အမေရိကန်တွင် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်၊ လူသေဆုံးမှုများရှိ

အမေရိကန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပြီး လူနေအိမ်များ ရေမြုပ်ခြင်း၊ လမ်းများ ပျက်စီးခြင်းနဲ့ လူသေဆုံးမှုများဖြစ်ခဲ့တယ်လို့ CNN သတင်းဌာနမှ ထုတ်ပြန်ရေးသားထားပါတယ်။ သောကြာနေ့ နေ့လည်ခင်းအချိန်မှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အမေရိကန်ရဲ့ ပြည်နယ်အတော်များများမှာ ရေလွှမ်းမိုးမှုများ ဖြစ်ခဲ့ပါတယ်။ နယူးယောက်မြို့တော်အပါအဝင် အမေရိကန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ပြည်နယ်တွေမှာ ရေလွှမ်းမိုးမှု အကြီးအကျယ်ဖြစ်ခဲ့ပြီး အိမ်တွေပါ ရေအောက်သို့ နစ်မြုပ်ခဲ့တဲ့အထိ ရေကြီးခဲ့တာ ဖြစ်ပါတယ်။ မိုးများတာကြောင့် မြစ်ရေတက်မှု မြင့်တက်လာပြီး မြို့တော်အတွင်းထိ ရေတက်လာတာဖြစ်ပါတယ်။ အဆိုပါ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ဒါစင် ခန့် သေဆုံးတယ်လို့ လက်ရှိမှာ ထုတ်ပြန်ထားပြီး သေဆုံးမှု ဦးရေကိုတော့ အတိအကျထုတ်ပြန်ထားခြင်း မရှိပါဘူး။ လက်ရှိမှာ ကယ်ဆယ်ရေးအစီအစဉ်များဖြင့် လူများကို ကယ်ဆယ်လျက်ရှိပြီး ရေလွှမ်းမိုးမှုကတော့ မကျသေးပါဘူး။ နောက်တစ်ကြိမ် မိုးထပ်ရွာရင် ဒီထက်ပိုကြီးနိုင်ဖွယ်ရှိတယ်လို့… Continue reading အမေရိကန်တွင် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်၊ လူသေဆုံးမှုများရှိ