပြတဲ့အတိုင်း မှန်မှန်ကန်ကန်နဲ့ ကစားချိန်ပြည့်မယ်ဆိုရင် သင့်ရဲ့ တင်ပါးအလှကတော့ Jen Selter လိုဖြစ်လာမှာပါ။ ဗီဒီယိုသာကြည့်ပြီး လိုက်မကစားဖြစ်ဘူးဆိုရင်တော့ အလကားပါဘဲ။ Zawgyi Font : Youtube ပေါ်က နာမည်ကြီး ခန္ဓာကိုယ် အလှမယ် Jen Selter ရဲ့ တင်ပါးလေ့ကျင့်ခန်း လူတစ်ယောက်ရဲ့ဘ၀မှာ… Continue reading Youtube ပေါ်က နာမည်ကြီး ခန္ဓာကိုယ် အလှမယ် Jen Selter ရဲ့ တင်ပါးလေ့ကျင့်ခန်း

သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်

လေးလွန်းတဲ့ အလေးတုံးတွေကို မပြီး ကြွက်သားသန်စွမ်းအောင် မလုပ်နိုင်ဘူးဆိုရင်ပူပန်နေဖို့ မလိုတော့ပါဘူး။ သေးငယ်တဲ့ အလေးပြားတွေကို မပြီး ကြွက်သား ထုထည်ကို အားကောင်းအောင် တည်ဆောက်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ ကြွက်သားတွေ တည်ဆောက်ရာမှာ ပေါ့ပါးတဲ့ အလေးတုံးကို သုံးပြီး မ တာ၊ တစ်လီတာဝင်ရေသန့်ဘူးကို မ တာ စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးရုံနဲ့တင် ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။ “လေးလံလွန်းတဲ့ အတုံးတွေကို မဖို့မဖြစ်နိုင်ရင် ပေါ့ပါးတဲ့ အလေးတုံးတွေကို နောက်ထပ် မ မနိုင်တော့တဲ့အထိ ၊ ကြွက်သားတွေ ညောင်းညာတဲ့အထိ ထပ်ခါထပ်ခါ သယ်,မပေးမယ်ဆိုရင် ကြွက်သားတွေကို သန်စွမ်းစေတယ်လို့” လေ့လာသူတစ်ဦး ဖြစ်တဲ့ Stuart Phillips က ဆိုပါတယ်။ ကြွက်သားတွေ ကြီးထွား သန်မာစေတယ်ဆိုတာက ကြွက်သားအသစ်တွေ… Continue reading သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်