ဖလော်ရီဒါရှိ Lake Mary အထက်တန်းကျောင်းမှ ကျောင်းသူလေးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

မတ်လ ၁၃ရက်နေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၇နာရီ ၄၅မိနစ်ခန့်မှာ ဖလော်ရီဒါ ရှိ Lake Mary အထက်တန်း ကျောင်းမှ ကျောင်းသူလေးတစ်ဦးဟာ သူ့ကိုယ်သူ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။အသက်၁၇နှစ် အရွယ်သာရှိ သေး တဲ့ ကျောင်းသူလေးဟာ မနက် ၇နာရီ ၄၅မိနစ်ခန့်မှာ သူမရဲ့အတန်းပိုင် ဆရာမထံ သန့်စင်ခန်းသွားခွင့် တောင်းခဲ့တယ် လို့ သိရပါတယ်။ ဆရာမက ခွင့်ပြုပြီးနောက် ၅မိနစ်ခန့်အကြာမှာပဲ သေနတ်အသံကြားတဲ့ အတွက် ကျောင်းရှိ သူနာပြု တစ်ယောက်က သန့်စင်ခန်းသို့ ပြေးသွားခဲ့ရာ ရေချိုးကန်ထဲမှာ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့ ကျောင်းသူလေးကို တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။ သူနာပြုက ကျောင်းသူလေးရဲ့ အသက်ကို ကယ်ဖို့ကြိုးစားခဲ့ပေမယ့် မကယ်တင်နိုင်ခဲ့ဘူးလို့ သိရှိ ရပါတယ်။ Lake Mary အထက်တန်းကျောင်းဟာ… Continue reading ဖလော်ရီဒါရှိ Lake Mary အထက်တန်းကျောင်းမှ ကျောင်းသူလေးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား