မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွား

ကျွန်းကြီးလေးကျွန်းဖြင့် ဖွဲ့စည်းထားတဲ့ ဂျပန်နိုင်ငံ၏ တောင်ပိုင်းအကျဆုံးဖြစ်သော ကျူရှူကျွန်းတွင် ဇူလိုင်လ ၅ရက်နေ့တွင် မှန်တိုင်းဒဏ်ကြောင့် ပုံမှန်မိုးရေချိန်ထက် နှစ်ဆခန့်ပိုပြီး မိုးရွာသွန်းခဲ့သဖြင့် မြစ်ရေ၊ ချောင်းရေများ လျှံတက်လာခဲ့ပြီး အရေးပေါ်အခြေအနေအထိ ဖြစ်ခဲ့ရပါတယ်။ ဇူလိုင်လ ၅ရက်နေ့က ၁၂နာရီ ကြာအောင်မိုးရွာခဲ့ပြီး မိုးရေချိန်လက်မ ၂၀ကျော်အထိရှိခဲ့ကြောင်း မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ယခုနောက်ဆုံးရရှိထားသော သတင်းအရ လူ၂ဦးထက်မနည်း သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး ၁၀ဦးခန့်အထိ ပျောက်ဆုံးနေကြောင်းနှင့် လူပေါင်းလေးသိန်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း အစိုးရ အရာရှိတစ်ဦး မှပြောပါတယ်။ ပျောက်ဆုံးနေသူများကို ရှာဖွေရန်နှင့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးဝန်ထမ်းများ အပြင် စစ်သားများပါ စုစုပေါင်း ၇၈၀၀ ကို တပ်ဖြန့်ထားကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ်… Continue reading မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွား